ကိုယ္ၾကိဳက္တာျပသခြင့္ရွိမယ့္ display ပါ၀င္တဲ့ ေက်ာပိုးအိတ္နဲ႕ လက္ကိုင္အိတ္မ်ား

0
6

Zawgyi Version

ကိုယ္ၾကိဳက္တာျပသခြင့္ရွိမယ့္ display ပါ၀င္တဲ့ ေက်ာပိုးအိတ္နဲ႕ လက္ကိုင္အိတ္မ်ား

အီလက္ထေရာနစ္ကုန္ပစၥည္းေတြ ထုတ္လုပ္တဲ့လုပ္ငန္းၾကီးေတြဟဟာ screen ေတြကို ေကြးႏုိင္ေခါက္ႏုိင္ေအာင္ ဖန္တီးေနၾကပါတယ္။ ဖုန္း၊ တက္ဘလက္ေတြမွာ ထည့္သြင္းဖို႕ လုပ္ေဆာင္ေနၾကပါတယ္။ အခုဒီထက္ပိုျပီးေတာ့ ေနရာယူၾကေတာ့မွာပါ။

ျပီးခဲ့တဲ့ ၂၄နာရီတုန္းက ဆမ္ေဆာင္းရဲ႕ ေခါက္ခ်ိဳးဖုန္းေလးဟာ အေျခအေနမလွေၾကာင္း ေတြ႕ခဲ့ပါတယ္။ တစ္ေန႕တာအသံုးျပဳေနစဥ္မွာေတာင္ ကြဲသြားခဲ့တာပါ။ ဒီေတာ့ ဒီလိုမ်ိဳးပံုစံေတြ ထုတ္ၾကေတာ့မယ့္လုပ္ငန္းရွင္ေတြအေနနဲ႕လည္း ဒီျဖစ္ရပ္ကို ထည့္သြင္းစဥ္းစားဖို႕ လိုအပ္ေနပါျပီ။ Sony ကေတာ့ patent အသစ္ေလး တင္ထားပါတယ္။ ေက်ာပိုးအိတ္နဲ႕ လက္ကိုင္အိတ္ေတြမွာ တပ္ဆင္ႏုိင္တဲ့ display ပါ။

ဂုဏ္သေရရွိ လူၾကီးမင္းမ်ား ကၽြန္ေတာ္တို႕ဟာ ေကြးညြတ္ႏုိင္တဲ့ display ေတြေခတ္ကို ေရာက္ေနၾကပါျပီ။

Sony patent ေလးဟာ မတ္လအကုန္ေလာက္မွာ ထြက္ရွိလာတာျဖစ္ျပီးေတာ့ LetsGoDigital က စတင္ေတြ႕ရွိခဲ့တာပါ။ ေကြးညြတ္ႏုိင္တဲ့ display ပါ၀င္တဲ့ အိတ္တစ္လံုးလို႕ တင္ျပထားပါတယ္။ display ေလးဟာ e-reader ေတြမွာ ေတြ႕ရေလ့ရွိတဲ့ “electronic paper” screen မ်ိဳးကို အသံုးျပဳထားတာျဖစ္လို႕ ပါ၀ါစားသက္သာျပီးေတာ့ background lighting လည္း နည္းပါးပါတယ္။ ဒါ့အျပင္ LCD display ေတြထက္လည္း ပိုမိုပါးလႊာျပီး ေကြးညြတ္ႏုိင္ပါတယ္။

ဒီဇိုင္းအရ အိတ္ေလးဟာ ခလုတ္တစ္ခု ဒါမွမဟုတ္ slider ေလးနဲ႕ ေျပာင္းလဲႏုိင္မွာပါ။ display ေပၚမွာ ျပခ်င္တာကို သံုးစြဲသူက ေရြးခ်ယ္ခြင့္ရမယ့္သေဘာပါ။

Design ေလးမွာ “automatic” နဲ႕ “manual” mode ပါ၀င္မွာျဖစ္ပါတယ္။ display ကို ထိန္းခ်ဳပ္ဖို႕အတြက္ ေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။ screen ေလးဟာ အိတ္နဲ႕ ဆက္သြယ္ထားတဲ့အခါမွာ ျဖဳတ္တပ္ႏိုင္တဲ့ ပြိဳင့္ေလးေတြကို အသံုးျပဳထားပါတယ္။ ဒါေၾကာင့္ မၾကိဳက္ရင္ျဖဳတ္ႏုိင္ပါတယ္။

