ေသြးထဲက ကင္ဆာဆဲလ္ေတြကို ေခြးေတြက အနံ႕ခံႏုိင္သိရွိႏုိင္

0
40

Zawgyi Version

ေခြးေတြဟာ လူနာေတြရဲ႕ေသြးထဲက ကင္ဆာဆဲလ္ေတြကို အနံ႕ခံလုိက္တာနဲ႕ သိရွိႏုိင္တယ္လို႕ ေလ့လာခ်က္အသစ္အရ သိရပါတယ္။ ေခြးေတြမွာ အနံ႕ေပါင္းမ်ားစြာကို လက္ခံႏုိင္တဲ့အစြမ္းသတၱိရွိတာေၾကာင့္ ျဖစ္ပါတယ္။ ဒါဟာ ေဆး၀ါးေတြနဲ႕ ဗံုးရွာတဲ့အခ်ိန္မွာ အသံုးျပဳတဲ့အစြမ္းနဲ႕ အတူတူပါပဲ။ ေလ့လာခ်က္အသစ္ထဲမွာ ပညာရွင္ေတြအေနနဲ႕ ေခြးေတြဟာ ကင္ဆာေရာဂါသည္ေတြဆီကေန ေသြးနမူနာေတြကို အနံ႕ခံျပီးေတာ့ တိက်စြာအေၾကာင္းျပန္ေပးႏုိင္တယ္လို႕ ျမင္ေတြ႕ခဲ့ပါတယ္။

ေလ့လာခ်က္ကိုေတာ့ BioScentDx မွ Heather Junqueira က ျပဳလုပ္ခဲ့တာျဖစ္ျပီး ေခြးေတြဟာ ၉၇ရာခုိင္ႏႈန္းအထိ မွန္ကန္စြာ လုပ္ေဆာင္ႏုိင္တာကိုလည္း အံ့ၾသဖြယ္ေတြ႕ျမင္ခဲ့ရပါတယ္။ သုေတသနရဲ႕တစိတ္တပိုင္းအျဖစ္နဲ႕ beagle ေခြးေလးေကာင္ကို ေလ့က်င့္ေပးျပီးေတာ့ က်န္းမာတဲ့ေသြးနမူနာနဲ႕ အသည္းကင္ဆာရွိတဲ့သူေတြကို ခြဲျခားႏုိင္ေအာင္ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

စိတ္မေကာင္းစရာတစ္ခုကေတာ့ ေလးေကာင္ထဲကတစ္ေကာင္ဟာ သုေတသနအတြက္ စိတ္မပါတာကို ေတြ႕ရပါတယ္။ က်န္တဲ့သံုးေကာင္းကေတာ့ ကင္ဆာေရာဂါသည္ေတြရဲ႕ေသြးကို ၉၆.၇ ရာခိုင္ႏႈန္းအထိ သိရွိႏုိင္တာကို ျမင္ေတြ႕ရပါတယ္။ က်န္းမာတဲ့သူရဲ႕ေသြးကိုေတာ့ ၉၇.၅ ရာခုိင္ႏႈန္းအထိ ေအာင္ျမင္စြာသိႏုိင္ပါတယ္။ ဒါဟာ တိက်ႏႈန္းျမင့္မားတယ္လို႕ဆိုရမွာျဖစ္ျပီး တန္ဖိုးနည္းတဲ့စမ္းသပ္နည္းလည္း ျဖစ္လာႏုိင္ပါတယ္။

BioScentDx ကေတာ့ ေခြးေတြရဲ႕အနံ႕ခံႏုိင္စြမ္းကို အသံုးျပဳျပီးေတာ့ ေသေစႏိုင္တဲ့ေရာဂါေတြနဲ႕ ကင္ဆာေရာဂါေတြကို စစ္ေဆးဖို႕လုပ္ေဆာင္ေနပါတယ္။ အရင္တုန္းကလည္း ရင္သားကင္ဆာသည္ေတြနဲ႕ စမ္းသပ္ဖူးပါတယ္။

ဒီလိုမ်ိဳးလုပ္ေဆာင္ရတာဟာ အေတာ္ေလးကို စိတ္လႈပ္ရွားဖို႕ေကာင္းပါတယ္။ ဒီနည္းလမ္းကေနျပီးေတာ့ ဆင့္ပြားသုေတသနေတြကို ေခၚေဆာင္သြားႏုိင္ပါတယ္။ ႏွစ္ခုစလံုးကေတာ့ ကင္ဆာကို သိရွိႏုိင္တဲ့ tool တစ္ခုျဖစ္လာေအာင္ ဦးတည္ေနတာျဖစ္ပါတယ္။ ပထမဆံုးတစ္ခုကေတာ့ ကင္ဆာသည္ေတြအတြက္ screening method ျဖစ္ျပီး ေနာက္တစ္ခုကေတာ့ ေခြးေတြကို biologic compound ေတြ ဆံုးျဖတ္ခိုင္းျပီးေတာ့ cancer-screening test ကို ဒီဇုိင္းျပန္လုပ္မွာျဖစ္ပါတယ္။

