Enterprise Knowledge Smartphone Smartphone Social Trending

Oppo Reno shark fin selfie camera ေလးကို မဲခြဲၾကည့္လုိက္တဲ့အခါ

Zawgyi Version

သံုးစြဲသူေတြအၾကိဳက္ျဖစ္ေစဖို႕အတြက္ စမတ္ဖုန္းလုပ္ငန္းေတြဟာ အနားသတ္ေဘာင္ေတြကို တတ္ႏုိင္သမွ်ဖယ္ထုတ္ေပးေနၾကပါတယ္။ ဒါေၾကာင့္လည္း notch လိုမ်ိဳးေတြ ထြက္လာတာေပ့ါ။ Oppo, Samsung နဲ႕ Vivo တို႕ကေတာ့ pop-up ကင္မရာေတြ သံုးထားပါတယ္။

pop-up ေတြကိုလုပ္ေဆာင္ၾကတဲ့အခါ လုပ္ငန္းတုိင္းကေတာ့ ဖန္တီးမႈျခင္းမတူညီၾကပါဘူး။ ဒါေပမယ့္လည္း ဒီဇိုင္းကာလာကေတာ့ ဆင္တူပါတယ္။ Oppo Reno ရဲ႕ ကင္မ၇ာေလးကေတာ့ ေထာင့္ခ်ိဳးပံုစံေလး ထြက္လာတာပါ။ တမူထူးျခားေနျပီးေတာ့ ျပိဳင္ဘက္ေတြထက္ ထူးျခားေနတာကို ျမင္ရပါတယ္။

ဒီေတာ့ Oppo Reno shark fin selfie camera ရဲ႕ ဖန္တစ္ေယာက္လားလို႕ စာဖတ္သူေတြကို ေမးၾကည့္ခ်င္ပါတယ္။ သူမ်ားေတြက ဘယ္လို ေျပာထားသလဲဆိုတာကို ၾကည့္လုိက္ရေအာင္။

ရလဒ္

website, Twitter, Facebook နဲ႕ YouTube ေပၚမွာ ေကာက္ၾကည့္္လိုက္ေတာ့ မဲအေရအတြက္ ၂ေသာင္း၃ေထာင္ကေန ၅၀%ေလာက္က ဆန္႕က်င္ထားၾကပါတယ္။ ေထာက္ခံတဲ့သူေတြကလည္း ဒီဇိုင္းေလးက တမူထူးျခားေနလို႕ ေထာက္ခံၾကတာပါ။

ကြန္္္မန္႕ေတြကို ဖတ္ၾကည့္လိုက္တဲ့အခ်ိန္မွာ ဒီဇုိင္းကို ဆန္႕က်င္တာမဟုတ္ဘဲ ေမာ္တာတပ္ထားတဲ့စနစ္ကို ဆန္႕က်င္ၾကတာျဖစ္ပါတယ္။ Samsung Galaxy Fold မွာလိုပဲ လႈပ္ရွားႏုိင္တဲ့အပိုင္းေတြက ထိခိုက္တာေတြ မ်ားတတ္ပါတယ္။ အေရွ႕ကင္မရာတစ္ခုလံုး အလုပ္မလုပ္ႏုိင္ေတာ့မွာ ေသမေလာက္ေၾကာက္ၾကတဲ့သူေတြလည္း ရွိေနပါတယ္။

ဖတ္ၾကည့္သင့္တဲ့ ကြန္မန္႕ေတြကိုလည္း တင္ျပေပးလုိက္ပါတယ္။

ကင္မရာထိုးထြက္ေနတဲ့အခ်ိန္မွာ အေပၚထိပ္ပုိင္းနဲ႕သာ ျပဳတ္က်လိုက္မယ္ဆိုရင္ ဘာျဖစ္မလဲ စိတ္ကူးၾကည့္လုိက္ပါလား။ လက္ရွိမွာက ေဘာင္နည္းဖို႕သာ အာရံုစုိက္ေနၾကတာေလ။ လက္ေတြ႕မွာ အက်ိဳးရွိေအာင္ မလုပ္ႏုိင္ၾကဘူး။ လုပ္ငန္းအေတာ္မ်ားမ်ားက ဖုန္းေတြကို ဖန္ရွင္နည္းေအာင္ လုပ္ေဆာင္ေနၾကသလိုျဖစ္ေနျပီ။

