မဂၤလာေဆာင္မွာ ဓါတ္ပံုရိုက္ေပးတဲ့ ဓါတ္ပံုဆရာ စက္ရုပ္

0
61

စက္ရုပ္ေတြက လူသားေတြရဲ႕ အလုပ္အကိုင္မ်ားကို ၿခိမ္းေျခာက္လာေနပါၿပီ။ အခုလည္း ဓါတ္ပံုဆရာမ်ား မ်က္ခံုးလႈပ္ရမယ့္ သတင္းတစ္ပုဒ္ တင္ဆက္ေပးခ်င္ပါတယ္။ ၿဗိတိန္ အေျခစိုက္ Service Robots က ပေရာ္ဖက္ရွင္နယ္ စက္ရုပ္မ်ားကို ငွားရမ္း သို႔မဟုတ္ ေရာင္းခ်ေနပါတယ္။ အဲဒီအထဲက တစ္ခုက Eva အမည္ရ ဓါတ္ပံု ဆရာ စက္ရုပ္မ ျဖစ္ပါတယ္။

သူဟာ လူတူ စက္ရုပ္ ျဖစ္ၿပီး သူက လူေတြရဲ႕ မ်က္ႏွာမ်ားကို သိနားလည္ပါတယ္။ သူက ဓါတ္ပံု မရိုက္ခင္မွာ ခြင့္ျပဳခ်က္ကိုလည္း ေတာင္းခံတတ္ပါတယ္။ သူဟာ ဒီႏွစ္ အေစာပိုင္းကတည္းက အလုပ္မ်ား စတင္ လက္ခံလာတာပါ။ ဧၿပီလ ၇ ရက္ေန႔မွာေတာ့ သူဟာ မဂၤလာေဆာင္မွာ ပထမဆံုး အႀကိမ္ ဓါတ္ပံုရိုက္ကူးေပးခဲ့ပါတယ္။ Gary နဲ႔ Megan Barker တို႔က  သူတို႔ရဲ႕ မဂၤလာပြဲအတြက္ ငွားရမ္းခဲ့တာပါ။

“ မဂၤလာပြဲမွာ ပိုေပ်ာ္စရာေကာင္းခဲ့ပါတယ္။ ဧည့္သည္ေတြက စက္ရုပ္ အေၾကာင္းကိုပဲ ေျပာေနၾကပါတယ္။ “ လို႔ Gary က Bride Magazine ကို ေျပာပါတယ္။ Eva ရဲ႕ အေရွ႕မွာ စကရင္ တစ္ခု ထည့္ထားပါတယ္။ ဧည့္သည္မ်ားက သူတို႔ရိုက္ခ်င္တဲ့ ပံုမ်ားကို စကရင္မွာ ေရြးခ်ယ္ႏုိင္ပါတယ္။

Service Robots က မဂၤလာပြဲမွာ Printing Station တစ္ခုကို တည္ေဆာက္ေပးထားတဲ့ အတြက္ ဓါတ္ပံုထုတ္ဖို႔ အဆင္ေျပပါတယ္။ မဂၤလာေမာင္ႏွံ အျပင္ ဧည့္သည္မ်ားကလည္း သူတို႔ရဲ႕ ပံုမ်ားကို ထုတ္သြားႏုိင္ပါတယ္။ မထုတ္ဘဲ လူမႈကြန္ရက္မ်ားမွာ မွ်ေ၀ႏုိင္ေအာင္ အင္တာနက္ ပံ့ပိုးေပးထားပါတယ္။ Eva ဟာ ပေရာ္ဖက္ရွင္နယ္ ဓါတ္ပံု ဆရာမ်ားကို မွီလားလို႔ ေမးစရာ ရွိပါတယ္။ လက္ရွိမွာေတာ့ သူဟာ  ေရႊပြဲလာ ဧည့္သည္ေတြကို ေပ်ာ္ေအာင္ လုပ္ေပးဖို႔ စတန္႔ထြင္ထားတဲ့ အဆင့္သာ ရွိပါေသးတယ္။ အနာဂတ္မွာေတာ့ ဒီထက္ပို စြမ္းရည္ျမင့္မားလာမွာပါ။

