Enterprise Trending

ေစ်းသက္သာတဲ့ Gaming Phone မ်ား လာေတာ့မည္

Qualcomm က စြမ္းရည္သင့္ကေန စြမ္းရည္ျမင့္ ဖုန္းမ်ားအတြက္ Snapdragon 730 ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ ေနာင္ေတာ္ 710 ကို Samsung Galaxy A8s နဲ႔ Xiaomi Mi 8 SE မ်ားမွာ ထည့္ထားတာပါ။ မၾကာခင္ကပဲ သူ႔ထက္ အနည္းငယ္ ျမန္တဲ့ 712 ကို ေၾကညာခဲ့ပါတယ္။ 730 က သူ႔ထက္ ပိုျမန္လာပါတယ္။

ဒါ့အျပင္ Qualcomm က စြမ္းရည္သင့္ ဖုန္းမ်ားအတြက္ ဒီဇိုင္းထုတ္ထားတဲ့ ဂိမ္း အထူးျပဳ Snapdragon 730G ကို ျပသလိုက္ပါတယ္။ ကုမၸဏီက 730G ဟာ 730 ထက္ ဂရပ္ဖစ္ အပိုင္းမွာ ၁၅ ရာခုိင္ႏႈန္း ပိုျမန္တယ္လို႔ ေျပာပါတယ္။ ဒါဟာ Adreno 618GPU ေၾကာင့္ပါ။ သူ႔ကို 8nm Process နဲ႔ ဖန္တီးထားၿပီး စြမ္းရည္ေကာင္းၿပီး စြမ္းအင္စားသံုးမႈ သက္သာေစပါတယ္။

သူဟာ 710 ထက္ CPU အပိုင္းမွာ ၃၅ ရာခုိင္ႏႈန္းနဲ႔ ဂရပ္ဖစ္အပိုင္းမွာ ၂၅ ရာခုိင္ႏႈန္း တိုးတက္လာပါတယ္။  ေစ်းကြက္ထဲက ဂိမ္းဖုန္း အမ်ားစုမွာ Qualcomm ရဲ႕ စြမ္းရည္ျမင့္ Chipset မ်ား ထည့္သြင္းထားတဲ့ အတြက္ တန္ဖိုးျမင့္မားပါတယ္။ 730G ေၾကာင့္ တန္ဖိုးသင့္တဲ့ ဂိမ္းဖုန္းမ်ား ထြက္ေပၚလာေတာ့မွာ ျဖစ္ပါတယ္။  

Snapdragon 730G နဲ႔အတူ 730, 655 မ်ားကိုပါ ေၾကညာခဲ့ၿပီး အားလံုးမွာ Game တြင္ HDR ကို ေထာက္ပံ့ျခင္း၊ WiFi Latency Manager တို႔လို ဂိမ္း အထူးျပဳ လုပ္ေဆာင္ခ်က္မ်ားစြာ ပါပါတယ္။ 665 ကေတာ့ ၂၀၁၇ ခုႏွစ္ထုတ္ 660 ရဲ႕ မ်ိဳးဆက္ ျဖစ္ပါတယ္။ ဒီႏွစ္လယ္မွာ 730G , 665, 730  ပါတဲ့ စမတ္ဖုန္းမ်ား ထြက္လာေတာ့မွာ ျဖစ္ပါတယ္လို႔ Qualcomm က ေျပာပါတယ္။

unicode

ဈေးသက်သာတဲ့ Gaming Phone များ လာတော့မည်

Qualcomm က စွမ်းရည်သင့်ကနေ စွမ်းရည်မြင့် ဖုန်းများအတွက် Snapdragon 730 ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ နောင်တော် 710 ကို Samsung Galaxy A8s နဲ့ Xiaomi Mi 8 SE များမှာ ထည့်ထားတာပါ။ မကြာခင်ကပဲ သူ့ထက် အနည်းငယ် မြန်တဲ့ 712 ကို ကြေညာခဲ့ပါတယ်။ 730 က သူ့ထက် ပိုမြန်လာပါတယ်။

ဒါ့အပြင် Qualcomm က စွမ်းရည်သင့် ဖုန်းများအတွက် ဒီဇိုင်းထုတ်ထားတဲ့ ဂိမ်း အထူးပြု Snapdragon 730G ကို ပြသလိုက်ပါတယ်။ ကုမ္ပဏီက 730G ဟာ 730 ထက် ဂရပ်ဖစ် အပိုင်းမှာ ၁၅ ရာခိုင်နှုန်း ပိုမြန်တယ်လို့ ပြောပါတယ်။ ဒါဟာ Adreno 618GPU ကြောင့်ပါ။ သူ့ကို 8nm Process နဲ့ ဖန်တီးထားပြီး စွမ်းရည်ကောင်းပြီး စွမ်းအင်စားသုံးမှု သက်သာစေပါတယ်။

သူဟာ 710 ထက် CPU အပိုင်းမှာ ၃၅ ရာခိုင်နှုန်းနဲ့ ဂရပ်ဖစ်အပိုင်းမှာ ၂၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ဈေးကွက်ထဲက ဂိမ်းဖုန်း အများစုမှာ Qualcomm ရဲ့ စွမ်းရည်မြင့် Chipset များ ထည့်သွင်းထားတဲ့ အတွက် တန်ဖိုးမြင့်မားပါတယ်။ 730G ကြောင့် တန်ဖိုးသင့်တဲ့ ဂိမ်းဖုန်းများ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

Snapdragon 730G နဲ့အတူ 730, 655 များကိုပါ ကြေညာခဲ့ပြီး အားလုံးမှာ Game တွင် HDR ကို ထောက်ပံ့ခြင်း၊ WiFi Latency Manager တို့လို ဂိမ်း အထူးပြု လုပ်ဆောင်ချက်များစွာ ပါပါတယ်။ 665 ကတော့ ၂၀၁၇ ခုနှစ်ထုတ် 660 ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ ဒီနှစ်လယ်မှာ 730G , 665, 730 ပါတဲ့ စမတ်ဖုန်းများ ထွက်လာတော့မှာ ဖြစ်ပါတယ်လို့ Qualcomm က ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.