App/Game Enterprise Social Trending

တစ္ျပိဳင္နက္တည္း ေဒါင္းလုတ္ဆြဲႏုိင္ေအာင္ စမ္းသပ္ေနသည့္ Google Play Store

Zawgyi Version

system update လုပ္မွာလား၊ Material Design အသစ္လုပ္မွာလား မသဲကြဲေသးေပမယ့္လည္း Google Play Store မွာ ေျပာင္းလဲမႈေတြ ေတြ႕ျမင္ရမယ္ဆိုတာကေတာ့ ေသခ်ာပါတယ္။ အဲဒီလိုေျပာင္းလဲမႈေတြမွာ တစ္ျပိဳင္နက္တည္း ေဒါင္းလုတ္ဆြဲႏုိင္မယ့္အေျခအေနလည္း ပါ၀င္လာမွာပါ။

တစ္ျပိဳင္နက္တည္း app ေတြကို ေဒါင္းလုတ္ဆြဲႏုိင္မယ့္ feature ေလးကေတာ့ အစတည္းက ပါသင့္တဲ့ feature ေလးပဲျဖစ္ပါတယ္။ Play Store မွာ ထည့္ေပးေတာ့မယ္ဆိုေတာ့ ဆႏၵေတြ ျပည့္၀လာတယ္လို႕ပဲ ဆိုရမွာပါ။

Screenshot of simultaneous app downloads in the Google Play Store.

လက္ရွိ သင့္ဖုန္းေလးမွာ အသံုးမျပဳႏုိင္ေသးဘူးဆိုရင္လည္း လန္႕မသြားပါနဲ႕ဦး။ ဒါက server-side ေျပာင္းလဲမႈျဖစ္တာမို႕ Play Store မွာ ျမင္ရဖို႕ နည္းနည္း ၾကာဦးမွာပါ။ ရျပီဆိုတာနဲ႕ app ေတြကို update လုပ္တဲ့ပံုစံ ေျပာင္းလဲသြားေတာ့မွာပါ။

Screenshot of simultaneous app downloads in the Google Play Store.

ဒီတစ္ခုတည္းပဲ Play Store updated version မွာ ျမင္ရမွာလားဆိိုေတာ့ မဟုတ္ေသးပါဘူး။ internal app sharing ဆိုတာလည္း ပါ၀င္ပါေသးတယ္။ ဒါေလးကေတာ့ developer ေတြအေနနဲ႕ app ရဲ႕ အစမ္းဗားရွင္း ဒါမွမဟုတ္ update ဗားရွင္းေလးကို internal test channel ထဲမွာ ဖိတ္ေခၚျပီးေတာ့ စမ္းသပ္ခြင့္ေပးမွာျဖစ္ပါတယ္။  

စိတ္၀င္စားစရာေကာင္းတာကေတာ့ internal app sharing ထဲမွာ Google က ရီဗ်ဴးလုုပ္မွာမဟုတ္ေသးပါဘူး။ Google ဟာ Google Play Terms of Service ေတြကို အဲဒီ app ေတြအတြက္ ေလွ်ာ့ေပါ့ထားေပးမွာျဖစ္ပါတယ္။ အႏၱရာယ္မ်ားတယ္လိို႕ထင္ရေပမယ့္ Google က developer ေတြကို ဖန္တီးေပးျပီးသားပါ။ ၾကည့္ခ်င္ရင္ ဖြင့္လို႕ရေနပါျပီ။

ကၽြန္ေတာ့ရဲ႕ Sony Xperia XZ1 မွာေတာ့ Play Store version number ေလးကို ထပ္ကာထပ္ကာႏွိပ္လိုက္တာနဲ႕ ေပၚလာတာကို ေတြ႕ရပါတယ္။

Play Protect interface ေလးနဲ႕ TV show ေတြကို ကြန္ရက္အလိုက္ရွာႏုိင္တာေတြလည္း ပါလာမွာပါ။ ဒါေပမယ့္လည္း လူတုိင္းအတြက္ေတာ့ ရႏုိင္မွာမဟုတ္ေသးဘူးဆိုတာ မွတ္ထားေပးပါဦး။

Unicode Version

system update လုပ်မှာလား၊ Material Design အသစ်လုပ်မှာလား မသဲကွဲသေးပေမယ့်လည်း Google Play Store မှာ ပြောင်းလဲမှုတွေ တွေ့မြင်ရမယ်ဆိုတာကတော့ သေချာပါတယ်။ အဲဒီလိုပြောင်းလဲမှုတွေမှာ တစ်ပြိုင်နက်တည်း ဒေါင်းလုတ်ဆွဲနိုင်မယ့်အခြေအနေလည်း ပါဝင်လာမှာပါ။
တစ်ပြိုင်နက်တည်း app တွေကို ဒေါင်းလုတ်ဆွဲနိုင်မယ့် feature လေးကတော့ အစတည်းက ပါသင့်တဲ့ feature လေးပဲဖြစ်ပါတယ်။ Play Store မှာ ထည့်ပေးတော့မယ်ဆိုတော့ ဆန္ဒတွေ ပြည့်ဝလာတယ်လို့ပဲ ဆိုရမှာပါ။

Screenshot of simultaneous app downloads in the Google Play Store.


လက်ရှိ သင့်ဖုန်းလေးမှာ အသုံးမပြုနိုင်သေးဘူးဆိုရင်လည်း လန့်မသွားပါနဲ့ဦး။ ဒါက server-side ပြောင်းလဲမှုဖြစ်တာမို့ Play Store မှာ မြင်ရဖို့ နည်းနည်း ကြာဦးမှာပါ။ ရပြီဆိုတာနဲ့ app တွေကို update လုပ်တဲ့ပုံစံ ပြောင်းလဲသွားတော့မှာပါ။

Screenshot of simultaneous app downloads in the Google Play Store.


ဒီတစ်ခုတည်းပဲ Play Store updated version မှာ မြင်ရမှာလားဆိုတော့ မဟုတ်သေးပါဘူး။ internal app sharing ဆိုတာလည်း ပါဝင်ပါသေးတယ်။ ဒါလေးကတော့ developer တွေအနေနဲ့ app ရဲ့ အစမ်းဗားရှင်း ဒါမှမဟုတ် update ဗားရှင်းလေးကို internal test channel ထဲမှာ ဖိတ်ခေါ်ပြီးတော့ စမ်းသပ်ခွင့်ပေးမှာဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာကတော့ internal app sharing ထဲမှာ Google က ရီဗျူးလုပ်မှာမဟုတ်သေးပါဘူး။ Google ဟာ Google Play Terms of Service တွေကို အဲဒီ app တွေအတွက် လျှော့ပေါ့ထားပေးမှာဖြစ်ပါတယ်။ အန္တရာယ်များတယ်လို့ထင်ရပေမယ့် Google က developer တွေကို ဖန်တီးပေးပြီးသားပါ။ ကြည့်ချင်ရင် ဖွင့်လို့ရနေပါပြီ။
ကျွန်တော့ရဲ့ Sony Xperia XZ1 မှာတော့ Play Store version number လေးကို ထပ်ကာထပ်ကာနှိပ်လိုက်တာနဲ့ ပေါ်လာတာကို တွေ့ရပါတယ်။
Play Protect interface လေးနဲ့ TV show တွေကို ကွန်ရက်အလိုက်ရှာနိုင်တာတွေလည်း ပါလာမှာပါ။ ဒါပေမယ့်လည်း လူတိုင်းအတွက်တော့ ရနိုင်မှာမဟုတ်သေးဘူးဆိုတာ မှတ်ထားပေးပါဦး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.