Gadget Trending

ေနအိမ္ လံုျခံဳေရး ကင္မရာေၾကာင့္ အဖမ္းခံလိုက္ရတဲ့ သူခိုး

ေနအိမ္ လံုျခံဳေရး ကင္မရာမ်ားရဲ႕ အက်ိဳးေက်းဇူးက မေသးပါဘူး။ သူတို႔ကို တပ္ဆင္ထားရင္ အိမ္ေစာင့္ မထားဘဲနဲ႔ေတာင္ ခရီးသြားႏုိင္ပါတယ္။ သူခိုး၀င္လာရင္ လံုျခံဳေရး စနစ္က Alarm ျမည္လာၿပီး ရဲမ်ားက ကင္မရာက မွတ္တမ္းတင္ထားတဲ့ ဗီဒီယိုကို ၾကည့္ၿပီး သူခိုးကို ဖမ္းေပးမွာပါ။ အခုလည္း ေနအိမ္လံုျခံဳေရး ကင္မရာက အိမ္ရွင္ ခရီးထြက္သြားခ်ိန္မွာ ခိုးဖို႔ ၀င္လာတဲ့ လူကို ဖမ္းေပးလိုက္ပါတယ္။

ခိုးဖို႔ ႀကိဳးစားခဲ့သူက Uber ယာဥ္ေမာင္းတစ္ဦး ျဖစ္ၿပီး အမည္က Jackie Gordon Wilson ပါ။ သူဟာ အိမ္ပိုင္ရွင္ကို ေလဆိပ္ကို လိုက္ပို႔ခဲ့ပါတယ္။ အိမ္မွာ အျခား အိမ္သားမ်ား မရွိဘူးလို႔ သူက တြက္ဆၿပီး ခိုးဖို႔ အိမ္ကို ျပန္လာခဲ့ပါတယ္။ သူ တြက္ဆတဲ့ အတိုင္းပဲ အိမ္မွာ အျခား လူမ်ား မရွိပါဘူး။ ဒါေပမယ့္ လံုျခံဳေရး ကင္မရာက လူစိမ္းကို ျမင္ၿပီး အသံနဲ႔ အခ်က္ေပးလိုက္ပါတယ္။ သူက ထြက္ေျပးသြားေပမယ့္ ရဲမ်ားက ဗီဒီယို မွတ္တမ္းမ်ားကေန သူ႔ကို ဖမ္းမိသြားပါတယ္။

ေနအိမ္မွာ တပ္ထားတဲ့ လံုျခံဳေရး ကင္မရာ စနစ္က Amazon ရဲ႕ Ring ျဖစ္ပါတယ္။ Ring ဟာ အရြယ္အစားေသးငယ္ၿပီး တံခါးမွာ တပ္ဆင္ထားရတာ ျဖစ္ပါတယ္။ မသိတဲ့ လူမ်ားအတြက္ လံုျခံဳေရး ကင္မရာ တပ္ထားတယ္ဆိုတာ မသိနုိင္ပါဘူး။ အဲဒါေၾကာင့္လည္း ၀ီလ္ဆင္တစ္ေယာက္ ထိသြားတာ ျဖစ္ပါတယ္။

သူ႔ကို ပစၥည္းခိုးရန္ တစ္ပါးသူရဲ႕ အိမ္ကို တရားမ၀င္ ၀င္ေရာက္တဲ့ အမႈနဲ႔ အေရးယူလိုက္ပါတယ္။ အူဘာက “ အဲဒီျဖစ္ရပ္ကို သိၿပီးၿပီးခ်င္းမွာပဲ အဲဒီယာဥ္ေမာင္းအား App အသံုးျပဳခြင့္ကို ရပ္နားလိုက္ပါတယ္။ ရဲေတြရဲ႕ စံုစမး္စစ္ေဆးမႈကို ကူညီဖို႔ အဆင္သင့္ပါပဲ။ “ လို႔ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။  ေထာက္လွမ္းေရး ကင္မရာမ်ားေၾကာင့္ ရဲ၀န္ထမ္းမ်ားဟာ မႈခင္းမ်ားကို ပိုမို ေျဖရွင္းႏုိင္လာၾကတယ္လို႔ ရဲဌာနက ေျပာပါတယ္။

