Uncategorized

Quote ေလးေတြကို မွ်ေ၀ေပးတဲ့၀န္ေဆာင္မႈကို ၀ယ္လုိက္တဲ့ တြစ္တာ

Zawgyi Version

Twitter ဟာ Highly (ေဆာင္းပါးေပၚက quote ေတြကို လူမႈကြန္ရက္ေပၚမွာ အလြယ္တကူ မွ်ေ၀ႏုိင္ေအာင္ လုပ္ေဆာင္ေပးေနတဲ့ ၀န္ေဆာင္မႈ) ကို ၀ယ္ယူလိုက္ပါတယ္။ Highly ဟာ သူ႕ရဲ႕ Slack နဲ႕ iOS app ေတြကို ဒီလထဲမွာ ပိတ္သိမ္းေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လက္ရွိသံုးစြဲေနသူေတြကေတာ့ ဆက္လက္အသံုးျပဳႏုိင္မွာပါ။ Highly ဟာ ၂၀၁၄ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ျပီးေတာ့ ဒီႏွစ္ေတြထဲမွာ လူၾကိဳက္မ်ားခဲ့ပါေသးတယ္။

Highly ဟာ သံုးစြဲသူေတြအၾကိဳက္ေတြ႕ေနတဲ့ quote ေလးကို ေရြးခ်ယ္ျပီးေတာ့ Twitter အပါအ၀င္ လူမႈကြန္ရက္ေတြေပၚမွာ တုိက္ရိုက္မွ်ေ၀ႏုိင္ေအာင္ လုပ္ေဆာင္ေပးထားပါတယ္။ quote ဆိုတာ ျမင္လိုက္ရသူတုိင္း စိတ္၀င္စားေအာင္ လုပ္ေဆာင္ေပးႏုိင္ပါတယ္။ ႏွိပ္လိုက္တာနဲ႕ ေဆာင္းပါးဆီကို ေရာက္လာမွာပဲျဖစ္ပါတယ္။

Twitter ကေတာ့ ဒီ၀န္ေဆာင္မႈေလးကို ၀ယ္ယူလိုက္ျပီျဖစ္တဲ့အေၾကာင္း ေျပာထားေပမယ့္လည္း ဘယ္လုိစီမံကိိန္းေတြရွိသလဲဆိုတာေတာ့ မေျပာထားပါဘူး။ ျဖစ္ႏုိင္တာကေတာ့ Twitter ထဲမွာ အဲဒီ feature ေလးကို ထည့္သြင္းခ်င္လို႕နဲ႕တူပါတယ္။ quote-sharing feature ထည့္လုိက္ျခင္းအားျဖင့္ publisher ေတြအတြက္လည္း engagement တက္လာႏုိင္ပါတယ္။

Highly ဟာ အခမဲ့သံုးစြဲႏိုင္တယ္ဆိုေပမယ့္ upgrade လုပ္လုိက္မယ္ဆုိရင္ေတာ့ unlisted ၊ secret highlights စတာေတြကို အသံုးျပဳႏုိင္မွာျဖစ္ျပီး အခေပးဗားရွင္းျဖစ္ပါတယ္။ အခေပးဗားရွင္းမွာေတာ့ ဧျပီ ၂၆ ရက္ေန႕မွာ ပိတ္သိမ္းမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အလားတူ၀န္ေဆာင္မႈကိုရွာဖို႕အတြက္ အခ်ိန္မေလာက္ႏုိင္ေတာ့ပါဘူး။

Highly ကေတာ့ ၀န္ေဆာင္မႈရဲ႕ ေျပာင္းလဲမႈေတြကို အီးေမးလ္မွတစ္ဆင့္ သံုးစြဲသူေတြကို ေျပာသြားမယ္လို႕ ေၾကညာထားပါတယ္။ ၀န္ေဆာင္မႈေကာင္းမြန္ခဲ့တာမို႕ Highly ဟာ အစားထိုးသံုးစရာမရွိေလာက္တဲ့အမ်ိဳးအစားထဲမွာ ပါ၀င္ေနပါတယ္။ သံုးစြဲသူေတြအေနနဲ႕ အစားထိုးခ်င္တယ္ဆိုရင္ေတာ့ Liner ၊ Quoter တို႕ကို စမ္းသံုးၾကည့္ေစခ်င္ပါတယ္။

