Smartphone Trending

အေရွ႕၊ အေနာက္ လွည့္ႏိုင္တဲ့ ကင္မရာမ်ား ပါတဲ့ Samsung Galaxy A80 ကို ေၾကညာ

Samsung Galaxy A80 ဟာ ဆန္းသစ္တဲ့ ကင္မရာ ဒီဇိုင္းပါတဲ့ ဖုန္းပါ။ ေမာ္တာ အေျချပဳ Pop-up Camera ထည့္သြင္းထားၿပီး ကင္မရာမ်ားက အေရွ႕နဲ႔ အေနာက္ကို လွည့္ၿပီးသံုးႏုိင္ပါတယ္။ အဲဒီအတြက္ ဆဲလ္ဖီးနဲ႔ အေနာက္ကင္မရာမ်ားက အတူတူပဲျဖစ္ပါတယ္။ ဆဲလ္ဖီးမ်ားကလည္း အလြန္လန္းလာမွာပါ။

ကင္မရာမ်ားက 48MP Main + 8MP Ultra-wide+ 3D ToF Sensor မ်ား ျဖစ္ပါတယ္။ 3D ToF က ဓါတ္ပံုနဲ႔ ဗီဒီယိုမ်ားမွာ Live Focus ကို ပံ့ပိုးေပးပါတယ္။ သူ႔မွာ ၆.၇ လက္မ Super AMOLED Display ထည့္သြင္းထားၿပီး အရည္အေသြးမွာ 1080x2400p ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ ထည့္သြင္းထားပါတယ္။

သတၱဳကိုယ္ထည္နဲ႔ တည္ေဆာက္ထားၿပီး ေဘးဘက္မ်ားဟာ Curved Glass ျဖစ္ပါတယ္။ 25W Super Fast Charging ပါတဲ့ 3700mAh Battery ပါပါတယ္။ ႀကိဳးမဲ့အားသြင္းစနစ္ မပါပါဘူး။ 8/128GB တစ္မ်ိဳးသာ ထုတ္ထားပါတယ္။ microSD Card Slot မပါပါဘူး။ Android 9 Pie အေျချပဳ One UI ပါပါတယ္။

အနက္၊ ေရႊနဲ႔ အျဖဴေရာင္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ ေနာက္ဆံုး ၂ လံုးဟာ အလင္းေရာင္က်ေရာက္မႈ အေပၚ မူတည္ၿပီး ပန္းနဲ႔ အျပာေရာင္မ်ား အသီးသီး ေျပာင္းလဲသြားပါတယ္။ ၇၃၀ ေဒၚလာ သတ္မွတ္ထားၿပီး ေမလ ၂၉ ရက္မွာ ေရာင္းမွာပါ။

Ref : gsmarena

unicode

အရှေ့၊ အနောက် လှည့်နိုင်တဲ့ ကင်မရာများ ပါတဲ့ Samsung Galaxy A80 ကို ကြေညာ

Samsung Galaxy A80 ဟာ ဆန်းသစ်တဲ့ ကင်မရာ ဒီဇိုင်းပါတဲ့ ဖုန်းပါ။ မော်တာ အခြေပြု Pop-up Camera ထည့်သွင်းထားပြီး ကင်မရာများက အရှေ့နဲ့ အနောက်ကို လှည့်ပြီးသုံးနိုင်ပါတယ်။ အဲဒီအတွက် ဆဲလ်ဖီးနဲ့ အနောက်ကင်မရာများက အတူတူပဲဖြစ်ပါတယ်။ ဆဲလ်ဖီးများကလည်း အလွန်လန်းလာမှာပါ။

ကင်မရာများက 48MP Main + 8MP Ultra-wide+ 3D ToF Sensor များ ဖြစ်ပါတယ်။ 3D ToF က ဓါတ်ပုံနဲ့ ဗီဒီယိုများမှာ Live Focus ကို ပံ့ပိုးပေးပါတယ်။ သူ့မှာ ၆.၇ လက်မ Super AMOLED Display ထည့်သွင်းထားပြီး အရည်အသွေးမှာ 1080x2400p ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။

သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ဘေးဘက်များဟာ Curved Glass ဖြစ်ပါတယ်။ 25W Super Fast Charging ပါတဲ့ 3700mAh Battery ပါပါတယ်။ ကြိုးမဲ့အားသွင်းစနစ် မပါပါဘူး။ 8/128GB တစ်မျိုးသာ ထုတ်ထားပါတယ်။ microSD Card Slot မပါပါဘူး။ Android 9 Pie အခြေပြု One UI ပါပါတယ်။

အနက်၊ ရွှေနဲ့ အဖြူရောင်များ ရွေးချယ်နိုင်ပါတယ်။ နောက်ဆုံး ၂ လုံးဟာ အလင်းရောင်ကျရောက်မှု အပေါ် မူတည်ပြီး ပန်းနဲ့ အပြာရောင်များ အသီးသီး ပြောင်းလဲသွားပါတယ်။ ၇၃၀ ဒေါ်လာ သတ်မှတ်ထားပြီး မေလ ၂၉ ရက်မှာ ရောင်းမှာပါ။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.