unicode

နေအိမ် လုံခြုံရေး ကင်မရာကြောင့် အဖမ်းခံလိုက်ရတဲ့ သူခိုး

နေအိမ် လုံခြုံရေး ကင်မရာများရဲ့ အကျိုးကျေးဇူးက မသေးပါဘူး။ သူတို့ကို တပ်ဆင်ထားရင် အိမ်စောင့် မထားဘဲနဲ့တောင် ခရီးသွားနိုင်ပါတယ်။ သူခိုးဝင်လာရင် လုံခြုံရေး စနစ်က Alarm မြည်လာပြီး ရဲများက ကင်မရာက မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကို ကြည့်ပြီး သူခိုးကို ဖမ်းပေးမှာပါ။ အခုလည်း နေအိမ်လုံခြုံရေး ကင်မရာက အိမ်ရှင် ခရီးထွက်သွားချိန်မှာ ခိုးဖို့ ဝင်လာတဲ့ လူကို ဖမ်းပေးလိုက်ပါတယ်။

ခိုးဖို့ ကြိုးစားခဲ့သူက Uber ယာဉ်မောင်းတစ်ဦး ဖြစ်ပြီး အမည်က Jackie Gordon Wilson ပါ။ သူဟာ အိမ်ပိုင်ရှင်ကို လေဆိပ်ကို လိုက်ပို့ခဲ့ပါတယ်။ အိမ်မှာ အခြား အိမ်သားများ မရှိဘူးလို့ သူက တွက်ဆပြီး ခိုးဖို့ အိမ်ကို ပြန်လာခဲ့ပါတယ်။ သူ တွက်ဆတဲ့ အတိုင်းပဲ အိမ်မှာ အခြား လူများ မရှိပါဘူး။ ဒါပေမယ့် လုံခြုံရေး ကင်မရာက လူစိမ်းကို မြင်ပြီး အသံနဲ့ အချက်ပေးလိုက်ပါတယ်။ သူက ထွက်ပြေးသွားပေမယ့် ရဲများက ဗီဒီယို မှတ်တမ်းများကနေ သူ့ကို ဖမ်းမိသွားပါတယ်။

နေအိမ်မှာ တပ်ထားတဲ့ လုံခြုံရေး ကင်မရာ စနစ်က Amazon ရဲ့ Ring ဖြစ်ပါတယ်။ Ring ဟာ အရွယ်အစားသေးငယ်ပြီး တံခါးမှာ တပ်ဆင်ထားရတာ ဖြစ်ပါတယ်။ မသိတဲ့ လူများအတွက် လုံခြုံရေး ကင်မရာ တပ်ထားတယ်ဆိုတာ မသိနိုင်ပါဘူး။ အဲဒါကြောင့်လည်း ဝီလ်ဆင်တစ်ယောက် ထိသွားတာ ဖြစ်ပါတယ်။

သူ့ကို ပစ္စည်းခိုးရန် တစ်ပါးသူရဲ့ အိမ်ကို တရားမဝင် ဝင်ရောက်တဲ့ အမှုနဲ့ အရေးယူလိုက်ပါတယ်။ အူဘာက “ အဲဒီဖြစ်ရပ်ကို သိပြီးပြီးချင်းမှာပဲ အဲဒီယာဉ်မောင်းအား App အသုံးပြုခွင့်ကို ရပ်နားလိုက်ပါတယ်။ ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုကို ကူညီဖို့ အဆင်သင့်ပါပဲ။ “ လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ထောက်လှမ်းရေး ကင်မရာများကြောင့် ရဲဝန်ထမ်းများဟာ မှုခင်းများကို ပိုမို ဖြေရှင်းနိုင်လာကြတယ်လို့ ရဲဌာနက ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.