iPad 2 ကို Vintage စာရင္းထည့္သြင္းေၾကာင္း ေၾကညာလုိက္တဲ့ Apple

0
342

Zawgyi Version

ေကာင္းပါတယ္။ ဒါေပမယ့္ iPad 2 ဆိုတာ အခုခ်ိန္မွာ ေဟာင္းေနျပီမလား။ Apple ရဲ႕ ေခတ္ေဟာင္းျပတုိက္မွာ သြင္းထားဖို႕ စာရင္း၀င္သင့္ေနျပီ။ ဧျပီ ၃၀ရက္ေန႕မွာ iPad 2 ရဲ႕ ေမာ္ဒယ္လ္အားလံုးကို ေျပာင္းလဲေတာ့မွာပါ။

Apple ရဲ႕ ေခတ္ေဟာင္းဆိုတာကေတာ့ ငါးႏွစ္ေက်ာ္ၾကာေနျပီျဖစ္တဲ့ ထုတ္ကုန္တုိင္းကို ဆိုလိုတာျဖစ္ပါတယ္။ iPad 2 ဟာ ၂၀၁၁ခုႏွစ္ မတ္လမွာ ျဖန္႕ခ်ိခဲ့တာျဖစ္ျပီး အခုအခ်ိန္မွာ အဲဒီစာရင္းထဲကို ၀င္ေနပါျပီ။ တစ္ခ်ိန္တစ္ခါတုန္းကေတာ့ တက္္ဘလက္အမုိက္စားတစ္လံုးျဖစ္ခဲ့ေပမယ့္လည္း ၂၀၁၄ခုႏွစ္ကတည္းက ဆက္မထုတ္ေတာ့တာပါ။

iPad 2 ေလးမွာ A5 CPU နဲ႕ ဒီေန႕ေခတ္နဲ႕ႏိႈင္းယွဥ္ရင္ နိမ့္က်ေနျပီျဖစ္တဲ့ display တို႕ကို ထည့္သြင္းေပးခဲ့ပါတယ္။ 132ppi နဲ႕ ၉.၇လက္မ မ်က္ႏွာျပင္ကို အသံုးျပဳထားပါတယ္။

iPad 2 ဟာ Apple Store ဒါမွမဟုတ္ Apple Authorized Service Provider ေတြဆီကို ယူသြားလို႕ေတာင္ မရေတာ့ပါဘူး။ ဆယ္စုႏွစ္နီးပါးေလာက္ၾကာျမင့္ေနတဲ့ iPad 2 ကိုင္ေဆာင္ထားသူေတြလည္း ရွိခ်င္ရွိေနဦးမွာပါ။

အသက္အရြယ္အရ အဲဒီ တက္ဘလက္ေလးဟာ 30-pin Apple Dock connector ေလးနဲ႕ပဲ အသံုးျပဳရတာျဖစ္ျပီး Lightning မပါ၀င္ေသးတဲ့အခ်ိန္ကထုတ္ထားတာပါ။ ဒီေကာင္ေလးေၾကာင့္ အသံုးျပဳရအဆင္မေျပျဖစ္ခဲ့တာလည္း မွတ္မိၾကဦးမယ္ထင္ပါတယ္။

ဒါေပမယ့္လည္းေပ့ါ ျခြင္းခ်က္ေတာ့ ရွိပါတယ္။ ကယ္လ္ဖိုးနီးယားနဲ႕ တာကီတို႕မွာေတာ့ iPad 2 ေလးေတြကို ၂၀၂၁ မတ္လအထိ ေဒသတြင္းဥပေဒအရ ၀န္ေဆာင္မႈေပးအပ္ဦးမွာပါ။ ဒါျပီးရင္ေတာ့ သက္တမ္းကုန္ပါျပီ။ ကၽြန္ေတာ္တုို႕အားလံုး သက္တမ္းကုန္သြားျပီဆိုတဲ့ ဆိုလိုရင္းကိုေတာ့ နားလည္ေလာက္ျပီထင္ပါတယ္။

Unicode Version

ကောင်းပါတယ်။ ဒါပေမယ့် iPad 2 ဆိုတာ အခုချိန်မှာ ဟောင်းနေပြီမလား။ Apple ရဲ့ ခေတ်ဟောင်းပြတိုက်မှာ သွင်းထားဖို့ စာရင်းဝင်သင့်နေပြီ။ ဧပြီ ၃၀ရက်နေ့မှာ iPad 2 ရဲ့ မော်ဒယ်လ်အားလုံးကို ပြောင်းလဲတော့မှာပါ။

Apple ရဲ့ ခေတ်ဟောင်းဆိုတာကတော့ ငါးနှစ်ကျော်ကြာနေပြီဖြစ်တဲ့ ထုတ်ကုန်တိုင်းကို ဆိုလိုတာဖြစ်ပါတယ်။ iPad 2 ဟာ ၂၀၁၁ခုနှစ် မတ်လမှာ ဖြန့်ချိခဲ့တာဖြစ်ပြီး အခုအချိန်မှာ အဲဒီစာရင်းထဲကို ဝင်နေပါပြီ။ တစ်ချိန်တစ်ခါတုန်းကတော့ တက်ဘလက်အမိုက်စားတစ်လုံးဖြစ်ခဲ့ပေမယ့်လည်း ၂၀၁၄ခုနှစ်ကတည်းက ဆက်မထုတ်တော့တာပါ။

iPad 2 လေးမှာ A5 CPU နဲ့ ဒီနေ့ခေတ်နဲ့နှိုင်းယှဉ်ရင် နိမ့်ကျနေပြီဖြစ်တဲ့ display တို့ကို ထည့်သွင်းပေးခဲ့ပါတယ်။ 132ppi နဲ့ ၉.၇လက်မ မျက်နှာပြင်ကို အသုံးပြုထားပါတယ်။

iPad 2 ဟာ Apple Store ဒါမှမဟုတ် Apple Authorized Service Provider တွေဆီကို ယူသွားလို့တောင် မရတော့ပါဘူး။ ဆယ်စုနှစ်နီးပါးလောက်ကြာမြင့်နေတဲ့ iPad 2 ကိုင်ဆောင်ထားသူတွေလည်း ရှိချင်ရှိနေဦးမှာပါ။

အသက်အရွယ်အရ အဲဒီ တက်ဘလက်လေးဟာ 30-pin Apple Dock connector လေးနဲ့ပဲ အသုံးပြုရတာဖြစ်ပြီး Lightning မပါဝင်သေးတဲ့အချိန်ကထုတ်ထားတာပါ။ ဒီကောင်လေးကြောင့် အသုံးပြုရအဆင်မပြေဖြစ်ခဲ့တာလည်း မှတ်မိကြဦးမယ်ထင်ပါတယ်။

ဒါပေမယ့်လည်းပေ့ါ ခြွင်းချက်တော့ ရှိပါတယ်။ ကယ်လ်ဖိုးနီးယားနဲ့ တာကီတို့မှာတော့ iPad 2 လေးတွေကို ၂၀၂၁ မတ်လအထိ ဒေသတွင်းဥပဒေအရ ဝန်ဆောင်မှုပေးအပ်ဦးမှာပါ။ ဒါပြီးရင်တော့ သက်တမ်းကုန်ပါပြီ။ ကျွန်တော်တို့အားလုံး သက်တမ်းကုန်သွားပြီဆိုတဲ့ ဆိုလိုရင်းကိုတော့ နားလည်လောက်ပြီထင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.