AI နဲ႔ ဖန္တီးထားတဲ့ စက္ရုပ္ သတင္းေၾကညာသူ

0
10

ဥာဏ္ရည္တု နည္းပညာဟာ စမတ္ဖုန္းမ်ားနဲ႔ အီလက္ထေရာနစ္ ကိရိယာမ်ားစြာမွာ ပါ၀င္လာပါၿပီ။ အခုလည္း အဲဒီနည္းပညာနဲ႔ ဖန္တီးထားတဲ့ သတင္း ေၾကညာသူကို Russia ရဲ႕ ရုပ္သံလိုင္းတစ္ခု ျဖစ္တဲ့ Rossiya 24 က မိတ္ဆက္လိုက္ပါၿပီ။ စက္ရုပ္ရဲ႕ အမည္က Alex ျဖစ္ပါတယ္။ သူက နယူးကလီးယား နည္းပညာ၊ စီးပြားေရးနဲ႔ လယ္ယာစိုက္ပ်ိဳးေရး သတင္းမ်ား အပါအ၀င္ သတင္း က႑မ်ိဳးစံုကို တင္ဆက္ခဲ့ပါတယ္။

အဲလက္စ္ကို နည္းပညာ ကုမၸဏီ Promobot က ဖန္တီးထားတာပါ။ သူဟာ တကယ့္လူသားလိုပဲ မ်က္ႏွာ အမူအယာမ်ားနဲ႔ သတင္းေၾကညာႏုိင္ပါတယ္။ လက္ဟန္ပန္ အမူအယာမ်ားကို ျပဳလုပ္တတ္ေအာင္လည္း အနာဂတ္မွာ ျပဳလုပ္မယ္လို႔ တီထြင္သူမ်ားက ေျပာပါတယ္။ Promobot ရဲ႕ သူေဌးျဖစ္သူ Alexei Yuzhakov ရဲ႕ မ်က္ႏွာနဲ႔ တူေအာင္ အဲလက္စ္ကို ဖန္တီးထားတာပါ။ အဲဒီ စက္ရုပ္ သတင္းေၾကညာသူကို မွာယူမႈ ၁၂ ခု ရွိၿပီလို႔ သိရပါတယ္။

စတာလင္ေပါင္ ၁၂၀၀၀ ေလာက္ ကုန္က်တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ အဲလက္စ္ဟာ ကမာၻ႕ ပထမဆံုး စက္ရုပ္ သတင္းေၾကညာသူေတာ့ မဟုတ္ပါဘူး။ တရုတ္ရဲ႕ ဆင္ဟြာ သတင္းဌာနကလည္း စက္ရုပ္ သတင္းေၾကညာသူမ်ားကို ျပသခဲ့ၿပီးပါၿပီ။ တကယ့္ လူသား တစ္ေယာက္လိုပဲ သူက မ်က္ႏွာ အမူအယာမ်ား၊ ႏႈတ္ခမ္း လႈပ္ရွားမႈမ်ားကို ျပဳလုပ္နုိင္ပါတယ္။ သူ႔ရဲ႕ ေလယူ ေလသိမ္းနဲ႔ အသံမ်ားကို တကယ့္ သတင္း ေၾကညာသူ ျဖစ္တဲ့ Zhang Zhao နဲ႔ တူေအာင္ တုပဖန္တီးထားပါတယ္။

၂၀၁၇ ခုႏွစ္ကလည္း Australia ရဲ႕ ABC News Breakfast က ဆိုဖီယာ အမည္ရ သတင္း ေၾကညာသူကို ျပသခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္ကတည္းက ဂ်ပန္က စက္ရုပ္ သတင္းေၾကညာသူကို ျပသခဲ့ဖူးပါတယ္။

unicode

AI နဲ့ ဖန်တီးထားတဲ့ စက်ရုပ် သတင်းကြေညာသူ

ဉာဏ်ရည်တု နည်းပညာဟာ စမတ်ဖုန်းများနဲ့ အီလက်ထရောနစ် ကိရိယာများစွာမှာ ပါဝင်လာပါပြီ။ အခုလည်း အဲဒီနည်းပညာနဲ့ ဖန်တီးထားတဲ့ သတင်း ကြေညာသူကို Russia ရဲ့ ရုပ်သံလိုင်းတစ်ခု ဖြစ်တဲ့ Rossiya 24 က မိတ်ဆက်လိုက်ပါပြီ။ စက်ရုပ်ရဲ့ အမည်က Alex ဖြစ်ပါတယ်။ သူက နယူးကလီးယား နည်းပညာ၊ စီးပွားရေးနဲ့ လယ်ယာစိုက်ပျိုးရေး သတင်းများ အပါအဝင် သတင်း ကဏ္ဍမျိုးစုံကို တင်ဆက်ခဲ့ပါတယ်။

အဲလက်စ်ကို နည်းပညာ ကုမ္ပဏီ Promobot က ဖန်တီးထားတာပါ။ သူဟာ တကယ့်လူသားလိုပဲ မျက်နှာ အမူအယာများနဲ့ သတင်းကြေညာနိုင်ပါတယ်။ လက်ဟန်ပန် အမူအယာများကို ပြုလုပ်တတ်အောင်လည်း အနာဂတ်မှာ ပြုလုပ်မယ်လို့ တီထွင်သူများက ပြောပါတယ်။ Promobot ရဲ့ သူဌေးဖြစ်သူ Alexei Yuzhakov ရဲ့ မျက်နှာနဲ့ တူအောင် အဲလက်စ်ကို ဖန်တီးထားတာပါ။ အဲဒီ စက်ရုပ် သတင်းကြေညာသူကို မှာယူမှု ၁၂ ခု ရှိပြီလို့ သိရပါတယ်။

စတာလင်ပေါင် ၁၂၀၀၀ လောက် ကုန်ကျတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အဲလက်စ်ဟာ ကမ္ဘာ့ ပထမဆုံး စက်ရုပ် သတင်းကြေညာသူတော့ မဟုတ်ပါဘူး။ တရုတ်ရဲ့ ဆင်ဟွာ သတင်းဌာနကလည်း စက်ရုပ် သတင်းကြေညာသူများကို ပြသခဲ့ပြီးပါပြီ။ တကယ့် လူသား တစ်ယောက်လိုပဲ သူက မျက်နှာ အမူအယာများ၊ နှုတ်ခမ်း လှုပ်ရှားမှုများကို ပြုလုပ်နိုင်ပါတယ်။ သူ့ရဲ့ လေယူ လေသိမ်းနဲ့ အသံများကို တကယ့် သတင်း ကြေညာသူ ဖြစ်တဲ့ Zhang Zhao နဲ့ တူအောင် တုပဖန်တီးထားပါတယ်။

၂၀၁၇ ခုနှစ်ကလည်း Australia ရဲ့ ABC News Breakfast က ဆိုဖီယာ အမည်ရ သတင်း ကြေညာသူကို ပြသခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက ဂျပန်က စက်ရုပ် သတင်းကြေညာသူကို ပြသခဲ့ဖူးပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.