Honor တို႕အတြက္ ေန႕ၾကီးတစ္ရက္ျဖစ္လာမယ့္ ေမ ၂၁

0
10

Zawgyi Version

Honor ဟာ လန္ဒန္ျမိဳ႕မွာ စမတ္ဖုန္းအသစ္တစ္လံုးကို ေမ၂၁ရက္ေန႕မွာ ျပသေတာ့မွာပါ။ Honor 10 Lite နဲ႕အတူ Honor View 20 ကို ဒီႏွစ္မွာ ထြက္ရွိေပးခဲ့ျပီး ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ထြက္မယ့္ဖုန္းကိုေတာ့ နာမည္ေတာင္ မေျပာထားေသးပါဘူး။ Honor 10 ရဲ႕ ေနာက္ထြက္ဖုန္းတစ္လံုးျဖစ္လာမယ္လို႕ မွန္းထားျပီး လဲကိုင္သင့္တဲ့ဖုန္းျဖစ္လာႏုိင္ပါတယ္။

Teaser ေလးမွာေတာ့ လန္ဒန္ရဲ႕ တာ၀ါတံတားကိုျပထားျပီးေတာ့ #CaptureWonder ေလးနဲ႕အတူ ေတြ႕ရပါတယ္။ Honor ဟာ ေၾကညာခ်က္ရဲ႕အေရွ႕ပိုင္းကို ကင္မရာလုပ္ေဆာင္ႏုိင္စြမ္းေတြကို ျပသထားပါတယ္။ အဲဒီမွာ ထူးျခားတဲ့ ဂဏန္းစုစည္းမႈေတြ ပါ၀င္ေနပါတယ္။ 5/21, or May 21 ဆိုတာကို အတည္ျပဳေပးထားသလိုပါပဲ။ ေနာက္ျပီး ဂဏန္း(၄) ကိုလည္း ျပထားပါတယ္။ ဒါဟာ ကင္မရာေလးလံုးပါမယ္လို႕ ေျပာခ်င္တာမ်ားလား။

ဖုန္းအသစ္ေလးကို ဘယ္လိုမ်ိဳး ေခၚမွာလဲ။ Honor 20 ကေတာ့ ျဖစ္ႏုိင္ေခ်မ်ားတယ္။ သတင္းၾကားထားသေလာက္ ဖုန္းတစ္လံုးတည္းေတာ့ မဟုတ္ေလာက္ဘူး။ Honor 20 ၊ Honor 20 Lite နဲ႕ Honor 20i တို႕ကို ျမင္ရေလာက္ပါတယ္။ Honor ဟာ Honor 20 ရဲ႕ ဗားရွင္းတစ္ခုေလာက္ကိုမွ တရုတ္မွာ ျပမထားဘူးဆိုေတာ့ ပံုမွန္ေတာ့မဟုတ္ဘူးလို႕ ခံစားမိတယ္။ သူ႕ႏုိင္ငံမွာ အရင္ျပျပီးမွာ အျခားႏိုင္ငံေတြကို ျပသတဲ့အေလ့အထေလး ရွိတဲ့လုပ္ငန္းျဖစ္တဲ့အတြက္ေၾကာင့္ပါ။ Honor Global ရဲ႕ ပီအာမန္ေနဂ်ာကေတာ့ ဖုန္းအသစ္ေလးကဟာ လက္ရွိေရစီးေၾကာင္းကို လိုက္ပါမွာမဟုတ္ေၾကာင္း၊ လန္ဒန္ပြဲဟာလည္း ဖုန္းအသစ္ေလးကို ပထမဆံုးျမင္ရမယ့္ပြဲျဖစ္ေၾကာင္း တြစ္တာမွာ တင္ခဲ့ပါတယ္။

