ultra-fast eUFS 3.0 storage ကို ပထမဆံုးအသံုးျပဳမယ့္ Samsung Galaxy Fold

0
11

Zawgyi Version

Galaxy Fold ဟာ ပထမဆံုး ဖုန္းတစ္လံုးျဖစ္ေအာင္ လုပ္လုိက္သလိုပါပဲ။ ဒါဟာ Samsung ရဲ႕ ပထမဆံုး ေခါက္ခ်ိဳးဖုန္းတစ္လံုးျဖစ္သလို ေစ်းကြက္အမ်ားဆံုးသိမ္းထားႏုင္တဲ့ ေခါက္ခ်ိဳးဖုန္းလည္းျဖစ္ပါတယ္။ ေနာက္ျပီး ultra-fast eUFS 3.0 storage ကိုလည္း ပထမဆံုး သံုးမွာပါ။ ဒါဟာ OnePlus 6T ထက္ ေဒတာေတြကို ဖတ္ႏုိင္၊ ေရးႏုိင္ႏႈန္းက ႏွစ္ဆပိုျမန္ပါတယ္။

Samsung က ဒီႏွစ္ထဲမွာ Universal Flash Storage specification version 3.0 ကို ေၾကာ္ျငာခဲ့ပါတယ္။ 2.9 GB/s data bandwidth အထိ ရႏုိင္မယ္လို႕လည္း ေျပာထားပါတယ္။ Galaxy S10 မွာ ထည့္သြင္းမယ္လို႕ မွန္းထားေပမယ့္လည္း S10 series ဟာ UFS 2.1 storage နဲ႕သာ အဆံုးသတ္ခဲ့ပါတယ္။ @UniverseIce ကေတာ့ တြစ္တာေပၚမွာ UFS 3.0 ကို Galaxy Fold မွာ ျမင္ရႏုိင္တယ္လို႕ ေျပာထားပါတယ္။

https://platform.twitter.com/widgets.js

ဗြီဒီယိုထဲမွာပါတဲ့ benchmark ရလဒ္ေတြအရ ဆက္တုိက္ဖတ္ႏုိင္စြမ္း 1,478 MB/s ၊ ဆက္တုိက္ေရးႏုိင္စြမ္း 383 MB/s လို႕ သိရပါတယ္။ ယွဥ္ရမယ္ဆုိရင္ OnePlus 6T မွာ ဖတ္ႏႈန္း 715 MB/s နဲ႕ ေရးႏႈန္း 202 MB/s ပဲရွိတာပါ။ ဒါေပမယ့္ က်ပန္း ေရးႏႈန္း၊ ဖတ္ႏႈန္းမွာေတာ့ ျခားနားခ်က္ၾကီးၾကီးမားမား မရွိပါဘူး။

Samsung ကေတာ့ Galaxy Fold မွာ စမ္းသပ္ျပီးမွ အျခားေသာ Galaxy ေတြကို ထည့္သြင္းဖုိ႕ စဥ္းစားထားတာ ျဖစ္ႏုိင္ပါတယ္။ ဒါကလည္း ေဒၚလာ၂၀၀၀ ေက်ာ္ဖုန္းတစ္လံုးကို ၀ယ္ဖို႕အတြက္ အေၾကာင္းျပခ်က္ေကာင္းေကာင္း ရသြားေစတယ္လို႕ ျမင္မိတာပဲ။

Unicode Version

Galaxy Fold ဟာ ပထမဆုံး ဖုန်းတစ်လုံးဖြစ်အောင် လုပ်လိုက်သလိုပါပဲ။ ဒါဟာ Samsung ရဲ့ ပထမဆုံး ခေါက်ချိုးဖုန်းတစ်လုံးဖြစ်သလို ဈေးကွက်အများဆုံးသိမ်းထားနုင်တဲ့ ခေါက်ချိုးဖုန်းလည်းဖြစ်ပါတယ်။ နောက်ပြီး ultra-fast eUFS 3.0 storage ကိုလည်း ပထမဆုံး သုံးမှာပါ။ ဒါဟာ OnePlus 6T ထက် ဒေတာတွေကို ဖတ်နိုင်၊ ရေးနိုင်နှုန်းက နှစ်ဆပိုမြန်ပါတယ်။
Samsung က ဒီနှစ်ထဲမှာ Universal Flash Storage specification version 3.0 ကို ကြော်ငြာခဲ့ပါတယ်။ 2.9 GB/s data bandwidth အထိ ရနိုင်မယ်လို့လည်း ပြောထားပါတယ်။ Galaxy S10 မှာ ထည့်သွင်းမယ်လို့ မှန်းထားပေမယ့်လည်း S10 series ဟာ UFS 2.1 storage နဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ @UniverseIce ကတော့ တွစ်တာပေါ်မှာ UFS 3.0 ကို Galaxy Fold မှာ မြင်ရနိုင်တယ်လို့ ပြောထားပါတယ်။

https://platform.twitter.com/widgets.js


ဗွီဒီယိုထဲမှာပါတဲ့ benchmark ရလဒ်တွေအရ ဆက်တိုက်ဖတ်နိုင်စွမ်း 1,478 MB/s ၊ ဆက်တိုက်ရေးနိုင်စွမ်း 383 MB/s လို့ သိရပါတယ်။ ယှဉ်ရမယ်ဆိုရင် OnePlus 6T မှာ ဖတ်နှုန်း 715 MB/s နဲ့ ရေးနှုန်း 202 MB/s ပဲရှိတာပါ။ ဒါပေမယ့် ကျပန်း ရေးနှုန်း၊ ဖတ်နှုန်းမှာတော့ ခြားနားချက်ကြီးကြီးမားမား မရှိပါဘူး။


Samsung ကတော့ Galaxy Fold မှာ စမ်းသပ်ပြီးမှ အခြားသော Galaxy တွေကို ထည့်သွင်းဖို့ စဉ်းစားထားတာ ဖြစ်နိုင်ပါတယ်။ ဒါကလည်း ဒေါ်လာ၂၀၀၀ ကျော်ဖုန်းတစ်လုံးကို ဝယ်ဖို့အတွက် အကြောင်းပြချက်ကောင်းကောင်း ရသွားစေတယ်လို့ မြင်မိတာပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.