App/Game Trending

နီေပါမွာ PUBG ကစားသူမ်ားကို ဖမ္းေန

PUBG ကစားျခင္းဟာ လူငယ္မ်ားအၾကား ဂိမ္းကို စြဲလမ္းေစၿပီး အၾကမ္းဖက္မႈမ်ား ျဖစ္ပြားေစတယ္လို႔ ယူဆထားတဲ့ ႏိုင္ငံမ်ား ရွိေနပါတယ္။ အခုေတာ့ အဲဒီ ႏုိင္ငံမ်ားထဲမွာ နီေပါလည္း ပါ၀င္လာပါၿပီ။ နီေပါ အာဏာပိုင္မ်ားက PUBG ကစားျခင္းကို ပိတ္ပင္လိုက္ၿပီး ကစားသူမ်ားကို လိုက္လံဖမ္းဆီးေနပါတယ္။

ၿပီးခဲ့တဲ့ မတ္လကလည္း အိႏၵိယမွ Ahmedabad ၿမိဳ႕ Rakhial ေဒသ Urbannagar မွ ရဲမ်ားဟာ PUBG ကစားလို႔ အသက္ ၂၀ အရြယ္ လူငယ္တစ္ဦးကို ဖမ္းဆီးလိုက္တယ္လို႔သိရပါတယ္။ ၿပီးေတာ့ အျခား လူငယ္သံုးဦးကိုလည္း ဒီအမႈနဲ႔ ဖမ္းဆီးခဲ့ပါတယ္။ အဲဒီၿမိဳ႕မွာ အဲဒီ ဂိမ္းကို မကစားရဘူးလို႔ အမိန္႔ထုတ္ထားတာျဖစ္ပါတယ္။

သူ႔လိုပဲ အိႏၵိယရဲ႕ အခ်ိဳ႕ ၿမိဳ႕မ်ားမွာ အဲဒီ ဂိမ္း ကစားျခင္းကို ပိတ္ပင္ေနၾကပါတယ္။ အဲဒီ ဂိမ္း ကစားျခင္းေၾကာင့္ အိႏၵိယမွာ လူေသဆံုးမႈမ်ား ျဖစ္ခဲ့ၿပီးေနာက္မွာ အဲဒီမွာ သူ႔ကို ကစားျခင္းကို ကန္႔သတ္ ပိတ္ပင္မႈမ်ား ရွိလာတာ ျဖစ္ပါတယ္။ အဖဲြ႕အစည္းမ်ားကလည္း သူ႔ကို တစ္ႏိုင္ငံလံုးမွာ ပိတ္ပင္ေပးဖို႔ အစိုးရကို ေတာင္းဆိုထားပါတယ္။

ဂိမ္းကို ဖန္တီးထားတဲ့ တရုတ္ ကုမၸဏီ တန္းစန္႔ကေတာ့ အိႏၵိယ တစ္ႏိုင္ငံလံုးမွာ ပိတ္ပင္မွာကို လိုလားမွာ မဟုတ္တာ ေသခ်ာပါတယ္။ အခုေတာ့ ကုမၸဏီက အိႏၵိယမွာ PUBG Mobile ကို တစ္ရက္လွ်င္ ၆ နာရီသာ ကစားႏုိင္ေအာင္ ကန္႔သတ္လိုက္ပါတယ္။ ကုမၸဏီက တရား၀င္ေတာ့ မေျပာေသးပါဘူး။ ဒါေပမယ့္ ၆ နာရီ ျပည့္သြားရင္ ကစားလို႔ မရေတာ့ဘဲ ေနာက္ရက္မွ ကစားဖို႔ အသိေပးစာေပၚလာတယ္လို႔ သိရပါတယ္။

အိႏၵိယမွာ ဖမ္းဆီးလိုက္တဲ့ လူငယ္မ်ားကို ခံ၀န္ကတိေရးထိုးေစၿပီး ျပန္လည္လႊတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ အက်ဥ္းသား မွတ္တမ္းမ်ားမွာလည္း ထည့္သြင္းျခင္း မျပဳဘူးလို႔ ရဲဌာနက ေျပာပါတယ္။ အိႏၵိယရဲ႕ ေဒသ အခ်ိဳ႕မွာ Selfie ရိုက္ကူးတာကို ပိတ္ပင္ထားတာေတြ ရွိပါတယ္။ The Times of India က PUBG ကို ပိတ္ပင္ထားတဲ့ ေဒသမ်ားမွာ Momo Challenge Game ကိုလည္း ပိတ္ပင္ထားတယ္လို႔ ေျပာပါတယ္။

