Smartphone Trending

Display ျပႆနာတက္ေနတဲ့ Samsung Galaxy Fold

ကမာၻ႕ ပထမဆံုး ေခါက္ခ်ိဳး စမတ္ဖုန္းေတြထဲက တစ္လံုး ျဖစ္တဲ့ Samsung Galaxy Fold ကေတာ့ ျပႆနာ တက္ေနပါၿပီ။ ဆမ္ေဆာင္းက အဲဒီ ဖုန္းေတြကို Review လုပ္ဖို႔ အတြက္ မီဒီယာမ်ားအား ေပးထားပါတယ္။ အခုေတာ့ ရက္ပိုင္းအတြင္းမွာပဲ မ်က္ႏွာျပင္ဟာ ျပႆနာမ်ား တက္ေနတယ္လို႔ Reviewer မ်ားက အြန္လိုင္းမွာ ေရးသားေနၾကပါတယ္။

After one day of use… pic.twitter.com/VjDlJI45C9— Steve Kovach (@stevekovach) April 17, 2019

The Verge ရဲ႕ Dieter Bohn ကလည္း စကရင္ ၂ ခုရဲ႕ အဆက္မွာ  အက္ရာမ်ား ေပၚလာၿပီး အက္ေၾကာင္းကို အားနဲ႔ ဖိလိုက္ရင္ စကရင္ ကြဲအက္သြားတယ္လို႔ သူက ေရးသားထားပါတယ္။ CNBC ကို ေပးထားတဲ့ အလံုးကလည္း  ၂ ရက္အတြင္းမွာပဲ စကရင္ဟာ သံုးလို႔ မရေတာ့ဘူးလို႔ ေရးသားထားပါတယ္။ Bloomberg ရဲ႕ Mark Gurman နဲ႔ YouTube မွ နာမည္ေက်ာ္ Reviewer တစ္ဦး ျဖစ္သူ Marques Brownlee ကလည္း အလားတူ ျပႆနာ ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

The Verge ရဲ႕ အလံုးကို ဆမ္ေဆာင္းက ျပန္လည္ စစ္ေဆးေနပါတယ္။ ဒါ့အျပင္ အသစ္တစ္လံုးကိုလည္း ျပန္ေပးထားတယ္လို႔ သိရပါတယ္။ စကရင္ကို ကာကြယ္ထားတဲ့ အလႊာတစ္ထပ္ကို ဖယ္လိုက္လို႔ ဒီလို ျပႆနာတက္သြားတာလည္း ျဖစ္ႏုိင္ပါတယ္။ ဆမ္ေဆာင္းက ေစ်းကြက္ထဲကို ေရာင္းမယ့္ အလံုးမ်ားမွာ အေပၚယံ အလႊာကို မဖယ္ရွားဖုိ႔ သတိေပးစာ ကပ္ထားႏုိင္ပါတယ္။ ဒါေပမယ့္ Review Unit မ်ားမွာေတာ့ သတိေပးစာ မကပ္ထားပါဘူး။

ဒီသတင္းမ်ား တက္လာၿပီးေနာက္မွာ အခုေတာ့ ဆမ္ေဆာင္းက ေၾကညာခ်က္တစ္ခု ထုတ္ျပန္လိုက္ပါတယ္။ စကရင္မွာ ကပ္ထားတဲ့ အလႊာကို မဖယ္ရွားဖို႔နဲ႔ ျပႆနာ တက္ေနတဲ့ Review Unit မ်ားကို ေသခ်ာစြာ စစ္ေဆးသြားမယ္လို႔ ကုမၸဏီက ေျပာပါတယ္။

unicode

Display ပြဿနာတက်နေတဲ့ Samsung Galaxy Fold

ကမ္ဘာ့ ပထမဆုံး ခေါက်ချိုး စမတ်ဖုန်းတွေထဲက တစ်လုံး ဖြစ်တဲ့ Samsung Galaxy Fold ကတော့ ပြဿနာ တက်နေပါပြီ။ ဆမ်ဆောင်းက အဲဒီ ဖုန်းတွေကို Review လုပ်ဖို့ အတွက် မီဒီယာများအား ပေးထားပါတယ်။ အခုတော့ ရက်ပိုင်းအတွင်းမှာပဲ မျက်နှာပြင်ဟာ ပြဿနာများ တက်နေတယ်လို့ Reviewer များက အွန်လိုင်းမှာ ရေးသားနေကြပါတယ်။

The Verge ရဲ့ Dieter Bohn ကလည်း စကရင် ၂ ခုရဲ့ အဆက်မှာ အက်ရာများ ပေါ်လာပြီး အက်ကြောင်းကို အားနဲ့ ဖိလိုက်ရင် စကရင် ကွဲအက်သွားတယ်လို့ သူက ရေးသားထားပါတယ်။ CNBC ကို ပေးထားတဲ့ အလုံးကလည်း ၂ ရက်အတွင်းမှာပဲ စကရင်ဟာ သုံးလို့ မရတော့ဘူးလို့ ရေးသားထားပါတယ်။ Bloomberg ရဲ့ Mark Gurman နဲ့ YouTube မှ နာမည်ကျော် Reviewer တစ်ဦး ဖြစ်သူ Marques Brownlee ကလည်း အလားတူ ပြဿနာ ဖြစ်နေတယ်လို့ ပြောပါတယ်။

The Verge ရဲ့ အလုံးကို ဆမ်ဆောင်းက ပြန်လည် စစ်ဆေးနေပါတယ်။ ဒါ့အပြင် အသစ်တစ်လုံးကိုလည်း ပြန်ပေးထားတယ်လို့ သိရပါတယ်။ စကရင်ကို ကာကွယ်ထားတဲ့ အလွှာတစ်ထပ်ကို ဖယ်လိုက်လို့ ဒီလို ပြဿနာတက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဆမ်ဆောင်းက ဈေးကွက်ထဲကို ရောင်းမယ့် အလုံးများမှာ အပေါ်ယံ အလွှာကို မဖယ်ရှားဖို့ သတိပေးစာ ကပ်ထားနိုင်ပါတယ်။ ဒါပေမယ့် Review Unit များမှာတော့ သတိပေးစာ မကပ်ထားပါဘူး။

ဒီသတင်းများ တက်လာပြီးနောက်မှာ အခုတော့ ဆမ်ဆောင်းက ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ စကရင်မှာ ကပ်ထားတဲ့ အလွှာကို မဖယ်ရှားဖို့နဲ့ ပြဿနာ တက်နေတဲ့ Review Unit များကို သေချာစွာ စစ်ဆေးသွားမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.