Apple နဲ႕ Qualcomm အဆင္ေျပလို႕ Intel က 5G smartphone modem ကို ဆက္မလုပ္ေတာ့တာလား

0
3

Zawgyi Version

Apple နဲ႕ Qualcomm တို႕ရဲ႕ ႏွစ္ရွည္လမ်ားတုိက္ခိုက္ေနတဲ့ တုိက္ပြဲ ေအးသြားတဲ့ရက္ေလးမွာပဲ Intel က 5G modem လုပ္ငန္းမွ ထြက္ခြာေတာ့မယ္ဆိုတဲ့အေၾကာင္း ေၾကညာလိုက္ပါတယ္။

Intel ရဲ႕ ေၾကညာခ်က္က အခ်ိန္ကိုက္ျဖစ္သလို စိတ္၀င္စားဖို႕လည္း ေကာင္းေနပါတယ္။ 5G အသံုုးျပဳႏုိင္တဲ့ ပထမဆံုး iPhone ေတြအတြက္ သူ႕ဆီက ရလိမ့္မယ္လို႕ ေမွ်ာ္မွန္းထားတာပဲေလ။ Intel ရဲ႕ 5G modem ေတြကို ၂၀၂၀ ဒါမွမဟုတ္ ၂၀၂၁ iPhone ေတြမွာ ျမင္ရႏုိင္တယ္လို႕ေတာင္ သတင္းေတြ ထြက္ခဲ့ေသးတယ္။ သူ႕ရဲ႕ 5G modem ေတြကို ၂၀၂၀ခုႏွစ္မွာ အသံုးခ်ႏုိင္မယ္လို႕ သူတို႕ကုိယ္တုိင္ ေျပာခဲ့ဖူးတာပဲေလ။

ဒါေပမယ့္ Intel ဟာ Qualcomm နဲ႕ HiSilicon ေနာက္မွာ ျပတ္က်န္ခဲ့တာကေတာ့ ေျပာစရာမလိုေအာင္ကို ရွင္းေနပါတယ္။ Qualcomm ဟာ Galaxy S10 5G မွာ သူ႕ရဲ႕ 5G modem ကို ထည့္သြင္းႏုိင္ခဲ့သလို HiSilicon ကလည္း Huawei Mate X ေခါက္ခ်ိဳးဖုန္းမွာ ထည့္သြင္းျပခဲ့ပါတယ္။

Intel ဟာ ေစ့စပ္ညွိႏိႈင္းျခင္းအျပီးမွာ ဆံုးျဖတ္ခဲ့တာလား၊ မလုပ္ခင္မွာ ဆံုးျဖတ္ခဲ့တာလည္း မသိေပမယ့္လည္း Apple ရဲ႕ ဆံုးျဖတ္ခ်က္ကိုေတာ့ အနည္းနဲ႕အမ်ားသက္ေရာက္ေစႏုိင္တာကေတာ့ မလြဲမေသြပါပဲ။ Qualcomm နဲ႕ ေစ့စပ္ျပီးေတာ့ chipset ေထာက္ပံ့မႈစာခ်ဳပ္ကို လက္မွတ္ေရးထိုဖို႕အတြက္ စဥ္းစားလိုက္တာျဖစ္ႏုိင္ပါတယ္။ Huawei ရဲ႕ တည္ေထာင္သူကေတာ့ 5G modem ေတြ ေထာက္ပံ့ဖို႕အတြက္ ေျပာထားျပီးျပီလို႕ ေၾကညာထားဖူးပါတယ္။

ေနာက္တစ္ခုျဖစ္ႏုိင္တာက ေစ့စပ္တဲ့သတင္းၾကားျပီးမွ Intel က ဆံုးျဖတ္လုိက္တာလည္း ျဖစ္ႏုိင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ 5G smartphone modem အတြက္ သံုးစြဲသူမရွိႏုိင္ေတာ့လို႕ပါ။ Apple ဟာ chip ထုတ္လုပ္သူေတြအတြက္ အဓိကသံုးစြဲသူတစ္ေယာက္ျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႕ကိုဆံုးရွံဳးလုိက္ရျခင္းက Intel ရဲ႕ 5G smartphone modem စီမံကိန္းကို အေသသတ္လိုက္တာနဲ႕ အတူတူပါပဲ။ ဒီအေၾကာင္းကိုေတာ့ စံုစမ္းေနဆဲျဖစ္ပါတယ္။ အေၾကာင္းစံုကိုေတာ့ ဆက္လက္တင္ဆက္ေပးဖို႕ရွိေနပါတယ္။

