Smartphone Social Trending

ေနာက္တစ္ပတ္ထဲမွာ ျမင္ရႏုိင္သည့္ OPPO F11 Pro Avengers Limited Edition

Zawgyi Vesion

‘Avengers: End Game’ ဇာတ္ကားထြက္ရွိဖို႕ တစ္ပတ္အလိုမွာ OEM နဲ႕ brand အေတာ္မ်ားမ်ားဟာ သူတို႕ရဲ႕ ကိုယ္ပိုင္ Avengers ထုတ္ကုန္နဲ႕ ၀န္ေဆာင္မႈေတြအသံုးခ်ျပီး ေစ်းကြက္ကိုယူဖို႕ ၾကိဳးစားေနၾကပါတယ္။ ျပီးခဲ့တုန္းက Google Pixel အဖြဲ႕ဆီက ဘာေတြရႏုိင္မလဲဆိုတာမ်ိိဳးကို ေဖာ္ျပခဲ့ဖူးပါတယ္။ Avengers Playmoji AR sticker ေတြကိုလည္း ထည့္သြင္းေပးထားပါတယ္။ Google မွာ ရႏုိင္တဲ့ထုတ္ကုန္ေတြက မ်ားျပားပါတယ္။ အခုေတာ့ OPPO ဖန္ေတြအေနနဲ႕ ရႏုိင္တာေလးေတြကို ေျပာရမယ့္အလွည့္ေရာက္ပါျပီ။ ဖုန္းအသစ္တစ္လံုးလည္းကိုင္ခ်င္တယ္၊ OPPO ကိုလည္း ၾကိဳက္တယ္ဆိုုရင္ေတာ့ Oppo F11 Pro Avengers Limited Edition ေလးကို စမ္းသင့္ပါတယ္။

ျပီးခဲ့တဲ့လတုန္းက ထြက္ခဲ့တဲ့ Oppo F11 Pro နဲ႕ အတူတူပါပဲ။ ဓါတ္ပံုရုိက္မယ့္အခ်ိန္မွ ထြက္ေပၚလာမယ့္ ဆယ္လ္ဖီကင္မရာေလးကလည္း စိတ္လႈပ္ရွားဖို႕ေကာင္းပါတယ္။ အေနာက္ကင္မရာ 48MP ကလည္း ဆြဲေဆာင္မႈတစ္ခုပါပဲ။


Oppo F11 Pro Avengers Limited Edition ကို ဧျပီ၂၄ရက္ေန႕ မေလးရွားႏုိင္ငံမွာ စတင္ထြက္ရွိေပးမွာျဖစ္ပါတယ္။ Avengers ဇာတ္ကားထြက္ရွိမယ့္ရက္နဲ႕ အတူတူပါပဲ။ OPPO Malaysia ကေတာ့ သူတို႕ႏုိင္ငံအျပင္ အျခားႏိုင္ငံကဖန္ေတြပါ စိတ္လႈပ္ရွားေအာင္ teaser ေလးေတြနဲ႕ ဆြဲေဆာင္ေနပါတယ္။

Pixel 3 ကေတာ့ Thanos ကို တုိက္ဖို႕အတြက္ အေကာင္းဆံုးဖုန္းေတာ့ မဟုတ္ပါဘူး။ ေသခ်ာတာေပ့ါ။ OPPO F11 Pro နဲ႕လည္း ဗီလိန္ၾကီးကို တုိက္လို႕မရႏုိင္ပါဘူး။ ဒါေပမယ့္လည္း တုိက္ပြဲအတြင္းမွာ ပံုေကာင္းေကာင္းေလးေတြ ရုိက္ကူးလို႕ရႏုိင္တယ္ေလ။

limited edition Oppo F11 Pro ကေတာ့ အျပာေလးပါ၀င္မွာျဖစ္ပါတယ္။ Avengers logo ေလးကို အေနာက္ဘက္မွာ ေတြ႕ျမင္ရပါတယ္။ အတြင္းပုိင္းအခ်က္အလက္ေတြ ေျပာင္းလဲမလားဆုိတာကေတာ့ မေသခ်ာေသးပါဘူး။ 48MP အေနာက္ကင္မရာကေတာ့ ဒီအတုိင္းက်န္ရွိေနမွာပါ။

