Smartphone Trending

OPPO က စြမ္းရည္ျမင့္ Reno ကို ေၾကညာ

OPPO က စြမ္းရည္ျမင့္ ဖုန္း အသစ္တစ္လံုးကို ေၾကညာလိုက္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ထုတ္ Find X လို ဆန္းသစ္တဲ့ Specs မ်ား ပါပါတယ္။ သူ႔ရဲ႕ အမည္က Reno  ျဖစ္ၿပီး Snapdragon 855 , 48MP Camera , 10x Optical Zoom Lens မ်ား ထည့္ထားပါတယ္။ Notch မပါပါဘူး။

Find X မွာေတာ့ ထိပ္ဖက္အျပည့္ Pop-up Camera ကို သံုးထားပါတယ္။ သူ႔မွာေတာ့ ေဘးေစာင္းထြက္လာတဲ့ Pop-up Camera ကို အစားထိုးထားပါတယ္။ အဲဒီမွာ အေရွ႕ ကင္မရာနဲ႔ Flash ထည့္ထားပါတယ္။ 3D Face Sensor ေတာ့မပါပါဘူး။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ထည့္ထားပါတယ္။

Reno ကို ၂ မ်ိဳးထုတ္ထားပါတယ္။ Reno နဲ႔ Reno 10x Zoom Edition တို႔ျဖစ္ပါတယ္။ ပထမတစ္လံုးမွာ ၆.၄ လက္မ OLED Screen , Snapdragon 710 Processor နဲ႔ Ultrawide Camera အပိုတစ္လံုး ပါပါတယ္။ ဒုတိယတစ္လံုးမွာ ၆.၆ လက္မ မ်က္ႏွာျပင္၊ Snapdragon 855 , 10x Zoom Third Camera မ်ား ထည့္ထားပါတယ္။ ဖုန္း ၂ လံုးစလံုးမွာ NFC, VOOC 3.0 Fast Charging  မ်ား ပါပါတယ္။

သာမာန္ Reno ရဲ႕ 6/128GB ကို ယြမ္ ၂၉၉၉ ( ၄၅၀ ေဒၚလာ) နဲ႔ 6/256GB ကို ယြမ္ ၃၂၉၉ ( ၄၉၀ ေဒၚလာ) က်သင့္ပါတယ္။ 10x Zoom Edition ရဲ႕ 6/128GB ကို ယြမ္ ၃၉၉၉ ( ၆၀၀ ေဒၚလာ) နဲ႔ 6/256GB ကို ယြမ္ ၄၄၉၉( ၆၇၀ ေဒၚလာ)၊ 8/256GB ကို ယြမ္ ၄၇၉၉ (၇၁၀ ေဒၚလာ) သတ္မွတ္ထားပါတယ္။

unicode

OPPO က စွမ်းရည်မြင့်  Reno ကို ကြေညာ

OPPO က စွမ်းရည်မြင့် ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ထုတ် Find X လို ဆန်းသစ်တဲ့ Specs များ ပါပါတယ်။ သူ့ရဲ့ အမည်က Reno  ဖြစ်ပြီး Snapdragon 855 , 48MP Camera , 10x Optical Zoom Lens များ ထည့်ထားပါတယ်။ Notch မပါပါဘူး။

Find X မှာတော့ ထိပ်ဖက်အပြည့် Pop-up Camera ကို သုံးထားပါတယ်။ သူ့မှာတော့ ဘေးစောင်းထွက်လာတဲ့ Pop-up Camera ကို အစားထိုးထားပါတယ်။ အဲဒီမှာ အရှေ့ ကင်မရာနဲ့ Flash ထည့်ထားပါတယ်။ 3D Face Sensor တော့မပါပါဘူး။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။

Reno ကို ၂ မျိုးထုတ်ထားပါတယ်။ Reno နဲ့ Reno 10x Zoom Edition တို့ဖြစ်ပါတယ်။ ပထမတစ်လုံးမှာ ၆.၄ လက်မ OLED Screen , Snapdragon 710 Processor နဲ့ Ultrawide Camera အပိုတစ်လုံး ပါပါတယ်။ ဒုတိယတစ်လုံးမှာ ၆.၆ လက်မ မျက်နှာပြင်၊ Snapdragon 855 , 10x Zoom Third Camera များ ထည့်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ NFC, VOOC 3.0 Fast Charging  များ ပါပါတယ်။

သာမာန် Reno ရဲ့ 6/128GB ကို ယွမ် ၂၉၉၉ ( ၄၅၀ ဒေါ်လာ) နဲ့ 6/256GB ကို ယွမ် ၃၂၉၉ ( ၄၉၀ ဒေါ်လာ) ကျသင့်ပါတယ်။ 10x Zoom Edition ရဲ့ 6/128GB ကို ယွမ် ၃၉၉၉ ( ၆၀၀ ဒေါ်လာ) နဲ့ 6/256GB ကို ယွမ် ၄၄၉၉( ၆၇၀ ဒေါ်လာ)၊ 8/256GB ကို ယွမ် ၄၇၉၉ (၇၁၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.