Smartphone Trending

Sharp က ေဒါင္လိုက္ ေခါက္ခ်ိဳးႏုိင္တဲ့ ဖုန္းကို ျပသ

Sharp ရဲ႕ ေဒါင္လိုက္ ေခါက္ခ်ိဳးႏိုင္တဲ့ ဖုန္း Patent ကုိ ၿပီးခဲ့တဲ့ လက ျမင္ခဲ့ၾကပါတယ္။ အခုေတာ့ သူ႔ရဲ႕ နမူနာ ေမာ္ဒယ္ကို ကုမၸဏီက ျပသလိုက္ပါတယ္။ အဲဒီ ဖုန္းရဲ႕ ေခါက္ခ်ိဳး ဒီဇိုင္းကို ေအာက္က ဗီဒီယိုမွာ ေလ့လာႏုိင္ပါတယ္။

အဲဒီ ေခါက္ခ်ိဳး စမတ္ဖုန္းမွာ ၆.၁၈ လက္မ 1440x3040p AMOLED Display ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ ဗီဒီယိုမွာ အရြယ္ႀကီး Notch ကို ျမင္ရပါတယ္။ ဖုန္းကို ေဒါင္လိုက္ အတြင္းဘက္ ေခါက္ခ်ိဳး အသံုးျပဳႏုိင္ပါတယ္။ ကုမၸဏီက အႀကိမ္ေပါင္း ၃၀၀ ၀၀၀ ေခါက္ခ်ိဳးတာကို ခံႏိုင္တယ္လို႔ ေျပာတဲ့ အတြက္ သက္တမ္း အလြန္ ရွည္ၾကာစြာ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ေခါက္ခ်ိဳး သယ္ေဆာင္ႏိုင္တဲ့ အတြက္ လူေတြ ႀကိဳက္ၾကမယ္လို႔ ကုမၸဏီက ေျပာပါတယ္။

ကုမၸဏီက လာမယ့္ ႏွစ္ အနည္းငယ္အတြင္းမွာ သူ႔ကို ေရာင္းခ်ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ အဲဒီအတြက္ အခ်ိန္အေတာ္ၾကာဦးမွာျဖစ္ပါတယ္။ အျခား ကုမၸဏီမ်ားကေတာ့ သူတို႔ရဲ႕ ပထမဆံုး ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ေရာင္းခ်ေနၾကပါၿပီ။ Motorola ကလည္း Sharp ရဲ႕ ဒီဇိုင္းနဲ႔ တူတဲ့ ေခါက္ခ်ိဳး စမတ္ဖုန္းကို ဖန္တီးေနပါတယ္။ သူ႔ရဲ႕ အမည္က RAZR 2019 ျဖစ္ႏုိင္ပါတယ္။ ဒီႏွစ္ထဲမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ေဒၚလာ ၁၅၀၀ ေလာက္ ရွိႏုိင္ပါတယ္။

unicode

Sharp က ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ ဖုန်းကို ပြသ

Sharp ရဲ့ ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ ဖုန်း Patent ကို ပြီးခဲ့တဲ့ လက မြင်ခဲ့ကြပါတယ်။ အခုတော့ သူ့ရဲ့ နမူနာ မော်ဒယ်ကို ကုမ္ပဏီက ပြသလိုက်ပါတယ်။ အဲဒီ ဖုန်းရဲ့ ခေါက်ချိုး ဒီဇိုင်းကို အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

အဲဒီ ခေါက်ချိုး စမတ်ဖုန်းမှာ ၆.၁၈ လက်မ 1440x3040p AMOLED Display ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ ဗီဒီယိုမှာ အရွယ်ကြီး Notch ကို မြင်ရပါတယ်။ ဖုန်းကို ဒေါင်လိုက် အတွင်းဘက် ခေါက်ချိုး အသုံးပြုနိုင်ပါတယ်။ ကုမ္ပဏီက အကြိမ်ပေါင်း ၃၀၀ ၀၀၀ ခေါက်ချိုးတာကို ခံနိုင်တယ်လို့ ပြောတဲ့ အတွက် သက်တမ်း အလွန် ရှည်ကြာစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ခေါက်ချိုး သယ်ဆောင်နိုင်တဲ့ အတွက် လူတွေ ကြိုက်ကြမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ကုမ္ပဏီက လာမယ့် နှစ် အနည်းငယ်အတွင်းမှာ သူ့ကို ရောင်းချဖို့ မျှော်လင့်ထားပါတယ်။ အဲဒီအတွက် အချိန်အတော်ကြာဦးမှာဖြစ်ပါတယ်။ အခြား ကုမ္ပဏီများကတော့ သူတို့ရဲ့ ပထမဆုံး ခေါက်ချိုး စမတ်ဖုန်းများကို ရောင်းချနေကြပါပြီ။ Motorola ကလည်း Sharp ရဲ့ ဒီဇိုင်းနဲ့ တူတဲ့ ခေါက်ချိုး စမတ်ဖုန်းကို ဖန်တီးနေပါတယ်။ သူ့ရဲ့ အမည်က RAZR 2019 ဖြစ်နိုင်ပါတယ်။ ဒီနှစ်ထဲမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၁၅၀၀ လောက် ရှိနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.