App/Game Enterprise Social Trending

ဥေရာပရဲ႕ Android သံုးစြဲသူေတြကို စိတ္ၾကိဳက္ browser ထည့္ခြင့္ေပးမယ့္ Google

Zawgyi Version

Android ဟာ သံုးစြဲသူေတြကို ေရြးခ်ယ္ခြင့္အျမဲေပးတယ္လုိ႕ Google က ဆိုပါတယ္။ ဒီအခ်က္ကို ေထာက္ခံေပးမယ့္လည္း သံုးစြဲသူအေတာ္မ်ားမ်ားကေတာ့ ဖုန္းေတြမွာ default ပါလာတဲ့အရာေတြကို ေျပာင္းလဲဖို႕အတြက္ စိတ္အားမထက္သန္ၾကပါဘူး။ Google ရဲ႕ ၾကိဳတင္သြင္းေပးလုိက္တဲ့  app နဲ႕ ၀န္ေဆာင္မႈေတြေၾကာင့္ ဥေရာပေကာ္မရွင္နဲ႕ တရားရင္ဆုိင္ခဲ့ရပါေသးတယ္။ ရွံဳးသြားတဲ့ေနာက္မွာေတာ့ Google ဟာ သူတို႕အၾကိဳက္ web browser ဒါမွမဟုတ္ search app ေလးကို သြင္းေပးဖို႕ update ထုတ္ရပါေတာ့တယ္။ Google ရဲ႕ ecosystem ကိုေတာ့ မဆြဲေဆာင္ေလာက္ဘူးလို႕ေတာ့ ထင္ရတာပဲ။

Android ေပၚမွာ browser ဒါမွမဟုတ္ search app ကို ေျပာင္းသြင္းရတာလြယ္ျပီးေတာ့ default ထားလို႕လည္း ရပါတယ္။ iOS ထက္လြယ္ပါတယ္။ ဒါေပမယ့္လည္း သံုးစြဲသူအေတာ္မ်ားမ်ားကေတာ့ ဒါကို မသိၾကပါဘူး။

Update ထြက္လာတဲ့အခ်ိန္မွာေတာ့ သံုးစြဲသူေတြအေနနဲ႕ search engine ၊ web browser ကို Google Play Store ဖြင့္လိုက္တဲ့အခ်ိန္မွာ ေရြးခ်ယ္္ခြင့္ရမယ့္ screen ေလးကို ျမင္ရေတာ့မွာပဲျဖစ္ပါတယ္။ အမ်ိဳးအစားတစ္ခုမွာ ငါးမ်ိဳးစီထည့္သြင္းေပးထားပါတယ္။ ဖုန္းထဲမွာရွိေနတဲ့အရာေလးေတြလည္း ပါ၀င္မွာပါ။ ဒါကေတာ့ app ရဲ႕ လူၾကိဳက္မ်ားမႈ ၊ random စနစ္အလိုက္ စီထားမွာပါ။

လူအခ်ိဳ႕ကေတာ့ Google Chrome web browser အတြက္ search engine ေလးကို ေျပာင္းႏုိင္တယ္ဆိုတာ သိၾကပါလိမ့္မယ္။ default search engine ကို ေျပာင္းခ်င္တယ္ဆိုုရင္ browser အသစ္ကိုပါေျပာင္းမလားဆိုတာလည္း ေရြးခ်ယ္ႏုိင္ဦးမွာပါ။

ဒီေျပာင္းလဲမႈေတြကေတာ့ လက္ရွိမွာ ဥေရာပသံုးစြဲသူေတြအတြက္ပဲ ကန္႕သတ္ထားျပီး လာမယ့္အပတ္မွာ ထြက္ရွိေပးမွာပါ။ Google ကေတာ့ အျခားေနရာေတြမွာ လုပ္ေပးဖို႕ေတာ့ အစီအစဥ္မရွိေလာက္ပါဘူး။

Unicode Version

Android ဟာ သုံးစွဲသူတွေကို ရွေးချယ်ခွင့်အမြဲပေးတယ်လို့ Google က ဆိုပါတယ်။ ဒီအချက်ကို ထောက်ခံပေးမယ့်လည်း သုံးစွဲသူအတော်များများကတော့ ဖုန်းတွေမှာ default ပါလာတဲ့အရာတွေကို ပြောင်းလဲဖို့အတွက် စိတ်အားမထက်သန်ကြပါဘူး။ Google ရဲ့ ကြိုတင်သွင်းပေးလိုက်တဲ့  app နဲ့ ဝန်ဆောင်မှုတွေကြောင့် ဥရောပကော်မရှင်နဲ့ တရားရင်ဆိုင်ခဲ့ရပါသေးတယ်။ ရှုံးသွားတဲ့နောက်မှာတော့ Google ဟာ သူတို့အကြိုက် web browser ဒါမှမဟုတ် search app လေးကို သွင်းပေးဖို့ update ထုတ်ရပါတော့တယ်။ Google ရဲ့ ecosystem ကိုတော့ မဆွဲဆောင်လောက်ဘူးလို့တော့ ထင်ရတာပဲ။

Android ပေါ်မှာ browser ဒါမှမဟုတ် search app ကို ပြောင်းသွင်းရတာလွယ်ပြီးတော့ default ထားလို့လည်း ရပါတယ်။ iOS ထက်လွယ်ပါတယ်။ ဒါပေမယ့်လည်း သုံးစွဲသူအတော်များများကတော့ ဒါကို မသိကြပါဘူး။

Update ထွက်လာတဲ့အချိန်မှာတော့ သုံးစွဲသူတွေအနေနဲ့ search engine ၊ web browser ကို Google Play Store ဖွင့်လိုက်တဲ့အချိန်မှာ ရွေးချယ်ခွင့်ရမယ့် screen လေးကို မြင်ရတော့မှာပဲဖြစ်ပါတယ်။ အမျိုးအစားတစ်ခုမှာ ငါးမျိုးစီထည့်သွင်းပေးထားပါတယ်။ ဖုန်းထဲမှာရှိနေတဲ့အရာလေးတွေလည်း ပါဝင်မှာပါ။ ဒါကတော့ app ရဲ့ လူကြိုက်များမှု ၊ random စနစ်အလိုက် စီထားမှာပါ။

လူအချို့ကတော့ Google Chrome web browser အတွက် search engine လေးကို ပြောင်းနိုင်တယ်ဆိုတာ သိကြပါလိမ့်မယ်။ default search engine ကို ပြောင်းချင်တယ်ဆိုရင် browser အသစ်ကိုပါပြောင်းမလားဆိုတာလည်း ရွေးချယ်နိုင်ဦးမှာပါ။

ဒီပြောင်းလဲမှုတွေကတော့ လက်ရှိမှာ ဥရောပသုံးစွဲသူတွေအတွက်ပဲ ကန့်သတ်ထားပြီး လာမယ့်အပတ်မှာ ထွက်ရှိပေးမှာပါ။ Google ကတော့ အခြားနေရာတွေမှာ လုပ်ပေးဖို့တော့ အစီအစဉ်မရှိလောက်ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.