Gadget How-To Mobile Phone Tutorial Trending
AirPods ဘတ်ထရီစားနေသူများအတွက် နည်းလမ်းကောင်း
Zawgyi Versioin
Unicode Version
AirPods တွေဆိုတာ Apple ရဲ့ အကောင်းဆုံးထုတ်ကုန်ထဲက တစ်ခုဖြစ်ပါတယ်။ စပြီးတော့ မိတ်ဆက်တဲ့အချိန်ကတည်းက ဟန်ပြဆိုတာထက်ကို ပိုမိုတဲ့လုပ်ဆောင်ရည်တွေကို မြင်တွေ့ခဲ့ရပါတယ်။ AirPods ရဲ့ မျိုးဆက်သစ်တစ်ခုကို တွေ့မြင်ရပြန်ပါပြီ။ Apple ထုတ်နိုင်တာထက်ကို ပိုပြီးတော့ရောင်းချနေရပါတယ်။ ဒါပေမယ့်လည်း ပြီးပြည့်စုံနေတာမျိုးတော့ မဟုတ်ပါဘူး။ ဘတ်ထရီသက်တမ်းက အားနည်းချက်လေးတွေ ရှိနေတုန်းပါ။
AirPods ဘတ်ထရီတွေဟာ သီချင်းနားထောင်တာဖြစ်ဖြစ်၊ အစည်းအဝေးတွေမှာ ပြောဆိုတာဖြစ်ဖြစ် အေးဆေးသုံးလို့ရပါတယ်။ ဒါပေမယ့်လည်း အယ်လ်ဘမ်တစ်ခုကိုတောင် နားထောင်လို့အဆင်မပြေတော့ဘူးရင်တော့ ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လို့ရပါတယ်။
အားအပြည့်သွင်းကြည့်လိုက်ပါ။ AirPods ဘတ်ထရီလေးကို အားအကုန်သုံးကြည့်လိုက်ပါ။ power cycle လေးကိုကြည့်လိုက်ပါ။ မကြောက်ပါနဲ့။ လုပ်လို့ရတာလေးတွေ ရှိနေပါတယ်။
နောက်တစ်ဆင့်အနေနဲ့ AirPods လေးကို case ထဲမှာဖွင့်ခြင်းအားဖြင့် reset လုပ်လိုက်ပါ။ နောက်ပြီး case အနောက်မှာရှိတဲ့ pairing ခလုတ်လေးကို ဖိကိုင်ထားလိုက်ပါဦး။  ဆယ်စက္ကန့်လောက်ဆိုရင်တော့ reset ဖြစ်သွားမှာပါ။
ဒါမှ အလုပ်မဖြစ်သေးဘူးဆိုရင်လည်း iPhone or iPad ရဲ့ Bluetooth settings ကို သွားပြီးတော့ AirPods လေးကို forget လုပ်ပြီးမှ pair ကြည့်ပါ။ ကံကောင်းရင်တော့ တစ်ချက်ပါပဲ။
အဆင်မပြေဘူးလား။ ဒါဆိုရင်တော့ AirPods လေးကို Apple ဆီပြင်ဖို့ လဲဖို့ ပို့လိုက်ပါ။ Apple Care မရှိဘူး၊ warranty ပျက်တယ်ဆိုရင်တော့ အသစ်ဝယ်လိုက်ပါ။ ဈေးသက်သာတာ ရှာမနေပါနဲ့၊ ဘယ်လောက်ရှာရှာ တွေ့မှာမဟုတ်ပါဘူး။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.