အခ်က္အလက္ေတြကေရာ။ Honor 20 လို႕ယူဆရတဲ့ပံုေတြအရဆိုရင္ေတာ့ Honor View 20 မွာ ျမင္ခဲ့ရတဲ့ 48-megapixel ကင္မရာ ၊ 20-megapixel second lens ၊ 8-megapixel lens ေနာက္တစ္လံုးလည္း ပါ၀င္ေနပါတယ္။ တကယ္လို႕ နံပါတ္(၄)က ကင္မရာကိုသာ ရည္ညႊန္းမယ္ဆိုရင္ေတာ့ ဆယ္လ္ဖီကို ယူဆရမွာပါ။ Kirin 980 processor ၊ 8GB RAM ၊ 256GB မမ္မိုရီနဲ႕ မ်က္ႏွာျပင္ေအာက္ လက္ေဗြစနစ္ေတြလည္း ေတြ႕ျမင္ရမွာပါ။

honor 20 news lite leak

Honor 20 Lite ကေတာ့ Huawei P30 Lite နဲ႕ တူညီေလာက္မွာပါ။ ခန္႕မွန္းရမယ္ဆိုရင္ေတာ့ ၆.၁လက္မမ်က္ႏွာျပင္ ၊ ကင္မရာသံုးလံုး၊ အေနာက္ဘက္ လက္ေဗြစနစ္၊ Kirin 710 processor ပါ။ စိတ္၀င္စားဖို႕ေကာင္းတာက Honor 20i ျဖစ္ပါတယ္။ Weibo မွာ တင္ထားသေလာက္ကေတာ့ တရုတ္ႏုိင္ငံမွာ ဧျပီ၁၇ရက္ေန႕ေရာက္ရင္ ေတြ႕ရမွာပါ။ လူၾကိဳက္မ်ားတဲ့ fashion brand A Bathing Ape (BAPE) နဲ႕လည္း ပူးေပါင္းျပီးေတာ့ special edition ကိုလည္း ျမင္ထားပါေသးတယ္။

honor 20 news 20i aape edition leak

ပံုေလးေတြအရဆိုရင္ေတာ့ အျပင္အဆင္ေတြက လန္းပါတယ္ ။ Honor View 2 အတြက္က Moschino နဲ႕ ပူးေပါင္းထားပါတယ္။ Honor 8S ကိုလည္း ေတြ႕ျမင္ရေလာက္ပါတယ္။ ကင္မရာႏွစ္လံုး၊ ေရစက္ပံု notch နဲ႕ ၅.၇လက္မ ဖုန္းတစ္လံုးျဖစ္မွာပါ။

Honor 20 လုိင္းေတြကို မၾကာခင္မွာ ေတြ႕ျမင္ရေတာ့မွာပါ။ အေသးစိတ္ကိုေတာ့ ထပ္မံတင္ဆက္ေပးသြားမွာပါ။

