Gadget Trending

Apple Watch အသံုးျပဳျပီး Macs ကို ေလာ့ခ္ဖြင့္ျခင္းထက္ပိုတဲ့လုပ္ေဆာင္ခ်က္ေတြပါမယ့္ macOS 10.15

Zawgyi Version

Biometrics ကိုအေျခခံထားတဲ့ လံုျခံဳေရးစနစ္ေတြေၾကာင့္ လက္ေဗြလား မ်က္ႏွာနဲ႕လား ေရြးခ်ယ္စရာရွိိလာပါတယ္။ ဒါက ဒီေန႕ေခတ္ရဲ႕ ေရစီးေၾကာင္းတစ္ခုလို႕ေတာင္ ေျပာႏုိင္တဲ့အရာတစ္ခုပါ။ အထူးသျဖင့္ desktop ေတြနဲ႕ ေစ်းကြက္ထဲမွာ ေနရာရေနတဲ့ laptop အမ်ားစုေတြအတြက္လည္း မွန္ကန္တဲ့အခ်က္ပါ။ Apple ဟာ MacBooks အခ်ိဳ႕ကို Touch IDs တပ္ဆင္ေပးးထားေပမယ့္လည္း ထုတ္ထားတဲ့ပစၥည္းအေတာ္မ်ားမ်ားမွာေတာ့ လစ္လပ္ေနတုန္းပါပဲ၊ macOS 10.15 ေရာက္လာတဲ့အခ်ိန္မွာေတာ့ Apple Watch ေလးရွိရင္ အဆင္ေျပပါျပီ။

Apple Watch ဟာ Macs ေတြကို password မလုိဘဲဖြင့္ေပးႏိုင္ေနပါျပီ။ လံုျခံဳစိတ္ခ်ရတယ္လို႕ေတာ့မဟုတ္ေပမယ့္လည္း လံုျခံဳမႈနဲ႕ အသံုးျပဳရအဆင္ေျပမႈၾကားက အေျခအေနတစ္ခုကို ေပးစြမ္းႏိုင္ပါတယ္။ ေနာက္ျပီး Apple Watch ဟာ Apple Pay အတြက္လည္း အသံုးျပဳႏုိင္ေသးတယ္ဆိုေတာ့ Macs နဲ႕ ပတ္သတ္ျပီး အျခားအရာေတြ လုပ္ေဆာင္ႏုိင္ဖုို႕ ေမွ်ာ္လင့္လို႕ ရတယ္မလား။

လက္ရွိမွာ Touch ID ပါတဲ့ MacBooks သံုးစြဲသူေတြဟာ fingerprint scanner နဲ႕ အေတာ္မ်ား်ား လုပ္ေဆာင္ႏုိင္ပါတယ္။ သူဟာ username နဲ႕ password ေတြကို အလိုအေလ်ာက္ျဖည့္ေပးႏုိင္ျပီး sudo command အသံုးျပဳေနခ်ိန္မွာ Terminal ထဲမွာ အတည္ျပဳေပးႏုိင္တယ္။ Apple Pay transaction ေတြကိုလည္း လုပ္ေဆာင္ႏုိင္ပါတယ္။ Mac ကိုလည္း ေလာ့ခ္ဖြင့္ေပးႏုိင္ပါတယ္။

Apple Watch ဟာ လာမယ့္ macOS ထြက္ရွိအျပီးမွာ ဒီထက္ပိုျပီးလုပ္ေဆာင္ႏုိင္မယ္လုိ႕ မွန္းထားပါတယ္။ ဘယ္လိုမ်ိဳးလုပ္ေဆာင္ခ်က္ေတြ ျဖည့္ဆည္းႏုိင္မလဲဆိုတာကိုေတာ့ တပ္အပ္မေျပာႏုိင္ေသးပါဘူး။ Apple Pay authorization ကိုလုပ္ေဆာင္ႏုိင္ျပီဆိုေပမယ့္လည္း အျခားဘာလုပ္ႏုိင္ဦးမလဲဆိုတာ ေစာင့္ၾကည့္ဖို႕က်န္ေနပါေသးတယ္။

လံုျခံဳေရးနဲ႕ပတ္သတ္တဲ့ေမးခြန္းေတြရွိေနေပမယ့္လည္း Apple ကေတာ့ Apple Watch ကို တလြဲအသံုုးျပဳမႈေတြကေန ကာကြယ္ေအာင္ လုပ္ေဆာင္ေနတုန္းပါပဲ။ Mac ကို Apple Watch နဲ႕ ခ်ိတ္ဆက္ဖို႕အတြက္ passcode လိုအပ္မွာျဖစ္ျပီးေတာ့ smartwatch ေလးဟာလည္း အသက္ရွင္ေနတဲ့သူလက္မွာ ၀တ္ဆင္ထားဖို႕လိုအပ္ပါတယ္။ သံုးစြဲသူေတြအေနနဲ႕ လုပ္ေဆာင္ခ်က္ကို အတည္ျပဳေပးဖို႕ နာရီေလးကို ထိေပးရဦးမွာမို႕ သံုးစြဲသူေတြမသိလုိက္ဘဲ လုပ္ေဆာင္တာမ်ိဳးရွိမွာ မဟုတ္ေတာ့ပါဘူး။

