Smartphone Trending

32MP Selfie Camera ပါတဲ့ Honor 20i ကို ကြေညာ





Ref : gsmarena

unicode

32MP Selfie Camera ပါတဲ့ Honor 20i ကို ကွညော

Honor က 20i ကို ကြေညာလိုက်ပါပြီ။ သူ့မှာ Octa-core Kirin 710 Chipset ထည့်သွင်းထားပြီး မန်မိုရီ ၄ မျိုးထုတ်လုပ်ထားပါတယ်။ ဒေါ်လာ ၃၀၀ အောက်ကျသင့်ပါတယ်။ သူဟာ Honor 10i နဲ့ အရမ်းကို တူညီပါတယ်။

သူ့မှာ ၆.၂၁ လက်မ LCD Display ထည့်သွင်းထားပြီး Waterdrop Notch ပါပါတယ်။ Notch မှာ 32MP Selfie Camera ထည့်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ သုံးလုံး ပါပြီး 24 MP f/1.8 main, 8 MP f/2.4 with a telephoto lens နဲ့ 2 MP f/2.4 depth sensor များ ဖြစ်ပါတယ်။

4/128 GB, 6/64 GB, 6/128 GB, or 6/256 GB များ ထုတ်လုပ်ပေးထားပါတယ်။ 128GB Model ကို Vmall မှာ မရောင်းဘဲ Huawei ရဲ့ အွန်လိုင်းစတိုးမှာသာ ရောင်းချပေးထားပါတယ်။ Android Pie အခြေပြု EMUI 9 မောင်းနှင်ထားပါတယ်။ ဘက်ထရီက 3400mAh ဖြစ်ပါတယ်။ ဒိတ်အောက်နေတဲ့ USB 2.0 Port သာပါတာက အားနည်းချက်ပါ။

4/128GB နဲ့ 6/64GB ကို ယွမ် ၁၅၉၉ ( ၂၄၀ ဒေါ်လာဝန်းကျင်) နဲ့ 6/256GB ကို ယွမ် ၂၁၉၉ သတ်မှတ်ထားပါတယ်။ 6/128GB ရဲ့ ဈေးကိုတော့ မသိရသေးပါဘူး။ ယွမ် ၁၈၉၉ လောက်ရှိမယ်လို့ ထင်ရပါတယ်။ အရောင်သုံးမျိုးထုတ်လုပ်ထားပြီး Gradient Blue, Gradient Red, Midnight Black များ ဖြစ်ပါတယ်။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.