Smartphone Trending

၂၀၂၀ ခုႏွစ္မွာလည္း 5G iPhone ထြက္လာဦးမွာ မဟုတ္

အန္းဒရြိဳက္ ကုမၸဏီမ်ားကေတာ့ Apple ထက္ ေစာစီးစြာ ၂၀၁၉ ခုႏွစ္မွာ 5G Handsets မ်ားကို ေရာင္းခ်မွာ ျဖစ္ပါတယ္။ Oppo , LG, Samsung, Huawei , Lenovo , Sony , Xiaomi တို႔က ၂၀၁၉ ခုႏွစ္မွာ 5G Handsets မ်ားကို ေရာင္းခ်မယ္လို႔ ေၾကညာထားၾကပါတယ္။ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔မွာ 5G ကြန္ယက္မ်ားကို အေစာဆံုး အသံုးျပဳႏုိင္ၾကမွာ ျဖစ္ပါတယ္။ ဖြံ႕ၿဖိဳးဆဲနုိင္ငံမ်ားမွာေတာ့ 5G ကြန္ယက္ကို အသံုးျပဳဖို႔ ေနာက္က်ဦးမွာ ျဖစ္ပါတယ္။

ယခင္သတင္းအရ သတင္းအရ Apple ဟာ ၂၀၂၀ ခုႏွစ္မွာ 5G Smartphone ကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ သိရပါတယ္။ Apple က Intel 8161 5G Modem Chip ကို အသံုးျပဳမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Fast Company ကေန အခု ထြက္လာတဲ့ သတင္းအရ Intel ဟာ အိုင္ဖုန္းမ်ားအတြက္ မိုဒမ္မ်ားကို အခ်ိန္မွီ လံုေလာက္စြာ ထုတ္လုပ္ မေပးႏုိင္ဘူးလို႔ သိရပါတယ္။ အဲဒီအတြက္ လာမယ့္ႏွစ္မွာလည္း 5G iPhone ထြက္လာမွာ မဟုတ္ဘဲ ၂၀၂၁ ခုႏွစ္က်မွသာ ထုတ္လုပ္ေရာင္းခ်ႏိုင္မယ္လို႔ သိရပါတယ္။

၂၀၂၀ ခုႏွစ္ စက္တင္ဘာလမွာ မိတ္ဆက္မယ့္ iPhone 12 အတြက္ လံုေလာက္တဲ့ Intel ရဲ႕ 5G Modem မ်ား ရမွာ မဟုတ္ပါဘူး။ အဲဒီအတြက္ Apple ဟာ ၂၀၂၀ ခုႏွစ္မွာလည္း 4G iPhone သာ ေရာင္းခ်မွာ ျဖစ္ပါတယ္။  ၂၀၂၁ ခုႏွစ္က်မွသာ 5G iPhone ကို ကိုင္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။  ဒါဟာ 5G Android Phone ေတြထက္ ၂ ႏွစ္ေတာင္ ေနာက္က်မွာ ျဖစ္ပါတယ္။

အေစာပိုင္း သတင္းမ်ားအရ Intel က 5G Modem ကို ထုတ္လုပ္ရာမွာ အပူလြန္ကဲတဲ့ ျပႆနာမ်ားနဲ႔ ရင္ဆိုင္ေနရတယ္လို႔ သတင္းထြက္ေနပါတယ္။ Apple ဟာ Qualcomm နဲ႔ ဆက္ဆံေရး မေကာင္းတဲ့ အတြက္ သူ႔ဆီက မိုဒမ္ကိုလည္း ၀ယ္သံုးမွာ မဟုတ္ပါဘူး။

unicode

၂၀၂၀ ခုနှစ်မှာလည်း 5G iPhone ထွက်လာဦးမှာ မဟုတ်

အန်းဒရွိုက် ကုမ္ပဏီများကတော့ Apple ထက် စောစီးစွာ ၂၀၁၉ ခုနှစ်မှာ 5G Handsets များကို ရောင်းချမှာ ဖြစ်ပါတယ်။ Oppo , LG, Samsung, Huawei , Lenovo , Sony , Xiaomi တို့က ၂၀၁၉ ခုနှစ်မှာ 5G Handsets များကို ရောင်းချမယ်လို့ ကြေညာထားကြပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့မှာ 5G ကွန်ယက်များကို အစောဆုံး အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာတော့ 5G ကွန်ယက်ကို အသုံးပြုဖို့ နောက်ကျဦးမှာ ဖြစ်ပါတယ်။

ယခင်သတင်းအရ သတင်းအရ Apple ဟာ ၂၀၂၀ ခုနှစ်မှာ 5G Smartphone ကို ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ Apple က Intel 8161 5G Modem Chip ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Fast Company ကနေ အခု ထွက်လာတဲ့ သတင်းအရ Intel ဟာ အိုင်ဖုန်းများအတွက် မိုဒမ်များကို အချိန်မှီ လုံလောက်စွာ ထုတ်လုပ် မပေးနိုင်ဘူးလို့ သိရပါတယ်။ အဲဒီအတွက် လာမယ့်နှစ်မှာလည်း 5G iPhone ထွက်လာမှာ မဟုတ်ဘဲ ၂၀၂၁ ခုနှစ်ကျမှသာ ထုတ်လုပ်ရောင်းချနိုင်မယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ မိတ်ဆက်မယ့် iPhone 12 အတွက် လုံလောက်တဲ့ Intel ရဲ့ 5G Modem များ ရမှာ မဟုတ်ပါဘူး။ အဲဒီအတွက် Apple ဟာ ၂၀၂၀ ခုနှစ်မှာလည်း 4G iPhone သာ ရောင်းချမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကျမှသာ 5G iPhone ကို ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ 5G Android Phone တွေထက် ၂ နှစ်တောင် နောက်ကျမှာ ဖြစ်ပါတယ်။

အစောပိုင်း သတင်းများအရ Intel က 5G Modem ကို ထုတ်လုပ်ရာမှာ အပူလွန်ကဲတဲ့ ပြဿနာများနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းထွက်နေပါတယ်။ Apple ဟာ Qualcomm နဲ့ ဆက်ဆံရေး မကောင်းတဲ့ အတွက် သူ့ဆီက မိုဒမ်ကိုလည်း ဝယ်သုံးမှာ မဟုတ်ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.