Special Avengers-themed wallpapers ေတြနဲ႕ accessories ေတြကိုလည္း ေမွ်ာ္မွန္းထားလို႕ရပါတယ္။ အေသးစိတ္ကိုေတာ့ ကၽြန္ေတာ္တုိ႕ မသိရေသးပါဘူး။ ၂၄ရက္ေန႕အတြက္ Avengers ဖန္ေတြ ရင္ခုန္ေနျပီထင္တယ္။

Unicode Version

‘Avengers: End Game’ ဇာတ်ကားထွက်ရှိဖို့ တစ်ပတ်အလိုမှာ OEM နဲ့ brand အတော်များများဟာ သူတို့ရဲ့ ကိုယ်ပိုင် Avengers ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေအသုံးချပြီး ဈေးကွက်ကိုယူဖို့ ကြိုးစားနေကြပါတယ်။ ပြီးခဲ့တုန်းက Google Pixel အဖွဲ့ဆီက ဘာတွေရနိုင်မလဲဆိုတာမျိုးကို ဖော်ပြခဲ့ဖူးပါတယ်။ Avengers Playmoji AR sticker တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ Google မှာ ရနိုင်တဲ့ထုတ်ကုန်တွေက များပြားပါတယ်။ အခုတော့ OPPO ဖန်တွေအနေနဲ့ ရနိုင်တာလေးတွေကို ပြောရမယ့်အလှည့်ရောက်ပါပြီ။ ဖုန်းအသစ်တစ်လုံးလည်းကိုင်ချင်တယ်၊ OPPO ကိုလည်း ကြိုက်တယ်ဆိုရင်တော့ Oppo F11 Pro Avengers Limited Edition လေးကို စမ်းသင့်ပါတယ်။


ပြီးခဲ့တဲ့လတုန်းက ထွက်ခဲ့တဲ့ Oppo F11 Pro နဲ့ အတူတူပါပဲ။ ဓါတ်ပုံရိုက်မယ့်အချိန်မှ ထွက်ပေါ်လာမယ့် ဆယ်လ်ဖီကင်မရာလေးကလည်း စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ အနောက်ကင်မရာ 48MP ကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။



Oppo F11 Pro Avengers Limited Edition ကို ဧပြီ၂၄ရက်နေ့ မလေးရှားနိုင်ငံမှာ စတင်ထွက်ရှိပေးမှာဖြစ်ပါတယ်။ Avengers ဇာတ်ကားထွက်ရှိမယ့်ရက်နဲ့ အတူတူပါပဲ။ OPPO Malaysia ကတော့ သူတို့နိုင်ငံအပြင် အခြားနိုင်ငံကဖန်တွေပါ စိတ်လှုပ်ရှားအောင် teaser လေးတွေနဲ့ ဆွဲဆောင်နေပါတယ်။
Pixel 3 ကတော့ Thanos ကို တိုက်ဖို့အတွက် အကောင်းဆုံးဖုန်းတော့ မဟုတ်ပါဘူး။ သေချာတာပေ့ါ။ OPPO F11 Pro နဲ့လည်း ဗီလိန်ကြီးကို တိုက်လို့မရနိုင်ပါဘူး။ ဒါပေမယ့်လည်း တိုက်ပွဲအတွင်းမှာ ပုံကောင်းကောင်းလေးတွေ ရိုက်ကူးလို့ရနိုင်တယ်လေ။


limited edition Oppo F11 Pro ကတော့ အပြာလေးပါဝင်မှာဖြစ်ပါတယ်။ Avengers logo လေးကို အနောက်ဘက်မှာ တွေ့မြင်ရပါတယ်။ အတွင်းပိုင်းအချက်အလက်တွေ ပြောင်းလဲမလားဆိုတာကတော့ မသေချာသေးပါဘူး။ 48MP အနောက်ကင်မရာကတော့ ဒီအတိုင်းကျန်ရှိနေမှာပါ။
Special Avengers-themed wallpapers တွေနဲ့ accessories တွေကိုလည်း မျှော်မှန်းထားလို့ရပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်တို့ မသိရသေးပါဘူး။ ၂၄ရက်နေ့အတွက် Avengers ဖန်တွေ ရင်ခုန်နေပြီထင်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.