Smartphone Trending

Cases တပ္ဆင္ထားတဲ့ OnePlus 7 ရဲ႕ ပံုမ်ား ထြက္လာ

Pop-up Camera ပါတဲ့ OnePlus 7 ရဲ႕ ဓါတ္ပံုမ်ား ယခင္က ထြက္ခဲ့ဖူးပါတယ္။ အခုထြက္လာတာက ေက့စ္တပ္ဆင္ထားတဲ့ သူ႔ရဲ႕ ပံုေတြပါ။ ေက့စ္မွာ 3.5mm Headphone Jack အတြက္ အေပါက္မပါတာကို ျမင္ရပါတယ္။ Slider ဆဲလ္ဖီး ကင္မရာအတြက္ ထိပ္မွာ အေပါက္ေဖာက္ထားပါတယ္။ အေနာက္ဘက္မွာ ေဒါင္လိုက္ အေပါက္ရွည္ တစ္ခု ပါၿပီး ကင္မရာ ၃ လံုးအတြက္ ျဖစ္ပါတယ္။ ကင္မရာမ်ားကို အလယ္မွာ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

ေအာက္ေျခမွာ USB-C Port နဲ႔ စပီကာမ်ားအတြက္ အေပါက္မ်ား ပါပါတယ္။ မိုက္ကရိုဖုန္း ၂ လံုးလည္း ပါလာမွာပါ။ သူ႔မွာ ႀကိဳးမဲ့ အားသြင္း နည္းပညာ မပါဘူးလို႔ ကုမၸဏီရဲ႕ စီအီးအို Carl Pei က အတည္ျပဳထားပါတယ္။ OnePlus 7 ကို တရား၀င္ ျမင္ရဖို႔ သိပ္မလိုေတာ့ပါဘူး။ အဲဒီ အခ်ိန္က်မွ သတင္းအခ်က္အလက္ အေသးစိတ္ကို သိရမွာပါ။

သူ႔ကိုေရာင္းဖို႔ ၿပီးခဲ့တဲ့ လအေစာပိုင္းက Giztop က စာရင္းတင္ထားပါတယ္။ သူ႔ရဲ႕ Specs မ်ားကိုလည္း ေဖာ္ျပထားပါတယ္။ သူ႔မွာ ၆.၅ လက္မ AMOLED Screen ပါလာမွာပါ။ ကမာၻ႕ အျမန္ဆံုး Screen Unlock လို႔ ေၾကြးေၾကာ္ထားပါတယ္။ အေနာက္ကင္မရာ ၃ လံုးက 48MP+20MP+5MP မ်ား ျဖစ္ပါတယ္။ Pop-up Selfie Camera က 16MP ျဖစ္ပါတယ္။ Qualcomm Snapdragon 855 Soc ေမာင္းႏွင္ထားမွာ ျဖစ္ပါတယ္။

8GB/12GB RAM, 128GB/256GB storage မ်ား ထုတ္လုပ္ထားမွာပါ။ 44W Fast Dash Charging ပါတဲ့ 4000mAh Battery ထည့္သြင္းထားပါတယ္။ Android 9.0 Pie အေျချပဳ OxygenOS9 ပါလာမွာ ျဖစ္ပါတယ္။

unicode

Cases တပ်ဆင်ထားတဲ့ OnePlus 7 ရဲ့ ပုံများ ထွက်လာ  

Pop-up Camera ပါတဲ့ OnePlus 7 ရဲ့ ဓါတ်ပုံများ ယခင်က ထွက်ခဲ့ဖူးပါတယ်။ အခုထွက်လာတာက ကေ့စ်တပ်ဆင်ထားတဲ့ သူ့ရဲ့ ပုံတွေပါ။ ကေ့စ်မှာ 3.5mm Headphone Jack အတွက် အပေါက်မပါတာကို မြင်ရပါတယ်။ Slider ဆဲလ်ဖီး ကင်မရာအတွက် ထိပ်မှာ အပေါက်ဖောက်ထားပါတယ်။ အနောက်ဘက်မှာ ဒေါင်လိုက် အပေါက်ရှည် တစ်ခု ပါပြီး ကင်မရာ ၃ လုံးအတွက် ဖြစ်ပါတယ်။ ကင်မရာများကို အလယ်မှာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

အောက်ခြေမှာ USB-C Port နဲ့ စပီကာများအတွက် အပေါက်များ ပါပါတယ်။ မိုက်ကရိုဖုန်း ၂ လုံးလည်း ပါလာမှာပါ။ သူ့မှာ ကြိုးမဲ့ အားသွင်း နည်းပညာ မပါဘူးလို့ ကုမ္ပဏီရဲ့ စီအီးအို Carl Pei က အတည်ပြုထားပါတယ်။ OnePlus 7 ကို တရားဝင် မြင်ရဖို့ သိပ်မလိုတော့ပါဘူး။ အဲဒီ အချိန်ကျမှ သတင်းအချက်အလက် အသေးစိတ်ကို သိရမှာပါ။

သူ့ကိုရောင်းဖို့ ပြီးခဲ့တဲ့ လအစောပိုင်းက Giztop က စာရင်းတင်ထားပါတယ်။ သူ့ရဲ့ Specs များကိုလည်း ဖော်ပြထားပါတယ်။ သူ့မှာ ၆.၅ လက်မ AMOLED Screen ပါလာမှာပါ။ ကမ္ဘာ့ အမြန်ဆုံး Screen Unlock လို့ ကြွေးကြော်ထားပါတယ်။ အနောက်ကင်မရာ ၃ လုံးက 48MP+20MP+5MP များ ဖြစ်ပါတယ်။ Pop-up Selfie Camera က 16MP ဖြစ်ပါတယ်။ Qualcomm Snapdragon 855 Soc မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

8GB/12GB RAM, 128GB/256GB storage များ ထုတ်လုပ်ထားမှာပါ။ 44W Fast Dash Charging ပါတဲ့ 4000mAh Battery ထည့်သွင်းထားပါတယ်။ Android 9.0 Pie အခြေပြု OxygenOS9 ပါလာမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.