Unicode Versioin

Honor ဟာ လန်ဒန်မြို့မှာ စမတ်ဖုန်းအသစ်တစ်လုံးကို မေ၂၁ရက်နေ့မှာ ပြသတော့မှာပါ။ Honor 10 Lite နဲ့အတူ Honor View 20 ကို ဒီနှစ်မှာ ထွက်ရှိပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ထွက်မယ့်ဖုန်းကိုတော့ နာမည်တောင် မပြောထားသေးပါဘူး။ Honor 10 ရဲ့ နောက်ထွက်ဖုန်းတစ်လုံးဖြစ်လာမယ်လို့ မှန်းထားပြီး လဲကိုင်သင့်တဲ့ဖုန်းဖြစ်လာနိုင်ပါတယ်။
Teaser လေးမှာတော့ လန်ဒန်ရဲ့ တာဝါတံတားကိုပြထားပြီးတော့ #CaptureWonder လေးနဲ့အတူ တွေ့ရပါတယ်။ Honor ဟာ ကြေညာချက်ရဲ့အရှေ့ပိုင်းကို ကင်မရာလုပ်ဆောင်နိုင်စွမ်းတွေကို ပြသထားပါတယ်။ အဲဒီမှာ ထူးခြားတဲ့ ဂဏန်းစုစည်းမှုတွေ ပါဝင်နေပါတယ်။ 5/21, or May 21 ဆိုတာကို အတည်ပြုပေးထားသလိုပါပဲ။ နောက်ပြီး ဂဏန်း(၄) ကိုလည်း ပြထားပါတယ်။ ဒါဟာ ကင်မရာလေးလုံးပါမယ်လို့ ပြောချင်တာများလား။
ဖုန်းအသစ်လေးကို ဘယ်လိုမျိုး ခေါ်မှာလဲ။ Honor 20 ကတော့ ဖြစ်နိုင်ချေများတယ်။ သတင်းကြားထားသလောက် ဖုန်းတစ်လုံးတည်းတော့ မဟုတ်လောက်ဘူး။ Honor 20 ၊ Honor 20 Lite နဲ့ Honor 20i တို့ကို မြင်ရလောက်ပါတယ်။ Honor ဟာ Honor 20 ရဲ့ ဗားရှင်းတစ်ခုလောက်ကိုမှ တရုတ်မှာ ပြမထားဘူးဆိုတော့ ပုံမှန်တော့မဟုတ်ဘူးလို့ ခံစားမိတယ်။ သူ့နိုင်ငံမှာ အရင်ပြပြီးမှာ အခြားနိုင်ငံတွေကို ပြသတဲ့အလေ့အထလေး ရှိတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်ပါ။ Honor Global ရဲ့ ပီအာမန်နေဂျာကတော့ ဖုန်းအသစ်လေးကဟာ လက်ရှိရေစီးကြောင်းကို လိုက်ပါမှာမဟုတ်ကြောင်း၊ လန်ဒန်ပွဲဟာလည်း ဖုန်းအသစ်လေးကို ပထမဆုံးမြင်ရမယ့်ပွဲဖြစ်ကြောင်း တွစ်တာမှာ တင်ခဲ့ပါတယ်။
အချက်အလက်တွေကရော။ Honor 20 လို့ယူဆရတဲ့ပုံတွေအရဆိုရင်တော့ Honor View 20 မှာ မြင်ခဲ့ရတဲ့ 48-megapixel ကင်မရာ ၊ 20-megapixel second lens ၊ 8-megapixel lens နောက်တစ်လုံးလည်း ပါဝင်နေပါတယ်။ တကယ်လို့ နံပါတ်(၄)က ကင်မရာကိုသာ ရည်ညွှန်းမယ်ဆိုရင်တော့ ဆယ်လ်ဖီကို ယူဆရမှာပါ။ Kirin 980 processor ၊ 8GB RAM ၊ 256GB မမ်မိုရီနဲ့ မျက်နှာပြင်အောက် လက်ဗွေစနစ်တွေလည်း တွေ့မြင်ရမှာပါ။

honor 20 news lite leak


Honor 20 Lite ကတော့ Huawei P30 Lite နဲ့ တူညီလောက်မှာပါ။ ခန့်မှန်းရမယ်ဆိုရင်တော့ ၆.၁လက်မမျက်နှာပြင် ၊ ကင်မရာသုံးလုံး၊ အနောက်ဘက် လက်ဗွေစနစ်၊ Kirin 710 processor ပါ။ စိတ်ဝင်စားဖို့ကောင်းတာက Honor 20i ဖြစ်ပါတယ်။ Weibo မှာ တင်ထားသလောက်ကတော့ တရုတ်နိုင်ငံမှာ ဧပြီ၁၇ရက်နေ့ရောက်ရင် တွေ့ရမှာပါ။ လူကြိုက်များတဲ့ fashion brand A Bathing Ape (BAPE) နဲ့လည်း ပူးပေါင်းပြီးတော့ special edition ကိုလည်း မြင်ထားပါသေးတယ်။

honor 20 news 20i aape edition leak


ပုံလေးတွေအရဆိုရင်တော့ အပြင်အဆင်တွေက လန်းပါတယ် ။ Honor View 2 အတွက်က Moschino နဲ့ ပူးပေါင်းထားပါတယ်။ Honor 8S ကိုလည်း တွေ့မြင်ရလောက်ပါတယ်။ ကင်မရာနှစ်လုံး၊ ရေစက်ပုံ notch နဲ့ ၅.၇လက်မ ဖုန်းတစ်လုံးဖြစ်မှာပါ။
Honor 20 လိုင်းတွေကို မကြာခင်မှာ တွေ့မြင်ရတော့မှာပါ။ အသေးစိတ်ကိုတော့ ထပ်မံတင်ဆက်ပေးသွားမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.