Enterprise Trending

အာကာသမွာ ၿဂိဳလ္တုမ်ားနဲ႔ ေၾကာ္ညာမ်ား ျပသမယ့္ Pepsi

ရုရွား ကုမၸဏီ StartRocket က ကမာၻပတ္လမ္းေၾကာင္းကို အရြယ္ေသး ၿဂိဳလ္တုမ်ား လႊတ္တင္ဖို႔ စီစဥ္ေနပါတယ္။ အဲဒီ ၿဂိဳလ္တုမ်ားနဲ႔ ေၾကာ္ညာမ်ား ျပသေပးမွာပါ။ ကမာၻေျမမွ လူမ်ားက ညအခ်ိန္ ေကာင္းကင္ယံမွာ ေၾကာ္ညာမ်ားကို ျမင္ရမွာ ျဖစ္ပါတယ္။ CubeSats လို႔ အမည္ေပးထားတဲ့ ၿဂိဳလ္တုငယ္ေလးမ်ားဟာ ၾကယ္အတုေလးမ်ား အသြင္နဲ႔ ေၾကာ္ညာမ်ားကို ျပသေပးမွာ ျဖစ္ပါတယ္။

Pepsi ဟာ StartRocket ရဲ႕ ပထမဆံုး ေဖာက္သည္ျဖစ္လာမွာပါ။ ပက္စီက Adrenaline Rush အမည္ရ အားျဖည့္အခ်ိဳရည္ရဲ႕ ေၾကာ္ညာကို အာကာကေန ျပသမွာ ျဖစ္ပါတယ္။ ဒါဟာ ေနာက္ေနတယ္လို႔ ထင္စရာပါ။ ဒါေပမယ့္ ရုရွားမွ ပက္စီရဲ႕ ေျပာေရး ဆိုခြင့္ရွိသူ Olga Mangova က ကုမၸဏီ ၂ ခု ပူးေပါင္းမႈကို Futurism အား အတည္ျပဳလိုက္ပါတယ္။ ဒါ့အျပင္ သူမက ပက္စီဟာ StartRocket ကို ယံုၾကည္မႈ ရွိတယ္လို႔ ေျပာပါတယ္။

StartRocket ဟာ ဇန္န၀ါရီလက အရြယ္ေသး ၿဂိဳလ္တုမ်ားကို အသံုးျပဳၿပီး ေကာင္းကင္ယံမွာ အရြယ္ႀကီး ေၾကာ္ညာမ်ား ျပသဖို႔ စီစဥ္ေနတယ္လို႔ ေျပာပါတယ္။ စီမံကိန္း ေခါင္းေဆာင္ Vlad Sitnikov က “ Brand နဲ႔ Event မ်ားရဲ႕ေၾကာ္ညာမ်ားကို ျပသမွာပါ။ The Super Bowl, Coca Cola, Brexit, the Olympics, Mercedes, FIFA, Supreme နဲ႔ the Mexican wall တို႔နဲ႔ စကားေျပာထားပါတယ္။ ေဖ်ာ္ေျဖေရးနဲ႔ ေၾကာ္ညာမ်ားကို ေပါင္းစပ္ထားတာ ျဖစ္ပါတယ္။ “ လို႔ အဲဒီ အခ်ိန္တုန္းက ေျပာပါတယ္။

StartRocket က ၂၀၂၁ ခုႏွစ္မွာ ၿဂိဳလ္တုမ်ားကို လႊင့္တင္ဖို႔စီစဥ္ေနပါတယ္။ အခုေတာ့ ရန္ပံုေငြမ်ား ေကာက္ခံေနပါတယ္။ ေဒၚလာ ၂၀ ၀၀၀ ထည့္၀င္ထားရင္ ညအခ်ိန္ ေကာင္းကင္ယံမွာ ၈ နာရီၾကာ ေၾကာ္ညာမ်ား ျပသေပးမွာပါ။

unicode

အာကာသမှာ ဂြိုလ်တုများနဲ့ ကြော်ညာများ ပြသမယ့် Pepsi

ရုရှား ကုမ္ပဏီ StartRocket က ကမ္ဘာပတ်လမ်းကြောင်းကို အရွယ်သေး ဂြိုလ်တုများ လွှတ်တင်ဖို့ စီစဉ်နေပါတယ်။ အဲဒီ ဂြိုလ်တုများနဲ့ ကြော်ညာများ ပြသပေးမှာပါ။ ကမ္ဘာမြေမှ လူများက ညအချိန် ကောင်းကင်ယံမှာ ကြော်ညာများကို မြင်ရမှာ ဖြစ်ပါတယ်။ CubeSats လို့ အမည်ပေးထားတဲ့ ဂြိုလ်တုငယ်လေးများဟာ ကြယ်အတုလေးများ အသွင်နဲ့ ကြော်ညာများကို ပြသပေးမှာ ဖြစ်ပါတယ်။

Pepsi ဟာ StartRocket ရဲ့ ပထမဆုံး ဖောက်သည်ဖြစ်လာမှာပါ။ ပက်စီက Adrenaline Rush အမည်ရ အားဖြည့်အချိုရည်ရဲ့ ကြော်ညာကို အာကာကနေ ပြသမှာ ဖြစ်ပါတယ်။ ဒါဟာ နောက်နေတယ်လို့ ထင်စရာပါ။ ဒါပေမယ့် ရုရှားမှ ပက်စီရဲ့ ပြောရေး ဆိုခွင့်ရှိသူ Olga Mangova က ကုမ္ပဏီ ၂ ခု ပူးပေါင်းမှုကို Futurism အား အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် သူမက ပက်စီဟာ StartRocket ကို ယုံကြည်မှု ရှိတယ်လို့ ပြောပါတယ်။

StartRocket ဟာ ဇန်နဝါရီလက အရွယ်သေး ဂြိုလ်တုများကို အသုံးပြုပြီး ကောင်းကင်ယံမှာ အရွယ်ကြီး ကြော်ညာများ ပြသဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ စီမံကိန်း ခေါင်းဆောင် Vlad Sitnikov က “ Brand နဲ့ Event များရဲ့ကြော်ညာများကို ပြသမှာပါ။ The Super Bowl, Coca Cola, Brexit, the Olympics, Mercedes, FIFA, Supreme နဲ့ the Mexican wall တို့နဲ့ စကားပြောထားပါတယ်။ ဖျော်ဖြေရေးနဲ့ ကြော်ညာများကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ “ လို့ အဲဒီ အချိန်တုန်းက ပြောပါတယ်။

StartRocket က ၂၀၂၁ ခုနှစ်မှာ ဂြိုလ်တုများကို လွှင့်တင်ဖို့စီစဉ်နေပါတယ်။ အခုတော့ ရန်ပုံငွေများ ကောက်ခံနေပါတယ်။ ဒေါ်လာ ၂၀ ၀၀၀ ထည့်ဝင်ထားရင် ညအချိန် ကောင်းကင်ယံမှာ ၈ နာရီကြာ ကြော်ညာများ ပြသပေးမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.