Smartphone Trending







unicode

5G အပါအဝင် မော်ဒယ် ၃ ခု ထွက်လာနိုင်တဲ့ OnePlus7

OnePlus က နှစ်တိုင်း မော်ဒယ် ၂ ခု ထုတ်လုပ်ရောင်းချလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ဒီအစဉ်အလာကို ချိုးဖောက်တော့မှာ ဖြစ်ပါတယ်။ Leakster Ishan Agarwal က ဒီနှစ်မှာ မော်ဒယ် ၃ ခု ထုတ်လုပ်မယ်လို့ ပြောပြီး OnePlus 7 , OnePlus 7 Pro နဲ့ OnePlus 7 Pro 5G လို့ အမည်ပေးထားမယ်လို့ ပြောပါတယ်။

OnePlus 7 Pro 5G ရဲ့ ကေ့စ်ဓါတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ကေ့စ်ဒီဇိုင်းက ယခင်နှစ်ထုတ် OnePlus 6T နဲ့ ဆင်ပါတယ်။ LED Flash ထားတဲ့ နေရာသာ ကွာပါတယ်။ 6T မှာ ကင်မရာ ၂ လုံးအောက်နဲ့ 7 Pro 5G မှာ ကင်မရာ ၂ လုံးကြားမှာ ထည့်ထားပါတယ်။

OnePlus 7 Pro ရဲ့ Specs အချို့လည်း ပေါက်ကြားထွက်နေပါတယ်။ သူ့မှာ ၆.၆၇ လက်မ မျက်နှာပြင် နဲ့ 8GB RAM ထည့်ထားမှာပါ။ Snapdragon 855 မောင်းနှင်ထားမှာပါ။ အနောက်ကင်မရာ ၃ လုံးမှာ 48MP+16MP+8MP တို့ ဖြစ်ပါတယ်။ ဘးဘက်ကွေး မျက်နှာပြင် ဖြစ်ပြီး Notch မပါပါဘူး။

OnePlus 7 ရဲ့ သတင်းအချက်အလက်များလည်း ထွက်နေပါတယ်။ သူ့ကိုရောင်းဖို့ ပြီးခဲ့တဲ့ လအစောပိုင်းက Giztop က စာရင်းတင်ထားပါတယ်။ သူ့ရဲ့ Specs များကိုလည်း ဖော်ပြထားပါတယ်။ သူ့မှာ ၆.၅ လက်မ AMOLED Screen ပါလာမှာပါ။ ကမ္ဘာ့ အမြန်ဆုံး Screen Unlock လို့ ကြွေးကြော်ထားပါတယ်။ အနောက်ကင်မရာ ၃ လုံးက 48MP+20MP+5MP များ ဖြစ်ပါတယ်။ Pop-up Selfie Camera က 16MP ဖြစ်ပါတယ်။ Qualcomm Snapdragon 855 Soc မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

8GB/12GB RAM, 128GB/256GB storage များ ထုတ်လုပ်ထားမှာပါ။ 44W Fast Dash Charging ပါတဲ့ 4000mAh Battery ထည့်သွင်းထားပါတယ်။ Android 9.0 Pie အခြေပြု OxygenOS9 ပါလာမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.