Unicode Version

Biometrics ကိုအခြေခံထားတဲ့ လုံခြုံရေးစနစ်တွေကြောင့် လက်ဗွေလား မျက်နှာနဲ့လား ရွေးချယ်စရာရှိလာပါတယ်။ ဒါက ဒီနေ့ခေတ်ရဲ့ ရေစီးကြောင်းတစ်ခုလို့တောင် ပြောနိုင်တဲ့အရာတစ်ခုပါ။ အထူးသဖြင့် desktop တွေနဲ့ ဈေးကွက်ထဲမှာ နေရာရနေတဲ့ laptop အများစုတွေအတွက်လည်း မှန်ကန်တဲ့အချက်ပါ။ Apple ဟာ MacBooks အချို့ကို Touch IDs တပ်ဆင်ပေးးထားပေမယ့်လည်း ထုတ်ထားတဲ့ပစ္စည်းအတော်များများမှာတော့ လစ်လပ်နေတုန်းပါပဲ၊ macOS 10.15 ရောက်လာတဲ့အချိန်မှာတော့ Apple Watch လေးရှိရင် အဆင်ပြေပါပြီ။
Apple Watch ဟာ Macs တွေကို password မလိုဘဲဖွင့်ပေးနိုင်နေပါပြီ။ လုံခြုံစိတ်ချရတယ်လို့တော့မဟုတ်ပေမယ့်လည်း လုံခြုံမှုနဲ့ အသုံးပြုရအဆင်ပြေမှုကြားက အခြေအနေတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ နောက်ပြီး Apple Watch ဟာ Apple Pay အတွက်လည်း အသုံးပြုနိုင်သေးတယ်ဆိုတော့ Macs နဲ့ ပတ်သတ်ပြီး အခြားအရာတွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်လို့ ရတယ်မလား။
လက်ရှိမှာ Touch ID ပါတဲ့ MacBooks သုံးစွဲသူတွေဟာ fingerprint scanner နဲ့ အတော်များျား လုပ်ဆောင်နိုင်ပါတယ်။ သူဟာ username နဲ့ password တွေကို အလိုအလျောက်ဖြည့်ပေးနိုင်ပြီး sudo command အသုံးပြုနေချိန်မှာ Terminal ထဲမှာ အတည်ပြုပေးနိုင်တယ်။ Apple Pay transaction တွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ Mac ကိုလည်း လော့ခ်ဖွင့်ပေးနိုင်ပါတယ်။
Apple Watch ဟာ လာမယ့် macOS ထွက်ရှိအပြီးမှာ ဒီထက်ပိုပြီးလုပ်ဆောင်နိုင်မယ်လို့ မှန်းထားပါတယ်။ ဘယ်လိုမျိုးလုပ်ဆောင်ချက်တွေ ဖြည့်ဆည်းနိုင်မလဲဆိုတာကိုတော့ တပ်အပ်မပြောနိုင်သေးပါဘူး။ Apple Pay authorization ကိုလုပ်ဆောင်နိုင်ပြီဆိုပေမယ့်လည်း အခြားဘာလုပ်နိုင်ဦးမလဲဆိုတာ စောင့်ကြည့်ဖို့ကျန်နေပါသေးတယ်။
လုံခြုံရေးနဲ့ပတ်သတ်တဲ့မေးခွန်းတွေရှိနေပေမယ့်လည်း Apple ကတော့ Apple Watch ကို တလွဲအသုံးပြုမှုတွေကနေ ကာကွယ်အောင် လုပ်ဆောင်နေတုန်းပါပဲ။ Mac ကို Apple Watch နဲ့ ချိတ်ဆက်ဖို့အတွက် passcode လိုအပ်မှာဖြစ်ပြီးတော့ smartwatch လေးဟာလည်း အသက်ရှင်နေတဲ့သူလက်မှာ ဝတ်ဆင်ထားဖို့လိုအပ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ လုပ်ဆောင်ချက်ကို အတည်ပြုပေးဖို့ နာရီလေးကို ထိပေးရဦးမှာမို့ သုံးစွဲသူတွေမသိလိုက်ဘဲ လုပ်ဆောင်တာမျိုးရှိမှာ မဟုတ်တော့ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.