Unicode Version

ခွေးတွေဟာ လူနာတွေရဲ့သွေးထဲက ကင်ဆာဆဲလ်တွေကို အနံ့ခံလိုက်တာနဲ့ သိရှိနိုင်တယ်လို့ လေ့လာချက်အသစ်အရ သိရပါတယ်။ ခွေးတွေမှာ အနံ့ပေါင်းများစွာကို လက်ခံနိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့် ဖြစ်ပါတယ်။ ဒါဟာ ဆေးဝါးတွေနဲ့ ဗုံးရှာတဲ့အချိန်မှာ အသုံးပြုတဲ့အစွမ်းနဲ့ အတူတူပါပဲ။ လေ့လာချက်အသစ်ထဲမှာ ပညာရှင်တွေအနေနဲ့ ခွေးတွေဟာ ကင်ဆာရောဂါသည်တွေဆီကနေ သွေးနမူနာတွေကို အနံ့ခံပြီးတော့ တိကျစွာအကြောင်းပြန်ပေးနိုင်တယ်လို့ မြင်တွေ့ခဲ့ပါတယ်။
လေ့လာချက်ကိုတော့ BioScentDx မှ Heather Junqueira က ပြုလုပ်ခဲ့တာဖြစ်ပြီး ခွေးတွေဟာ ၉၇ရာခိုင်နှုန်းအထိ မှန်ကန်စွာ လုပ်ဆောင်နိုင်တာကိုလည်း အံ့သြဖွယ်တွေ့မြင်ခဲ့ရပါတယ်။ သုတေသနရဲ့တစိတ်တပိုင်းအဖြစ်နဲ့ beagle ခွေးလေးကောင်ကို လေ့ကျင့်ပေးပြီးတော့ ကျန်းမာတဲ့သွေးနမူနာနဲ့ အသည်းကင်ဆာရှိတဲ့သူတွေကို ခွဲခြားနိုင်အောင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
စိတ်မကောင်းစရာတစ်ခုကတော့ လေးကောင်ထဲကတစ်ကောင်ဟာ သုတေသနအတွက် စိတ်မပါတာကို တွေ့ရပါတယ်။ ကျန်တဲ့သုံးကောင်းကတော့ ကင်ဆာရောဂါသည်တွေရဲ့သွေးကို ၉၆.၇ ရာခိုင်နှုန်းအထိ သိရှိနိုင်တာကို မြင်တွေ့ရပါတယ်။ ကျန်းမာတဲ့သူရဲ့သွေးကိုတော့ ၉၇.၅ ရာခိုင်နှုန်းအထိ အောင်မြင်စွာသိနိုင်ပါတယ်။ ဒါဟာ တိကျနှုန်းမြင့်မားတယ်လို့ဆိုရမှာဖြစ်ပြီး တန်ဖိုးနည်းတဲ့စမ်းသပ်နည်းလည်း ဖြစ်လာနိုင်ပါတယ်။
BioScentDx ကတော့ ခွေးတွေရဲ့အနံ့ခံနိုင်စွမ်းကို အသုံးပြုပြီးတော့ သေစေနိုင်တဲ့ရောဂါတွေနဲ့ ကင်ဆာရောဂါတွေကို စစ်ဆေးဖို့လုပ်ဆောင်နေပါတယ်။ အရင်တုန်းကလည်း ရင်သားကင်ဆာသည်တွေနဲ့ စမ်းသပ်ဖူးပါတယ်။
ဒီလိုမျိုးလုပ်ဆောင်ရတာဟာ အတော်လေးကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဒီနည်းလမ်းကနေပြီးတော့ ဆင့်ပွားသုတေသနတွေကို ခေါ်ဆောင်သွားနိုင်ပါတယ်။ နှစ်ခုစလုံးကတော့ ကင်ဆာကို သိရှိနိုင်တဲ့ tool တစ်ခုဖြစ်လာအောင် ဦးတည်နေတာဖြစ်ပါတယ်။ ပထမဆုံးတစ်ခုကတော့ ကင်ဆာသည်တွေအတွက် screening method ဖြစ်ပြီး နောက်တစ်ခုကတော့ ခွေးတွေကို biologic compound တွေ ဆုံးဖြတ်ခိုင်းပြီးတော့ cancer-screening test ကို ဒီဇိုင်းပြန်လုပ်မှာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.