Enterprise Trending

ကမာၻလွည့္ ခရီးသည္မ်ား လည္ပတ္ႏုိင္မယ့္ တရုတ္ရဲ႕ အဂၤါၿဂိဳလ္အတု

တရုတ္က အာကာသ စီမံကိန္းမ်ားကို အရွိန္ျမွင့္ေနပါတယ္။ ဇန္န၀ါရီလမွာလည္း တရုတ္ အာကာသယာဥ္တစ္စီးဟာ လရဲ႕ အစြန္းဘက္ျခမ္းကို ပထမဆံုး အႀကိမ္ ဆင္းသက္ႏုိင္ခဲ့ပါတယ္။ တရုတ္က ၂၀၂၀ ခုႏွစ္မွာ အဂၤါၿဂိဳလ္ေပၚကို အာကာသယာဥ္ ေစလႊတ္ဖို႔ ျပင္ဆင္ေနပါတယ္။ အဂၤါၿဂိဳလ္မွာ စူးစမ္းေလ့လာေရးမ်ား ျပဳလုပ္မွာျဖစ္ပါတယ္။

အခုေတာ့ တရုတ္က Mars Base 1 Camp လို႔ အမည္ေပးထားတဲ့ အဂၤါၿဂိဳလ္အတုကို ဂန္စူးျပည္နယ္မွာ တည္ေဆာက္ထားပါတယ္။ ကမာၻလွည့္ ခရီးသည္မ်ား လည္ပတ္ႏုိင္ဖို႔ ရည္ရြယ္ထားပါတယ္။ ဒါ့အျပင္ အာကာသယာဥ္မွဴးမ်ား ေလ့က်င့္ေရးမ်ား ျပဳလုပ္ႏုိင္ဖို႔လည္း တရုတ္ အာကာသယာဥ္မွဴး စင္တာနဲ႔ ပူးေပါင္းထားပါတယ္။

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာ အမ်ားျပည္သူ ေလ့လာလို႔ရေအာင္ သူ႔ကို ဖြင့္လွစ္ေပးလိုက္ပါတယ္။ အခုေတာ့ တရုတ္ လူငယ္ ၁၀၀ ေလက္ဟာ အဲဒီမွာ ငါးနာရီၾကာ ေလ့လာခြင့္ရခဲ့ပါၿပီ။ အဲဒီ အေဆာက္အဦးမွာ သစ္ပင္မ်ား စိုက္ပ်ိဳးထားတဲ့ ဖန္လံုအိမ္၊ ေလထုဖိအား ေလွ်ာ့ခ်ေပးတဲ့ အခန္းမ်ား အပါအ၀င္ အခန္းမ်ားကို တစ္ခုနဲ႔ တစ္ခု ဆက္ထားပါတယ္။

သူဟာ အေမရိကန္ ေဘာလံုးကြင္းရဲ႕ ငါးပံုပံုတစ္ပံုေလာက္ က်ယ္၀န္းပါတယ္။ ဒီစီမံကိန္းအတြက္ ယြမ္ ၂.၅ ဘီလီယမ္ ရင္းႏွီးျမွပ္ႏွံမွာ ျဖစ္ၿပီး ၂၆ စတုရန္း မိုင္ တိုးခ်ဲ႕တည္ေဆာက္သြားမွာ ျဖစ္ပါတယ္။ ဂ်င္ခ်န္မွ အသက္ ၁၃ ႏွစ္အရြယ္ ေက်ာင္းသားတစ္ဦးက “ ဒီကိုလာရတာ အဂၤါၿဂိဳလ္ကို ေရာက္ေနရသလိုပါပဲ။ အရမ္းကို စိတ္လႈပ္ရွားရပါတယ္။ “ လို႔ ေျပာပါတယ္။

unicode

ကမ္ဘာလှည့် ခရီးသည်များ လည်ပတ်နိုင်မယ့် တရုတ်ရဲ့ အင်္ဂါဂြိုလ်အတု

တရုတ်က အာကာသ စီမံကိန်းများကို အရှိန်မြှင့်နေပါတယ်။ ဇန်နဝါရီလမှာလည်း တရုတ် အာကာသယာဉ်တစ်စီးဟာ လရဲ့ အစွန်းဘက်ခြမ်းကို ပထမဆုံး အကြိမ် ဆင်းသက်နိုင်ခဲ့ပါတယ်။ တရုတ်က ၂၀၂၀ ခုနှစ်မှာ အင်္ဂါဂြိုလ်ပေါ်ကို အာကာသယာဉ် စေလွှတ်ဖို့ ပြင်ဆင်နေပါတယ်။ အင်္ဂါဂြိုလ်မှာ စူးစမ်းလေ့လာရေးများ ပြုလုပ်မှာဖြစ်ပါတယ်။

အခုတော့ တရုတ်က Mars Base 1 Camp လို့ အမည်ပေးထားတဲ့ အင်္ဂါဂြိုလ်အတုကို ဂန်စူးပြည်နယ်မှာ တည်ဆောက်ထားပါတယ်။ ကမ္ဘာလှည့် ခရီးသည်များ လည်ပတ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် အာကာသယာဉ်မှူးများ လေ့ကျင့်ရေးများ ပြုလုပ်နိုင်ဖို့လည်း တရုတ် အာကာသယာဉ်မှူး စင်တာနဲ့ ပူးပေါင်းထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အများပြည်သူ လေ့လာလို့ရအောင် သူ့ကို ဖွင့်လှစ်ပေးလိုက်ပါတယ်။ အခုတော့ တရုတ် လူငယ် ၁၀၀ လေက်ဟာ အဲဒီမှာ ငါးနာရီကြာ လေ့လာခွင့်ရခဲ့ပါပြီ။ အဲဒီ အဆောက်အဦးမှာ သစ်ပင်များ စိုက်ပျိုးထားတဲ့ ဖန်လုံအိမ်၊ လေထုဖိအား လျှော့ချပေးတဲ့ အခန်းများ အပါအဝင် အခန်းများကို တစ်ခုနဲ့ တစ်ခု ဆက်ထားပါတယ်။

သူဟာ အမေရိကန် ဘောလုံးကွင်းရဲ့ ငါးပုံပုံတစ်ပုံလောက် ကျယ်ဝန်းပါတယ်။ ဒီစီမံကိန်းအတွက် ယွမ် ၂.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမှာ ဖြစ်ပြီး ၂၆ စတုရန်း မိုင် တိုးချဲ့တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဂျင်ချန်မှ အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးက “ ဒီကိုလာရတာ အင်္ဂါဂြိုလ်ကို ရောက်နေရသလိုပါပဲ။ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။ “ လို့ ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.