PUBG ကို ပိတ္ပင္ထားတဲ့ ေဒသမ်ားမွ PUBG Fans မ်ားဟာ အလားတူ ဂိမ္းမ်ိဳး ျဖစ္တဲ့ Fortnite ကို ေျပာင္းလဲ ကစားၾကမယ္လို႔ ထင္ရပါတယ္။ မၾကာခင္မွာ Fortnite ကိုလည္း ပိတ္ပင္ႏုိင္ပါတယ္။

Ref : tnw

unicode

နီပေါမှာ PUBG ကစားသူများကို ဖမ်းနေ

PUBG ကစားခြင်းဟာ လူငယ်များအကြား ဂိမ်းကို စွဲလမ်းစေပြီး အကြမ်းဖက်မှုများ ဖြစ်ပွားစေတယ်လို့ ယူဆထားတဲ့ နိုင်ငံများ ရှိနေပါတယ်။ အခုတော့ အဲဒီ နိုင်ငံများထဲမှာ နီပေါလည်း ပါဝင်လာပါပြီ။ နီပေါ အာဏာပိုင်များက PUBG ကစားခြင်းကို ပိတ်ပင်လိုက်ပြီး ကစားသူများကို လိုက်လံဖမ်းဆီးနေပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း အိန္ဒိယမှ Ahmedabad မြို့ Rakhial ဒေသ Urbannagar မှ ရဲများဟာ PUBG ကစားလို့ အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ ပြီးတော့ အခြား လူငယ်သုံးဦးကိုလည်း ဒီအမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီမြို့မှာ အဲဒီ ဂိမ်းကို မကစားရဘူးလို့ အမိန့်ထုတ်ထားတာဖြစ်ပါတယ်။

သူ့လိုပဲ အိန္ဒိယရဲ့ အချို့ မြို့များမှာ အဲဒီ ဂိမ်း ကစားခြင်းကို ပိတ်ပင်နေကြပါတယ်။ အဲဒီ ဂိမ်း ကစားခြင်းကြောင့် အိန္ဒိယမှာ လူသေဆုံးမှုများ ဖြစ်ခဲ့ပြီးနောက်မှာ အဲဒီမှာ သူ့ကို ကစားခြင်းကို ကန့်သတ် ပိတ်ပင်မှုများ ရှိလာတာ ဖြစ်ပါတယ်။ အဖွဲ့အစည်းများကလည်း သူ့ကို တစ်နိုင်ငံလုံးမှာ ပိတ်ပင်ပေးဖို့ အစိုးရကို တောင်းဆိုထားပါတယ်။

ဂိမ်းကို ဖန်တီးထားတဲ့ တရုတ် ကုမ္ပဏီ တန်းစန့်ကတော့ အိန္ဒိယ တစ်နိုင်ငံလုံးမှာ ပိတ်ပင်မှာကို လိုလားမှာ မဟုတ်တာ သေချာပါတယ်။ အခုတော့ ကုမ္ပဏီက အိန္ဒိယမှာ PUBG Mobile ကို တစ်ရက်လျှင် ၆ နာရီသာ ကစားနိုင်အောင် ကန့်သတ်လိုက်ပါတယ်။ ကုမ္ပဏီက တရားဝင်တော့ မပြောသေးပါဘူး။ ဒါပေမယ့် ၆ နာရီ ပြည့်သွားရင် ကစားလို့ မရတော့ဘဲ နောက်ရက်မှ ကစားဖို့ အသိပေးစာပေါ်လာတယ်လို့ သိရပါတယ်။

အိန္ဒိယမှာ ဖမ်းဆီးလိုက်တဲ့ လူငယ်များကို ခံဝန်ကတိရေးထိုးစေပြီး ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အကျဉ်းသား မှတ်တမ်းများမှာလည်း ထည့်သွင်းခြင်း မပြုဘူးလို့ ရဲဌာနက ပြောပါတယ်။ အိန္ဒိယရဲ့ ဒေသ အချို့မှာ Selfie ရိုက်ကူးတာကို ပိတ်ပင်ထားတာတွေ ရှိပါတယ်။ The Times of India က PUBG ကို ပိတ်ပင်ထားတဲ့ ဒေသများမှာ Momo Challenge Game ကိုလည်း ပိတ်ပင်ထားတယ်လို့ ပြောပါတယ်။

PUBG ကို ပိတ်ပင်ထားတဲ့ ဒေသများမှ PUBG Fans များဟာ အလားတူ ဂိမ်းမျိုး ဖြစ်တဲ့ Fortnite ကို ပြောင်းလဲ ကစားကြမယ်လို့ ထင်ရပါတယ်။ မကြာခင်မှာ Fortnite ကိုလည်း ပိတ်ပင်နိုင်ပါတယ်။

Ref : tnw

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.