Smartphone Trending

Flash Sale မွာ ၁၀ စကၠန္႔အတြင္း ေရာင္းကုန္သြားတဲ့ Huawei P30 နဲ႔ P30 Pro

Huawei P30 နဲ႔ P30 Pro တို႔ရဲ႕ ေရာင္းအားက တရုတ္မွာ အရမ္းလန္းေနပါတယ္။ ပထမဆံုး Flash Sale မွာ ၁၀ စကၠန္႔အတြင္း ပစၥည္းျပတ္သြားတယ္လို႔ သိရပါတယ္။ ကုမၸဏီက ပထမဆံုး Flash Sale မွာ ယြမ္ သန္း ၂၀၀ ဖိုးေရာင္းရတယ္လို႔ ေျပာပါတယ္။ ဒီေငြပမာဏဟာ Memory Configuration အလိုက္ အလံုးေရ ၃၀ ၀၀၀ နဲ႔ ၅၀ ၀၀၀ အၾကားမွာ ရွိပါတယ္။

တရုတ္မွာ ဟြာေ၀းရဲ႕ အြန္လိုင္းစတိုး၊ Vmall တို႔ကေန ေရာင္းခ်ေပးခဲ့တာ ျဖစ္ပါတယ္။ Huawei P30 နဲ႔ P30 Pro ဟာ ကင္မရာ အလန္းစားမ်ားပါတဲ့ ဖုန္းမ်ား ျဖစ္ပါတယ္။ Huawei P30 Pro ဟာ DxOMark ရဲ႕ ကင္မရာ အေကာင္းဆံုး ဖုန္းစာရင္းမွာ နံပါတ္ ၁ ေနရာကို သိမ္းပိုက္လိုက္ပါတယ္။ သူဟာ ၁၁၂ မွတ္ရသြားၿပီး ၁၀၉ မွတ္နဲ႔ ပူးတြဲ ခ်န္ပီယံျဖစ္ေနတဲ့ Mate 20 Pro , P20 Pro နဲ႔ Galaxy S10 Plus တို႔ထက္ သာသြားပါတယ္။ P30 Pro ဟာ ဓါတ္ပံုအပိုင္းမွာ ၁၁၉ မွတ္ရသြားပါတယ္။

ဒီလို ရမွတ္ျမင့္မားရျခင္းမွာ အရည္အေသြးျမင့္တဲ့ Zoom နဲ႔ Bokeh Rendering မ်ားေၾကာင့္ပါ။ 125mm Periscope Camera နဲ႔ 3D ToF Sensor အသစ္ ႏွစ္လံုးေၾကာင့္ ဒီလို ရလဒ္ေကာင္းလာတာပါ။ Zoom Camera ကလည္း လက္ရွိ ဖုန္းအားလံုးထဲမွာ အေကာင္းဆံုးပါ။ သူ႔ရဲ႕ Periscope Design ေၾကာင့္သာမက ပင္မ ကင္မရာမ်ားရဲ႕ ေဒတာမ်ားကိုပါ ရယူၿပီး အရည္အေသြး အလန္းဆံုး ဓါတ္ပံုမ်ားကို ထုတ္လုပ္ေပးပါတယ္။

Bokeh Rendering ကလည္း လက္ရွိ ဖုန္းအားလံုးထဲမွာ အေကာင္းဆံုးပါ။ Super-resolution က 2x Magnification ကို ပံ့ပိုးေပးၿပီး အေကာင္းဆံုး Portrait မ်ားကို ဖန္တီးေပးသလို ToF Module က ေနာက္ခံမ်ားကို မႈန္၀ါးရာမွာ ေခ်ာမြတ္ တိက်ေစပါတယ္။ ပင္မ 40MP Sensor က Low-light မွာ အရမ္းလန္းပါတယ္။ ဘယ္လို အလင္းေရာင္ အေျခအေနမွာ မဆို Noise မ်ားက နည္းပါးပါတယ္။ ဒါေပမယ့္ P30 Pro ဟာ Dynamic Range နဲ႔ Clolor Rendering အပိုင္းမ်ားမွာ အားနည္းခ်က္မ်ား ရွိေနပါေသးတယ္။

ဗီဒီယိုအပိုင္းမွာ သူဟာ ၉၇ မွတ္ ရထားပါတယ္။ Mate 20 Pro နဲ႔ အမွတ္တူၿပီး P20 Pro ထက္ တစ္မွတ္ နည္းေနပါတယ္။ OIS နဲ႔ EIS မ်ားက ဗီဒီယိုမ်ားကို တည္ၿငိမ္ေစၿပီး Low-light Photo မ်ား လန္းေစပါတယ္။ Color Rendering က တိုးတက္ဖို႔ လိုပါေသးတယ္။

P30 Pro ရဲ႕ 32MP Selfie Camera က ၈၉ မွတ္ရသြားၿပီး Mate 20 Pro (75) နဲ႔ P20 Pro (72) တို႔ထက္ သာသြားပါတယ္။ ဒါေပမယ့္ Galaxy S10+ ရဲ႕ ၉၆ မွတ္ထက္ နည္းသြားပါတယ္။ P30 Pro ရဲ႕ အေရွ႕ ကင္မရာဟာ Dynamic Range နဲ႔ Low Light မွာ လန္းပါတယ္။ ကင္မရာ တစ္လံုးသာ ပါေပမယ့္ Bokeh ကလည္း လက္ခံလို႔ရပါတယ္။

