0
14
unicode
Kissing ဆွဲရင် အလိုအလျှောက် ဆဲလ်ဖီး ရိုက်ပေးမယ့် Google Pixel 3
စမတ်ဖုန်းများမှာ ဉာဏ်ရည်တု နည်းပညာများ ပါလာကြပါပြီ။ အဲဒီ နည်းပညာဟာ ဓါတ်ပုံ ရိုက်ကူးရာမှာလည်း အလွန်ကို အစွမ်းထက်လာပါတယ်။ အခုတော့ Google က စုံတွဲတွေ ကစ်ဆင်ဆွဲတာကို သိရှိပြီး အလိုလို ဆဲလ်ဖီး ဆွဲပေးမယ့် လုပ်ဆောင်ချက်ပါတဲ့ Photobooth Mode ကို Pixel 3 မှာ ထည့်သွင်းပေးလိုက်ပါတယ်။
လက်ရှိမှာ Pixel 3 မှာသာ ထည့်ထားပေးပါတယ်။ Camera App Version 6.2 ကို ဒေါင်းလုပ်လုပ်ပြီး သင့် Pixel Device မှာ ထည့်သွင်း၍ သုံးလို့ ရ၊ မရ စမ်းသပ်နိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်က ဓါတ်ပုံ ရိုက်ဖို့ ခလုတ်နှိပ်စရာ မလိုတဲ့ အတွက် အလွန်ကို အဆင်ပြေပါတယ်။ အတွဲတွေ ရိုမန့်တစ်ဆန်ဆန် နမ်းနေတာကို အကောင်းဆုံး ဖမ်းယူပေးမှာပါ။
ဒါ့အပြင် ကင်မရာဟာ ငြိမ်နေပြီး လူတွေရဲ့ မျက်နှာ အမူအယာဟာ ဓါတ်ဖမ်းဖို့ အဆင့်သင့် ဖြစ်နေတာကိုလည်း Google AI က သိလာပြီး အလိုလို ဓါတ်ပုံများ ရိုက်ကူးပေးနိုင်လာပါတယ်။ Google Pixel 3 မှာ Camera App ထဲသွားပြီး More ထဲကို သွားပါ။ Photobooth ကို On ပြီး အသုံးပြုနိုင်ပါပြီ။ Star-marked Shutter Button ကို နှိပ်ပါ။ ပြီးရင် ငြိမ်သက်စွာဖြင့် ဓါတ်ဖမ်းဖို့ ပို့စ်ပေးလိုက်တာနဲ့ အလိုလို ဓါတ်ပုံများ ရိုက်ကူးပေးမှာ ဖြစ်ပါတယ်။
Selfie ဆွဲတဲ့ အချိန်မှာ စိတ်ရှုပ်စရာတစ်ခုက Shutter Button ကို နှိပ်ရတာပါ။ အဲဒီခလုတ်ကို သတိထားနှိပ်နေရတဲ့ အတွက် Mood ပျက်သွားတတ်ပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ အတွက် Timer များ၊ ပြုံးလိုက်တာနဲ့ အလိုလို ဆဲလ်ဖီး ဆွဲပေးတဲ့ လုပ်ဆောင်ချက်များကို ဖန်တီးလာကြပါတယ်။ အခု Google ရဲ့ ဉာဏ်ရည်တု နည်းပညာက ချစ်သူနဲ့ ကစ်စင်ဆွဲနေတာကို သိပြီး ဆဲလ်ဖီးများ အလိုလို ရိုက်ပေးနိုင်ပြီ ဖြစ်ပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.