Unicode Version

Twitter ဟာ Highly (ဆောင်းပါးပေါ်က quote တွေကို လူမှုကွန်ရက်ပေါ်မှာ အလွယ်တကူ မျှဝေနိုင်အောင် လုပ်ဆောင်ပေးနေတဲ့ ဝန်ဆောင်မှု) ကို ဝယ်ယူလိုက်ပါတယ်။ Highly ဟာ သူ့ရဲ့ Slack နဲ့ iOS app တွေကို ဒီလထဲမှာ ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိသုံးစွဲနေသူတွေကတော့ ဆက်လက်အသုံးပြုနိုင်မှာပါ။ Highly ဟာ ၂၀၁၄ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီးတော့ ဒီနှစ်တွေထဲမှာ လူကြိုက်များခဲ့ပါသေးတယ်။
Highly ဟာ သုံးစွဲသူတွေအကြိုက်တွေ့နေတဲ့ quote လေးကို ရွေးချယ်ပြီးတော့ Twitter အပါအဝင် လူမှုကွန်ရက်တွေပေါ်မှာ တိုက်ရိုက်မျှဝေနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ quote ဆိုတာ မြင်လိုက်ရသူတိုင်း စိတ်ဝင်စားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ နှိပ်လိုက်တာနဲ့ ဆောင်းပါးဆီကို ရောက်လာမှာပဲဖြစ်ပါတယ်။
Twitter ကတော့ ဒီဝန်ဆောင်မှုလေးကို ဝယ်ယူလိုက်ပြီဖြစ်တဲ့အကြောင်း ပြောထားပေမယ့်လည်း ဘယ်လိုစီမံကိန်းတွေရှိသလဲဆိုတာတော့ မပြောထားပါဘူး။ ဖြစ်နိုင်တာကတော့ Twitter ထဲမှာ အဲဒီ feature လေးကို ထည့်သွင်းချင်လို့နဲ့တူပါတယ်။ quote-sharing feature ထည့်လိုက်ခြင်းအားဖြင့် publisher တွေအတွက်လည်း engagement တက်လာနိုင်ပါတယ်။
Highly ဟာ အခမဲ့သုံးစွဲနိုင်တယ်ဆိုပေမယ့် upgrade လုပ်လိုက်မယ်ဆိုရင်တော့ unlisted ၊ secret highlights စတာတွေကို အသုံးပြုနိုင်မှာဖြစ်ပြီး အခပေးဗားရှင်းဖြစ်ပါတယ်။ အခပေးဗားရှင်းမှာတော့ ဧပြီ ၂၆ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်ပါတယ်။ ဒါကြောင့် အလားတူဝန်ဆောင်မှုကိုရှာဖို့အတွက် အချိန်မလောက်နိုင်တော့ပါဘူး။
Highly ကတော့ ဝန်ဆောင်မှုရဲ့ ပြောင်းလဲမှုတွေကို အီးမေးလ်မှတစ်ဆင့် သုံးစွဲသူတွေကို ပြောသွားမယ်လို့ ကြေညာထားပါတယ်။ ဝန်ဆောင်မှုကောင်းမွန်ခဲ့တာမို့ Highly ဟာ အစားထိုးသုံးစရာမရှိလောက်တဲ့အမျိုးအစားထဲမှာ ပါဝင်နေပါတယ်။ သုံးစွဲသူတွေအနေနဲ့ အစားထိုးချင်တယ်ဆိုရင်တော့ Liner ၊ Quoter တို့ကို စမ်းသုံးကြည့်စေချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.