Enterprise Smartphone Trending

Huawei က Apple အား 5G Modem ေရာင္းမည္

Huawei က သူ႔ကိုယ္ပိုင္ Processor နဲ႔ Modem မ်ားကို ဖန္တီးေနတာ ႏွစ္မ်ားစြာ ၾကာပါၿပီ။ သူ႔ရဲ႕ ထုတ္ကုန္မ်ားကို သူ႔ရဲ႕ မိုဘိုင္း ကိရိယာမ်ားမွာသာ ထည့္သြင္းထားၿပီး အျခား ၿပိဳင္ဖက္မ်ားကို ေရာင္းခ်ျခင္း မရွိခဲ့ပါဘူး။ အခုေတာ့ ဟြာေ၀းက သူ႔ရဲ႕ မူ၀ါဒကို ေျပာင္းလဲေတာ့မယ့္ပံုေပၚပါတယ္။ ဟြာေ၀းက သူ႔ရဲ႕ 5G Balong 5000 Chipset ကို Apple ကို ေရာင္းမယ္လို႔ သတင္းထြက္လာပါတယ္။ အျခား ကုမၸဏီမ်ားကိုေတာ့ မေရာင္းဘူးလို႔ ေျပာပါတယ္။

ဒီသတင္းက ထူးျခား ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ ဟြာေ၀းက သူ႔ရဲ႕ ဖုန္းမ်ားနဲ႔ IoT Devices မ်ားမွာသာ အဲဒီ Chip ကို အသံုးျပဳမွာျဖစ္ၿပီး အျခား ကုမၸဏီမ်ားကို မေရာင္းခ်ဘူးလို႔ ဇန္န၀ါရီလက ေျပာထားလို႔ပါ။ ဟြာေ၀းဟာ ၂၀၂၀ ခုႏွစ္မွာ ကမာၻ႕ အႀကီးမားဆံုး စမတ္ဖုန္း ကုမၸဏီ ျဖစ္လာဖို႔ ရည္မွန္းထားပါတယ္။ ၿပိဳင္ဖက္မ်ားထက္ အားသာခ်က္က သူ႔ရဲ႕ 5G ပစၥည္းမ်ားပါ။ အဲဒီ ပစၥည္းမ်ားကို ၿပိဳင္ဖက္ ကုမၸဏီကို အကူအညီေပးမယ္ဆိုတာ စဥ္းစားစရာပါ။ Huawei နဲ႔ Apple တို႔ကေတာ့ ဒီသတင္းကို တုန္႔ျပန္ျခင္း မရွိေသးပါဘူး။

ယခင္သတင္းအရ Apple ဟာ ၂၀၂၀ ခုႏွစ္မွာ 5G Smartphone ကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ သိရပါတယ္။ Apple က Intel 8161 5G Modem Chip ကို အသံုးျပဳမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Fast Company ကေန မေန႔က ထြက္လာတဲ့ သတင္းအရ Intel ဟာ အိုင္ဖုန္းမ်ားအတြက္ မိုဒမ္မ်ားကို အခ်ိန္မွီ လံုေလာက္စြာ ထုတ္လုပ္ မေပးႏုိင္ဘူးလို႔ သိရပါတယ္။ အဲဒီအတြက္ လာမယ့္ႏွစ္မွာလည္း 5G iPhone ထြက္လာမွာ မဟုတ္ဘဲ ၂၀၂၁ ခုႏွစ္က်မွသာ ထုတ္လုပ္ေရာင္းခ်ႏိုင္မယ္လို႔ မေန႔က သတင္းထြက္ခဲ့ပါတယ္။ အခုေတာ့ ဟြာေ၀းရဲ႕ ေက်းဇူးေၾကာင့္ 5G iPhone မ်ားကို သိပ္ေနာက္မက်ခင္ ထုတ္လုပ္လာႏုိင္ပါတယ္။

unicode

Huawei က Apple အား 5G Modem ရောင်းမည်

Huawei က သူ့ကိုယ်ပိုင် Processor နဲ့ Modem များကို ဖန်တီးနေတာ နှစ်များစွာ ကြာပါပြီ။ သူ့ရဲ့ ထုတ်ကုန်များကို သူ့ရဲ့ မိုဘိုင်း ကိရိယာများမှာသာ ထည့်သွင်းထားပြီး အခြား ပြိုင်ဖက်များကို ရောင်းချခြင်း မရှိခဲ့ပါဘူး။ အခုတော့ ဟွာဝေးက သူ့ရဲ့ မူဝါဒကို ပြောင်းလဲတော့မယ့်ပုံပေါ်ပါတယ်။ ဟွာဝေးက သူ့ရဲ့ 5G Balong 5000 Chipset ကို Apple ကို ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။ အခြား ကုမ္ပဏီများကိုတော့ မရောင်းဘူးလို့ ပြောပါတယ်။

ဒီသတင်းက ထူးခြား ပါတယ်။ ဘာလို့လဲ ဆိုတော့ ဟွာဝေးက သူ့ရဲ့ ဖုန်းများနဲ့ IoT Devices များမှာသာ အဲဒီ Chip ကို အသုံးပြုမှာဖြစ်ပြီး အခြား ကုမ္ပဏီများကို မရောင်းချဘူးလို့ ဇန်နဝါရီလက ပြောထားလို့ပါ။ ဟွာဝေးဟာ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့ အကြီးမားဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်လာဖို့ ရည်မှန်းထားပါတယ်။ ပြိုင်ဖက်များထက် အားသာချက်က သူ့ရဲ့ 5G ပစ္စည်းများပါ။ အဲဒီ ပစ္စည်းများကို ပြိုင်ဖက် ကုမ္ပဏီကို အကူအညီပေးမယ်ဆိုတာ စဉ်းစားစရာပါ။ Huawei နဲ့ Apple တို့ကတော့ ဒီသတင်းကို တုန့်ပြန်ခြင်း မရှိသေးပါဘူး။

ယခင်သတင်းအရ Apple ဟာ ၂၀၂၀ ခုနှစ်မှာ 5G Smartphone ကို ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ Apple က Intel 8161 5G Modem Chip ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Fast Company ကနေ မနေ့က ထွက်လာတဲ့ သတင်းအရ Intel ဟာ အိုင်ဖုန်းများအတွက် မိုဒမ်များကို အချိန်မှီ လုံလောက်စွာ ထုတ်လုပ် မပေးနိုင်ဘူးလို့ သိရပါတယ်။ အဲဒီအတွက် လာမယ့်နှစ်မှာလည်း 5G iPhone ထွက်လာမှာ မဟုတ်ဘဲ ၂၀၂၁ ခုနှစ်ကျမှသာ ထုတ်လုပ်ရောင်းချနိုင်မယ်လို့ မနေ့က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ဟွာဝေးရဲ့ ကျေးဇူးကြောင့် 5G iPhone များကို သိပ်နောက်မကျခင် ထုတ်လုပ်လာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.