ဒီဇိုင္းေတာ့ၾကိဳက္ပါတယ္။ ဒါေပမယ့္လည္း မဲမေပးတာက face unlock လည္း စိတ္မခ်ရဘူး။ ေရစိုလည္းမခံဘူး။ notch ေတြ၊ hole punch ေတြမပါတာထက္ ေရစိုခံတာ၊ စတူရီယိုစပီကာေတြ၊ အေရွ႕ကင္မရာႏွစ္လံုး၊ 3D face mapping ေတြကို ပိုသေဘာက်တယ္။

ၾကည့္လို႕ေတာ့ေကာင္းတယ္။ ဒါေပမယ့္လည္း hole punch ေလးက ပိုေကာင္းမယ္ထင္တယ္။ သူက ေရစိုခံမွာ။

ၾကံ႕ခိုင္မႈကသာ အေရးကိစၥတစ္ခုျဖစ္မလာရင္ punch hole တို႕ ေရစက္ပံု ကင္မရာတို႕ထက္ ပိုၾကိဳက္မိမွာ။ ဒါေပမယ့္လည္း ေသခ်ာဂရုမစိုက္ရင္ ဆယ္လ္ဖီကင္မရာကို သံုးလို႕မရတဲ့အထိ ျဖစ္မွာေလ။ လူနည္းစုကသာ ဒီအခ်က္ကို သတိထားမိမယ္ထင္တယ္။ လူတုိင္းနီးပါးေလာက္က ထူးျခားတဲ့အခ်ိန္ေလးေတြကိုေတာ့ မွတ္တမ္းတင္ထားခ်င္ၾကမွာပါပဲ။

ဖုန္ေတြ၀င္ျပီး အထဲမွာက်ပ္ေနလို႕ အသြင္းအထုတ္မရေတာ့တဲ့အခ်ိန္ဆို ဘယ္လိုမ်ားျဖစ္ကုန္မွာလဲ။

မတူညီျခားနားတဲ့အရာေတြကို လူေတြက ဘာေၾကာင့္မ်ားမုန္းတီးတာလဲ။ အဆင္ေျပမယ္လုိ႕ထင္ပါတယ္။ ငါကေတာ့ ေျပာင္းလဲမႈကို ၾကိဳဆိုတယ္။

ဒီတစ္ပတ္ေတာ့ ဒီေလာက္ပါပဲ။ မဲေပးတဲ့သူေတြ၊ ကြန္မန္႕ေပးတဲ့သူေတြကို ေက်းဇူးတင္မိပါတယ္။ စာဖတ္သူရဲ႕ စိတ္ကူးကိုလည္း ေအာက္မွာေျပာသြားလို႕ရတယ္ေနာ္။

Unicode Version

သုံးစွဲသူတွေအကြိုက်ဖြစ်စေဖို့အတွက် စမတ်ဖုန်းလုပ်ငန်းတွေဟာ အနားသတ်ဘောင်တွေကို တတ်နိုင်သမျှဖယ်ထုတ်ပေးနေကြပါတယ်။ ဒါကြောင့်လည်း notch လိုမျိုးတွေ ထွက်လာတာပေ့ါ။ Oppo, Samsung နဲ့ Vivo တို့ကတော့ pop-up ကင်မရာတွေ သုံးထားပါတယ်။

pop-up တွေကိုလုပ်ဆောင်ကြတဲ့အခါ လုပ်ငန်းတိုင်းကတော့ ဖန်တီးမှုခြင်းမတူညီကြပါဘူး။ ဒါပေမယ့်လည်း ဒီဇိုင်းကာလာကတော့ ဆင်တူပါတယ်။ Oppo Reno ရဲ့ ကင်မရာလေးကတော့ ထောင့်ချိုးပုံစံလေး ထွက်လာတာပါ။ တမူထူးခြားနေပြီးတော့ ပြိုင်ဘက်တွေထက် ထူးခြားနေတာကို မြင်ရပါတယ်။

ဒီတော့ Oppo Reno shark fin selfie camera ရဲ့ ဖန်တစ်ယောက်လားလို့ စာဖတ်သူတွေကို မေးကြည့်ချင်ပါတယ်။ သူများတွေက ဘယ်လို ပြောထားသလဲဆိုတာကို ကြည့်လိုက်ရအောင်။

