သံုးစြဲသူေပါင္း ၁.၅မီလ်ံရဲ႕ အီးေမးလ္ contact ေတြကို upload တင္ခဲ့မိတဲ့ Facebook

0
293

Zawgyi Version

လြန္ခဲ့တဲ့သံုးႏွစ္ေလာက္တုန္းက အေကာင့္သစ္ဖြင့္ခဲ့တဲ့ contact ေတြပါ။

လံုျခံဳေရးသုေတသီတစ္ေယာက္က Facebook ဟာ သံုးစြဲသူေတြကို သူတို႕ရဲ႕ အီးေမးလ္ password ေတြကို ေတာင္းခံေနျပီးေတာ့ အေကာင့္ဖြင့္တဲ့အခ်ိန္မွာ စစ္ေဆးေနတာကို ေတြ႕ရွိခဲ့တာကေန အစျပဳခဲ့ပါတယ္။ password ထည့္လုိက္မိတဲ့သူေတြမွာ “importing” their contacts ဆိုျပီးေတာ့ မက္ေဆ့ခ်္ေလးတက္လာတာ ျမင္ရပါတယ္။ သူတို႕ကို ခြင့္ျပဳခ်က္မေတာင္းဘဲနဲ႕ ထည့္ေနတာျဖစ္ပါတယ္။

Facebook ရဲ႕ ေျပာဆုိခြင့္ရွိသူတစ္ေယာက္ကေတာ့ ၂၀၁၆ ေမလကတည္းက contacts ေတြကို စုေဆာင္းေနျပီးေတာ့ Facebook ရဲ႕ web of social connection တည္ေဆာက္မႈကို အေထာက္အကူရေအာင္ လုပ္ေဆာင္ခဲ့ပါတယ္လို႕ သိရပါတယ္။ ဒါမွသာ သံုးစြဲသူေတြရဲ႕ contact ေတြကို friend အျဖစ္နဲ႕ ထည့္သြင္းဖို႕ ေျပာဆိုႏုိင္မွာပဲ ျဖစ္ပါတယ္။

“ျပီးခဲ့တဲ့လမွာ email password verification ကို ပထမဆံုးအၾကိမ္အေနနဲ႕ sign up လုပ္တဲ့အခ်ိန္မွာ ေတာင္းခံျခင္းကို ရပ္ဆုိင္းလိုက္ပါတယ္။ အေကာင့္ဖြင့္ဖို႕အတြက္ email password ေတာင္းလိုက္တဲ့အခါမွာ မထင္မွတ္ဘဲ contact ေတြဟာ Facebook ဆီကို ေရာက္သြားပါတယ္။”

“အဲဒီျဖစ္ရပ္ကို ျပင္ဆင္ခဲ့ျပီးေတာ့ contact ေတြ ေရာက္ေနေၾကာင္းကိုလည္း အသိေပးခ်က္ေတြ ထုတ္ခဲ့ပါတယ္။” ေနာက္ျပီး အဲဒီ contact ေတြကုိ အျခားသူေတြနဲ႕ share လုပ္ျခင္းမရွိဘဲ၊ ဖ်က္ဆီးပစ္လုိက္ပါျပီ။ သံုးစြဲသူေတြအေနနဲ႕ Facebook ကို ေပးထားလုိက္တဲ့ contacts ေတြကို ျပန္ၾကည့္ျပီးေတာ့ စီမံႏုိင္ပါတယ္။

ကမာၻ႕အၾကီးဆံုး လူမႈကြန္ရက္ျဖစ္တဲ့အတြက္ေၾကာင့္ Facebook ဟာ ေဒတာေတြကို ၂ဘီလ်ံထက္မနည္း ထိန္းခ်ဳပ္ထားပါတယ္။ သူတို႕ရဲ႕ေဒတာေတြကို ကိုင္တြယ္တဲ့စနစ္ကေတာ့ ေမးခြြန္းထုတ္စရာျဖစ္ခဲ့တာက Cambridge Analytica ကိစၥျဖစ္ျပီးကတည္းကပါ။ ဒီကိစၥမွာလည္း မထင္မွတ္ဘဲ contacts ေတြ ေရာက္လာခဲ့တာပါလို႕ ေျပာထားပါတယ္။

Unicode Version

လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက အကောင့်သစ်ဖွင့်ခဲ့တဲ့ contact တွေပါ။
လုံခြုံရေးသုတေသီတစ်ယောက်က Facebook ဟာ သုံးစွဲသူတွေကို သူတို့ရဲ့ အီးမေးလ် password တွေကို တောင်းခံနေပြီးတော့ အကောင့်ဖွင့်တဲ့အချိန်မှာ စစ်ဆေးနေတာကို တွေ့ရှိခဲ့တာကနေ အစပြုခဲ့ပါတယ်။ password ထည့်လိုက်မိတဲ့သူတွေမှာ “importing” their contacts ဆိုပြီးတော့ မက်ဆေ့ချ်လေးတက်လာတာ မြင်ရပါတယ်။ သူတို့ကို ခွင့်ပြုချက်မတောင်းဘဲနဲ့ ထည့်နေတာဖြစ်ပါတယ်။
Facebook ရဲ့ ပြောဆိုခွင့်ရှိသူတစ်ယောက်ကတော့ ၂၀၁၆ မေလကတည်းက contacts တွေကို စုဆောင်းနေပြီးတော့ Facebook ရဲ့ web of social connection တည်ဆောက်မှုကို အထောက်အကူရအောင် လုပ်ဆောင်ခဲ့ပါတယ်လို့ သိရပါတယ်။ ဒါမှသာ သုံးစွဲသူတွေရဲ့ contact တွေကို friend အဖြစ်နဲ့ ထည့်သွင်းဖို့ ပြောဆိုနိုင်မှာပဲ ဖြစ်ပါတယ်။
“ပြီးခဲ့တဲ့လမှာ email password verification ကို ပထမဆုံးအကြိမ်အနေနဲ့ sign up လုပ်တဲ့အချိန်မှာ တောင်းခံခြင်းကို ရပ်ဆိုင်းလိုက်ပါတယ်။ အကောင့်ဖွင့်ဖို့အတွက် email password တောင်းလိုက်တဲ့အခါမှာ မထင်မှတ်ဘဲ contact တွေဟာ Facebook ဆီကို ရောက်သွားပါတယ်။”
“အဲဒီဖြစ်ရပ်ကို ပြင်ဆင်ခဲ့ပြီးတော့ contact တွေ ရောက်နေကြောင်းကိုလည်း အသိပေးချက်တွေ ထုတ်ခဲ့ပါတယ်။” နောက်ပြီး အဲဒီ contact တွေကို အခြားသူတွေနဲ့ share လုပ်ခြင်းမရှိဘဲ၊ ဖျက်ဆီးပစ်လိုက်ပါပြီ။ သုံးစွဲသူတွေအနေနဲ့ Facebook ကို ပေးထားလိုက်တဲ့ contacts တွေကို ပြန်ကြည့်ပြီးတော့ စီမံနိုင်ပါတယ်။
ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ဖြစ်တဲ့အတွက်ကြောင့် Facebook ဟာ ဒေတာတွေကို ၂ဘီလျံထက်မနည်း ထိန်းချုပ်ထားပါတယ်။ သူတို့ရဲ့ဒေတာတွေကို ကိုင်တွယ်တဲ့စနစ်ကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့တာက Cambridge Analytica ကိစ္စဖြစ်ပြီးကတည်းကပါ။ ဒီကိစ္စမှာလည်း မထင်မှတ်ဘဲ contacts တွေ ရောက်လာခဲ့တာပါလို့ ပြောထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.