Enterprise Trending

အသက္ျပည့္ၿပီးသူမ်ားသာ Porn Website မ်ားကို ၾကည့္ခြင့္ေပးေတာ့မယ့္ ၿဗိတိန္

ၿဗိတိန္က အသက္ ၁၈ ႏွစ္ေအာက္ လူငယ္မ်ား Porn Website မ်ား ၾကည့္ရႈတာကို ဇူလိုင္လ ၁၅ ရက္ေန႔က စတင္ ပိတ္ပင္ေတာ့မွာ ျဖစ္ပါတယ္။ ၿဗိတိန္ဟာ ဒီဥပေဒကို ျပဌာန္းဖို႔ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကတည္းက ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။ အရင္ကေတာ့ ဧၿပီလထဲမွာ ဒီဥေပဒကို စတင္ အသက္သြင္းဖို႔ ရည္ရြယ္ထားခဲ့တာပါ။

အဲဒီ ဥပေဒကို လူ႔အခြင့္အေရး တက္ၾကြလႈပ္ရွားသူမ်ား၊ လူႀကီး ဇာတ္ကား ထုတ္လုပ္သူမ်ားက ေ၀ဖန္ျပစ္တင္မႈမ်ား ရွိေနပါတယ္။ Porn Website မ်ားကို ၾကည့္ရႈသူမ်ားကို စိစစ္ျခင္းဟာ Users မ်ားရဲ႕ Privacy ကို ထိခိုက္ေစမွာ ျဖစ္ပါတယ္။ အဲဒီအတြက္ တရားေရး ၀န္ထမ္း အခ်ိဳ႕က အဲဒီ ဥပေဒဟာ ပုဂၢိဳလ္ေရး လြတ္လပ္ခြင့္ကို ထိပါးေစတယ္လို႔ ေထာက္ျပၾကပါတယ္။ ဒါ့အျပင္ User Data မ်ားကို ဟက္ကာမ်ားက ခိုးယူၿပီး ေငြညွစ္ႏုိင္မယ့္ အေျခအေနမ်ားလည္း ျဖစ္သြားႏုိင္ပါတယ္။

ၿဗိတိန္ရဲ႕ ဥပေဒ အသစ္အရ Porn Site မ်ားဟာ User မ်ားရဲ႕ အသက္ကို စစ္ေဆးရမွာ ျဖစ္ပါတယ္။ မစစ္ေဆးတဲ့ ၀က္ဘ္ဆိုက္ကို Internal Service Providers (ISPs) မ်ားက ပိတ္ပင္မွာ ျဖစ္ပါတယ္။ လူႀကီး ၀က္ဘ္ဆိုက္မ်ားကို ၾကည့္မယ့္ သူမ်ားဟာ ပတ္စ္ပို႔၊ ယာဥ္ေမာင္းလိုင္စင္၊ ခရက္ဒစ္ကဒ္လို စာရြက္စာတမ္းမ်ားကို ျပၿပီး အသက္ ျပည့္ေၾကာင္း တင္ျပရမွာပါ။ ဒါ့အျပင္ ေျမျပင္ စတိုးဆိုင္မ်ားမွာလည္း Porn Pass မ်ားကို စတာလင္ေပါင္ ၄.၉၉ ျဖင့္ ၀ယ္ယူႏုိင္ပါတယ္။

ဆိုက္ဘာ ကြ်မ္းက်င္သူမ်ားကေတာ့ ဒီလို ပိတ္ပင္မႈမ်ားကို VPN မ်ားနဲ႔ ေက်ာ္ခြၾကည့္ရႈုႏုိင္တယ္လို႔ ေျပာပါတယ္။ ၿဗိတိန္မွ လူမ်ားဟာ VPN မ်ားကို သံုးၿပီး အျခား တစ္ႏုိင္ငံက လာၾကည့္တယ္လို႔ ထင္ရေအာင္ လွည့္စားႏိုင္ပါတယ္။

unicode

အသက်ပြည့်ပြီးသူများသာ Porn Website များကို ကြည့်ခွင့်ပေးတော့မယ့် ဗြိတိန်

ဗြိတိန်က အသက် ၁၈ နှစ်အောက် လူငယ်များ Porn Website များ ကြည့်ရှုတာကို ဇူလိုင်လ ၁၅ ရက်နေ့က စတင် ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။ ဗြိတိန်ဟာ ဒီဥပဒေကို ပြဌာန်းဖို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အရင်ကတော့ ဧပြီလထဲမှာ ဒီဥပေဒကို စတင် အသက်သွင်းဖို့ ရည်ရွယ်ထားခဲ့တာပါ။

အဲဒီ ဥပဒေကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ လူကြီး ဇာတ်ကား ထုတ်လုပ်သူများက ဝေဖန်ပြစ်တင်မှုများ ရှိနေပါတယ်။ Porn Website များကို ကြည့်ရှုသူများကို စိစစ်ခြင်းဟာ Users များရဲ့ Privacy ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် တရားရေး ဝန်ထမ်း အချို့က အဲဒီ ဥပဒေဟာ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ထိပါးစေတယ်လို့ ထောက်ပြကြပါတယ်။ ဒါ့အပြင် User Data များကို ဟက်ကာများက ခိုးယူပြီး ငွေညှစ်နိုင်မယ့် အခြေအနေများလည်း ဖြစ်သွားနိုင်ပါတယ်။

ဗြိတိန်ရဲ့ ဥပဒေ အသစ်အရ Porn Site များဟာ User များရဲ့ အသက်ကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ မစစ်ဆေးတဲ့ ဝက်ဘ်ဆိုက်ကို Internal Service Providers (ISPs) များက ပိတ်ပင်မှာ ဖြစ်ပါတယ်။ လူကြီး ဝက်ဘ်ဆိုက်များကို ကြည့်မယ့် သူများဟာ ပတ်စ်ပို့၊ ယာဉ်မောင်းလိုင်စင်၊ ခရက်ဒစ်ကဒ်လို စာရွက်စာတမ်းများကို ပြပြီး အသက် ပြည့်ကြောင်း တင်ပြရမှာပါ။ ဒါ့အပြင် မြေပြင် စတိုးဆိုင်များမှာလည်း Porn Pass များကို စတာလင်ပေါင် ၄.၉၉ ဖြင့် ဝယ်ယူနိုင်ပါတယ်။

ဆိုက်ဘာ ကျွမ်းကျင်သူများကတော့ ဒီလို ပိတ်ပင်မှုများကို VPN များနဲ့ ကျော်ခွကြည့်ရှုုနိုင်တယ်လို့ ပြောပါတယ်။ ဗြိတိန်မှ လူများဟာ VPN များကို သုံးပြီး အခြား တစ်နိုင်ငံက လာကြည့်တယ်လို့ ထင်ရအောင် လှည့်စားနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.