unicode

မင်္ဂလာဆောင်မှာ ဓါတ်ပုံရိုက်ပေးတဲ့ ဓါတ်ပုံဆရာ စက်ရုပ်

စက်ရုပ်တွေက လူသားတွေရဲ့ အလုပ်အကိုင်များကို ခြိမ်းခြောက်လာနေပါပြီ။ အခုလည်း ဓါတ်ပုံဆရာများ မျက်ခုံးလှုပ်ရမယ့် သတင်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ဗြိတိန် အခြေစိုက် Service Robots က ပရော်ဖက်ရှင်နယ် စက်ရုပ်များကို ငှားရမ်း သို့မဟုတ် ရောင်းချနေပါတယ်။ အဲဒီအထဲက တစ်ခုက Eva အမည်ရ ဓါတ်ပုံ ဆရာ စက်ရုပ်မ ဖြစ်ပါတယ်။

သူဟာ လူတူ စက်ရုပ် ဖြစ်ပြီး သူက လူတွေရဲ့ မျက်နှာများကို သိနားလည်ပါတယ်။ သူက ဓါတ်ပုံ မရိုက်ခင်မှာ ခွင့်ပြုချက်ကိုလည်း တောင်းခံတတ်ပါတယ်။ သူဟာ ဒီနှစ် အစောပိုင်းကတည်းက အလုပ်များ စတင် လက်ခံလာတာပါ။ ဧပြီလ ၇ ရက်နေ့မှာတော့ သူဟာ မင်္ဂလာဆောင်မှာ ပထမဆုံး အကြိမ် ဓါတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။ Gary နဲ့ Megan Barker တို့က သူတို့ရဲ့ မင်္ဂလာပွဲအတွက် ငှားရမ်းခဲ့တာပါ။

“ မင်္ဂလာပွဲမှာ ပိုပျော်စရာကောင်းခဲ့ပါတယ်။ ဧည့်သည်တွေက စက်ရုပ် အကြောင်းကိုပဲ ပြောနေကြပါတယ်။ “ လို့ Gary က Bride Magazine ကို ပြောပါတယ်။ Eva ရဲ့ အရှေ့မှာ စကရင် တစ်ခု ထည့်ထားပါတယ်။ ဧည့်သည်များက သူတို့ရိုက်ချင်တဲ့ ပုံများကို စကရင်မှာ ရွေးချယ်နိုင်ပါတယ်။

Service Robots က မင်္ဂလာပွဲမှာ Printing Station တစ်ခုကို တည်ဆောက်ပေးထားတဲ့ အတွက် ဓါတ်ပုံထုတ်ဖို့ အဆင်ပြေပါတယ်။ မင်္ဂလာမောင်နှံ အပြင် ဧည့်သည်များကလည်း သူတို့ရဲ့ ပုံများကို ထုတ်သွားနိုင်ပါတယ်။ မထုတ်ဘဲ လူမှုကွန်ရက်များမှာ မျှဝေနိုင်အောင် အင်တာနက် ပံ့ပိုးပေးထားပါတယ်။ Eva ဟာ ပရော်ဖက်ရှင်နယ် ဓါတ်ပုံ ဆရာများကို မှီလားလို့ မေးစရာ ရှိပါတယ်။ လက်ရှိမှာတော့ သူဟာ ရွှေပွဲလာ ဧည့်သည်တွေကို ပျော်အောင် လုပ်ပေးဖို့ စတန့်ထွင်ထားတဲ့ အဆင့်သာ ရှိပါသေးတယ်။ အနာဂတ်မှာတော့ ဒီထက်ပို စွမ်းရည်မြင့်မားလာမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.