ရလဒ်

website, Twitter, Facebook နဲ့ YouTube ပေါ်မှာ ကောက်ကြည့်လိုက်တော့ မဲအရေအတွက် ၂သောင်း၃ထောင်ကနေ ၅၀%လောက်က ဆန့်ကျင်ထားကြပါတယ်။ ထောက်ခံတဲ့သူတွေကလည်း ဒီဇိုင်းလေးက တမူထူးခြားနေလို့ ထောက်ခံကြတာပါ။

ကွန်မန့်တွေကို ဖတ်ကြည့်လိုက်တဲ့အချိန်မှာ ဒီဇိုင်းကို ဆန့်ကျင်တာမဟုတ်ဘဲ မော်တာတပ်ထားတဲ့စနစ်ကို ဆန့်ကျင်ကြတာဖြစ်ပါတယ်။ Samsung Galaxy Fold မှာလိုပဲ လှုပ်ရှားနိုင်တဲ့အပိုင်းတွေက ထိခိုက်တာတွေ များတတ်ပါတယ်။ အရှေ့ကင်မရာတစ်ခုလုံး အလုပ်မလုပ်နိုင်တော့မှာ သေမလောက်ကြောက်ကြတဲ့သူတွေလည်း ရှိနေပါတယ်။

ဖတ်ကြည့်သင့်တဲ့ ကွန်မန့်တွေကိုလည်း တင်ပြပေးလိုက်ပါတယ်။

ကင်မရာထိုးထွက်နေတဲ့အချိန်မှာ အပေါ်ထိပ်ပိုင်းနဲ့သာ ပြုတ်ကျလိုက်မယ်ဆိုရင် ဘာဖြစ်မလဲ စိတ်ကူးကြည့်လိုက်ပါလား။ လက်ရှိမှာက ဘောင်နည်းဖို့သာ အာရုံစိုက်နေကြတာလေ။ လက်တွေ့မှာ အကျိုးရှိအောင် မလုပ်နိုင်ကြဘူး။ လုပ်ငန်းအတော်များများက ဖုန်းတွေကို ဖန်ရှင်နည်းအောင် လုပ်ဆောင်နေကြသလိုဖြစ်နေပြီ။

ဒီဇိုင်းတော့ကြိုက်ပါတယ်။ ဒါပေမယ့်လည်း မဲမပေးတာက face unlock လည်း စိတ်မချရဘူး။ ရေစိုလည်းမခံဘူး။ notch တွေ၊ hole punch တွေမပါတာထက် ရေစိုခံတာ၊ စတူရီယိုစပီကာတွေ၊ အရှေ့ကင်မရာနှစ်လုံး၊ 3D face mapping တွေကို ပိုသဘောကျတယ်။

ကြည့်လို့တော့ကောင်းတယ်။ ဒါပေမယ့်လည်း hole punch လေးက ပိုကောင်းမယ်ထင်တယ်။ သူက ရေစိုခံမှာ။

ကြံ့ခိုင်မှုကသာ အရေးကိစ္စတစ်ခုဖြစ်မလာရင် punch hole တို့ ရေစက်ပုံ ကင်မရာတို့ထက် ပိုကြိုက်မိမှာ။ ဒါပေမယ့်လည်း သေချာဂရုမစိုက်ရင် ဆယ်လ်ဖီကင်မရာကို သုံးလို့မရတဲ့အထိ ဖြစ်မှာလေ။ လူနည်းစုကသာ ဒီအချက်ကို သတိထားမိမယ်ထင်တယ်။ လူတိုင်းနီးပါးလောက်က ထူးခြားတဲ့အချိန်လေးတွေကိုတော့ မှတ်တမ်းတင်ထားချင်ကြမှာပါပဲ။

ဖုန်တွေဝင်ပြီး အထဲမှာကျပ်နေလို့ အသွင်းအထုတ်မရတော့တဲ့အချိန်ဆို ဘယ်လိုများဖြစ်ကုန်မှာလဲ။

မတူညီခြားနားတဲ့အရာတွေကို လူတွေက ဘာကြောင့်များမုန်းတီးတာလဲ။ အဆင်ပြေမယ်လို့ထင်ပါတယ်။ ငါကတော့ ပြောင်းလဲမှုကို ကြိုဆိုတယ်။

ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ။ မဲပေးတဲ့သူတွေ၊ ကွန်မန့်ပေးတဲ့သူတွေကို ကျေးဇူးတင်မိပါတယ်။ စာဖတ်သူရဲ့ စိတ်ကူးကိုလည်း အောက်မှာပြောသွားလို့ရတယ်နော်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.