Display ပါတဲ့ အိတ္အျဖစ္နဲ႕ေတာ့ ပထမဆံုးေတြ႕ျမင္ရတာ မဟုတ္ေတာ့ပါဘူး။ မႏွစ္ကတုန္းက Pix backpack ဟာလည္း animated pattern ေလးေတြနဲ႕ ထြက္ခဲ့ဖူးပါတယ္။ Sony ကေတာ့ ဒါမ်ိဳးလုပ္ဖူးလား မေသခ်ာေပမယ့္လည္း flexible screen ေတြဟာ ေနရာတုိင္းကုိ အသံုးျပဳလာႏုိင္တယ္ဆိုတာ ကၽြန္ေတာ္တို႕ကို ခ်ျပလုိက္သလိုပါပဲ။

Unicode Verioin

ကိုယ်ကြိုက်တာပြသခွင့်ရှိမယ့် display ပါဝင်တဲ့ ကျောပိုးအိတ်နဲ့ လက်ကိုင်အိတ်များ

အီလက်ထရောနစ်ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့လုပ်ငန်းကြီးတွေဟဟာ screen တွေကို ကွေးနိုင်ခေါက်နိုင်အောင် ဖန်တီးနေကြပါတယ်။ ဖုန်း၊ တက်ဘလက်တွေမှာ ထည့်သွင်းဖို့ လုပ်ဆောင်နေကြပါတယ်။ အခုဒီထက်ပိုပြီးတော့ နေရာယူကြတော့မှာပါ။

ပြီးခဲ့တဲ့ ၂၄နာရီတုန်းက ဆမ်ဆောင်းရဲ့ ခေါက်ချိုးဖုန်းလေးဟာ အခြေအနေမလှကြောင်း တွေ့ခဲ့ပါတယ်။ တစ်နေ့တာအသုံးပြုနေစဉ်မှာတောင် ကွဲသွားခဲ့တာပါ။ ဒီတော့ ဒီလိုမျိုးပုံစံတွေ ထုတ်ကြတော့မယ့်လုပ်ငန်းရှင်တွေအနေနဲ့လည်း ဒီဖြစ်ရပ်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေပါပြီ။ Sony ကတော့ patent အသစ်လေး တင်ထားပါတယ်။ ကျောပိုးအိတ်နဲ့ လက်ကိုင်အိတ်တွေမှာ တပ်ဆင်နိုင်တဲ့ display ပါ။

ဂုဏ်သရေရှိ လူကြီးမင်းများ ကျွန်တော်တို့ဟာ ကွေးညွတ်နိုင်တဲ့ display တွေခေတ်ကို ရောက်နေကြပါပြီ။

Sony patent လေးဟာ မတ်လအကုန်လောက်မှာ ထွက်ရှိလာတာဖြစ်ပြီးတော့ LetsGoDigital က စတင်တွေ့ရှိခဲ့တာပါ။ ကွေးညွတ်နိုင်တဲ့ display ပါဝင်တဲ့ အိတ်တစ်လုံးလို့ တင်ပြထားပါတယ်။ display လေးဟာ e-reader တွေမှာ တွေ့ရလေ့ရှိတဲ့ “electronic paper” screen မျိုးကို အသုံးပြုထားတာဖြစ်လို့ ပါဝါစားသက်သာပြီးတော့ background lighting လည်း နည်းပါးပါတယ်။ ဒါ့အပြင် LCD display တွေထက်လည်း ပိုမိုပါးလွှာပြီး ကွေးညွတ်နိုင်ပါတယ်။

ဒီဇိုင်းအရ အိတ်လေးဟာ ခလုတ်တစ်ခု ဒါမှမဟုတ် slider လေးနဲ့ ပြောင်းလဲနိုင်မှာပါ။ display ပေါ်မှာ ပြချင်တာကို သုံးစွဲသူက ရွေးချယ်ခွင့်ရမယ့်သဘောပါ။

Design လေးမှာ “automatic” နဲ့ “manual” mode ပါဝင်မှာဖြစ်ပါတယ်။ display ကို ထိန်းချုပ်ဖို့အတွက် ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ screen လေးဟာ အိတ်နဲ့ ဆက်သွယ်ထားတဲ့အခါမှာ ဖြုတ်တပ်နိုင်တဲ့ ပွိုင့်လေးတွေကို အသုံးပြုထားပါတယ်။ ဒါကြောင့် မကြိုက်ရင်ဖြုတ်နိုင်ပါတယ်။

Display ပါတဲ့ အိတ်အဖြစ်နဲ့တော့ ပထမဆုံးတွေ့မြင်ရတာ မဟုတ်တော့ပါဘူး။ မနှစ်ကတုန်းက Pix backpack ဟာလည်း animated pattern လေးတွေနဲ့ ထွက်ခဲ့ဖူးပါတယ်။ Sony ကတော့ ဒါမျိုးလုပ်ဖူးလား မသေချာပေမယ့်လည်း flexible screen တွေဟာ နေရာတိုင်းကို အသုံးပြုလာနိုင်တယ်ဆိုတာ ကျွန်တော်တို့ကို ချပြလိုက်သလိုပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.