Intel ကေတာ့ ပီစီေတြအတြက္ 4G နဲ႕ 5G modem ေတြ လုပ္ေဆာင္ဖို႕ အခြင့္အလမ္းေတြရွာေနတယ္လို႕ ေျပာထားပါတယ္။ ေနာက္ျပီး IOT ပစၥည္းေတြနဲ႕ ေဒတာအဓိကသံုးမယ့္ပစၥည္းေတြအတြက္ လုပ္ေဆာင္ဖို႕ စိတ္ကူးထားတယ္လို႕လည္း ေျပာထားပါတယ္။ Qualcomm ဟာ ပီစီလုပ္ငန္းမွာလည္း Snapdragon လက္ပ္ေတာ့ေတြနဲ႕ ေနရာယူေနတာကို ေတြ႕ရွိျပီးေနာက္မွာ ဆံုးျဖတ္ခ်က္ ခ်လိုက္တာလည္း ျဖစ္ႏုိင္ပါတယ္။

Unicode Version

Apple နဲ့ Qualcomm တို့ရဲ့ နှစ်ရှည်လများတိုက်ခိုက်နေတဲ့ တိုက်ပွဲ အေးသွားတဲ့ရက်လေးမှာပဲ Intel က 5G modem လုပ်ငန်းမှ ထွက်ခွာတော့မယ်ဆိုတဲ့အကြောင်း ကြေညာလိုက်ပါတယ်။
Intel ရဲ့ ကြေညာချက်က အချိန်ကိုက်ဖြစ်သလို စိတ်ဝင်စားဖို့လည်း ကောင်းနေပါတယ်။ 5G အသုံးပြုနိုင်တဲ့ ပထမဆုံး iPhone တွေအတွက် သူ့ဆီက ရလိမ့်မယ်လို့ မျှော်မှန်းထားတာပဲလေ။ Intel ရဲ့ 5G modem တွေကို ၂၀၂၀ ဒါမှမဟုတ် ၂၀၂၁ iPhone တွေမှာ မြင်ရနိုင်တယ်လို့တောင် သတင်းတွေ ထွက်ခဲ့သေးတယ်။ သူ့ရဲ့ 5G modem တွေကို ၂၀၂၀ခုနှစ်မှာ အသုံးချနိုင်မယ်လို့ သူတို့ကိုယ်တိုင် ပြောခဲ့ဖူးတာပဲလေ။
ဒါပေမယ့် Intel ဟာ Qualcomm နဲ့ HiSilicon နောက်မှာ ပြတ်ကျန်ခဲ့တာကတော့ ပြောစရာမလိုအောင်ကို ရှင်းနေပါတယ်။ Qualcomm ဟာ Galaxy S10 5G မှာ သူ့ရဲ့ 5G modem ကို ထည့်သွင်းနိုင်ခဲ့သလို HiSilicon ကလည်း Huawei Mate X ခေါက်ချိုးဖုန်းမှာ ထည့်သွင်းပြခဲ့ပါတယ်။
Intel ဟာ စေ့စပ်ညှိနှိုင်းခြင်းအပြီးမှာ ဆုံးဖြတ်ခဲ့တာလား၊ မလုပ်ခင်မှာ ဆုံးဖြတ်ခဲ့တာလည်း မသိပေမယ့်လည်း Apple ရဲ့ ဆုံးဖြတ်ချက်ကိုတော့ အနည်းနဲ့အများသက်ရောက်စေနိုင်တာကတော့ မလွဲမသွေပါပဲ။ Qualcomm နဲ့ စေ့စပ်ပြီးတော့ chipset ထောက်ပံ့မှုစာချုပ်ကို လက်မှတ်ရေးထိုဖို့အတွက် စဉ်းစားလိုက်တာဖြစ်နိုင်ပါတယ်။ Huawei ရဲ့ တည်ထောင်သူကတော့ 5G modem တွေ ထောက်ပံ့ဖို့အတွက် ပြောထားပြီးပြီလို့ ကြေညာထားဖူးပါတယ်။
နောက်တစ်ခုဖြစ်နိုင်တာက စေ့စပ်တဲ့သတင်းကြားပြီးမှ Intel က ဆုံးဖြတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ 5G smartphone modem အတွက် သုံးစွဲသူမရှိနိုင်တော့လို့ပါ။ Apple ဟာ chip ထုတ်လုပ်သူတွေအတွက် အဓိကသုံးစွဲသူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုဆုံးရှုံးလိုက်ရခြင်းက Intel ရဲ့ 5G smartphone modem စီမံကိန်းကို အသေသတ်လိုက်တာနဲ့ အတူတူပါပဲ။ ဒီအကြောင်းကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ဆက်လက်တင်ဆက်ပေးဖို့ရှိနေပါတယ်။
Intel ကတော့ ပီစီတွေအတွက် 4G နဲ့ 5G modem တွေ လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေရှာနေတယ်လို့ ပြောထားပါတယ်။ နောက်ပြီး IOT ပစ္စည်းတွေနဲ့ ဒေတာအဓိကသုံးမယ့်ပစ္စည်းတွေအတွက် လုပ်ဆောင်ဖို့ စိတ်ကူးထားတယ်လို့လည်း ပြောထားပါတယ်။ Qualcomm ဟာ ပီစီလုပ်ငန်းမှာလည်း Snapdragon လက်ပ်တော့တွေနဲ့ နေရာယူနေတာကို တွေ့ရှိပြီးနောက်မှာ ဆုံးဖြတ်ချက် ချလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.