Ref : gsmarena

unicode

Flash Sale မှာ ၁၀ စက္ကန့်အတွင်း ရောင်းကုန်သွားတဲ့ Huawei P30 နဲ့ P30 Pro

Huawei P30 နဲ့ P30 Pro တို့ရဲ့ ရောင်းအားက တရုတ်မှာ အရမ်းလန်းနေပါတယ်။ ပထမဆုံး Flash Sale မှာ ၁၀ စက္ကန့်အတွင်း ပစ္စည်းပြတ်သွားတယ်လို့ သိရပါတယ်။ ကုမ္ပဏီက ပထမဆုံး Flash Sale မှာ ယွမ် သန်း ၂၀၀ ဖိုးရောင်းရတယ်လို့ ပြောပါတယ်။ ဒီငွေပမာဏဟာ Memory Configuration အလိုက် အလုံးရေ ၃၀ ၀၀၀ နဲ့ ၅၀ ၀၀၀ အကြားမှာ ရှိပါတယ်။

တရုတ်မှာ ဟွာဝေးရဲ့ အွန်လိုင်းစတိုး၊ Vmall တို့ကနေ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ Huawei P30 နဲ့ P30 Pro ဟာ ကင်မရာ အလန်းစားများပါတဲ့ ဖုန်းများ ဖြစ်ပါတယ်။ Huawei P30 Pro ဟာ DxOMark ရဲ့ ကင်မရာ အကောင်းဆုံး ဖုန်းစာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်လိုက်ပါတယ်။ သူဟာ ၁၁၂ မှတ်ရသွားပြီး ၁၀၉ မှတ်နဲ့ ပူးတွဲ ချန်ပီယံဖြစ်နေတဲ့ Mate 20 Pro , P20 Pro နဲ့ Galaxy S10 Plus တို့ထက် သာသွားပါတယ်။ P30 Pro ဟာ ဓါတ်ပုံအပိုင်းမှာ ၁၁၉ မှတ်ရသွားပါတယ်။

ဒီလို ရမှတ်မြင့်မားရခြင်းမှာ အရည်အသွေးမြင့်တဲ့ Zoom နဲ့ Bokeh Rendering များကြောင့်ပါ။ 125mm Periscope Camera နဲ့ 3D ToF Sensor အသစ် နှစ်လုံးကြောင့် ဒီလို ရလဒ်ကောင်းလာတာပါ။ Zoom Camera ကလည်း လက်ရှိ ဖုန်းအားလုံးထဲမှာ အကောင်းဆုံးပါ။ သူ့ရဲ့ Periscope Design ကြောင့်သာမက ပင်မ ကင်မရာများရဲ့ ဒေတာများကိုပါ ရယူပြီး အရည်အသွေး အလန်းဆုံး ဓါတ်ပုံများကို ထုတ်လုပ်ပေးပါတယ်။

Bokeh Rendering ကလည်း လက်ရှိ ဖုန်းအားလုံးထဲမှာ အကောင်းဆုံးပါ။ Super-resolution က 2x Magnification ကို ပံ့ပိုးပေးပြီး အကောင်းဆုံး Portrait များကို ဖန်တီးပေးသလို ToF Module က နောက်ခံများကို မှုန်ဝါးရာမှာ ချောမွတ် တိကျစေပါတယ်။ ပင်မ 40MP Sensor က Low-light မှာ အရမ်းလန်းပါတယ်။ ဘယ်လို အလင်းရောင် အခြေအနေမှာ မဆို Noise များက နည်းပါးပါတယ်။ ဒါပေမယ့် P30 Pro ဟာ Dynamic Range နဲ့ Clolor Rendering အပိုင်းများမှာ အားနည်းချက်များ ရှိနေပါသေးတယ်။

ဗီဒီယိုအပိုင်းမှာ သူဟာ ၉၇ မှတ် ရထားပါတယ်။ Mate 20 Pro နဲ့ အမှတ်တူပြီး P20 Pro ထက် တစ်မှတ် နည်းနေပါတယ်။ OIS နဲ့ EIS များက ဗီဒီယိုများကို တည်ငြိမ်စေပြီး Low-light Photo များ လန်းစေပါတယ်။ Color Rendering က တိုးတက်ဖို့ လိုပါသေးတယ်။

P30 Pro ရဲ့ 32MP Selfie Camera က ၈၉ မှတ်ရသွားပြီး Mate 20 Pro (75) နဲ့ P20 Pro (72) တို့ထက် သာသွားပါတယ်။ ဒါပေမယ့် Galaxy S10+ ရဲ့ ၉၆ မှတ်ထက် နည်းသွားပါတယ်။ P30 Pro ရဲ့ အရှေ့ ကင်မရာဟာ Dynamic Range နဲ့ Low Light မှာ လန်းပါတယ်။ ကင်မရာ တစ်လုံးသာ ပါပေမယ့် Bokeh ကလည်း လက်ခံလို့ရပါတယ်။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.