Enterprise Trending
unicode
တရုတ် ဆရာဝန်များက အဝေးက လူနာတွေကို 5G နဲ့ ခွဲစိတ်နေ
တရုတ်က ဆေးရုံများမှာ 5G ကို အကျိုးရှိစွာ အသုံးချနေကြပါပြီ။ ဆရာဝန်တွေက ဆေးရုံ တစ်ခုကနေ တစ်ခုကို ကူးစရာ မလိုဘဲ လူနာတွေကို အဝေးကနေ ခွဲစိတ်ပေးနေကြပါတယ်။ မြန်နှုန်းမြင့် 5G ဆက်သွယ်မှုနဲ့ အရည်အသွေးမြင့် တိုက်ရိုက် ဗီဒီယိုများကို ကြည့်ပြီး ခွဲစိတ်နေကြတာပါ။
မကြာခင်ကပဲ Guangdong မှ Second Prople’s Hospital မှ ဆရာဝန်တစ်ယောက်ဟာ သူနဲ့ ၂၀၀ ကီလိုမီတာ အကွာမှ Guangdong’s Yangshan Hospital မှ လူနာကို ခွဲစိတ်ပေးခဲ့ပါတယ်။ ယခုလအစောပိုင်းမှာလည်း နှလုံးခွဲစိတ် အထူးကု Huiming Guo က အသက် ၄၁ နှစ်အရွယ် အမျိုးသမီးကို အဝေးကနေ ခွဲစိတ်ပေးခဲ့ပါတယ်။ Guo ဟာ Guangdong General Hospital ကနေ သူနဲ့ ကီလိုမီတာ ၄၀၀ အကွာမှာ ရှိတဲ့ Gaozhou People’s Hospital မှ လူနာကို ခွဲစိတ်ပေးခဲ့တာပါ။
Guangdong General Hospital မှ Zhiwei Zhang က “ မြန်နှုန်းမြင့် 5G ကွန်ရက် နည်းပညာကြောင့် ဆရာဝန်တွေဟာ တစ်နေရာကနေ တစ်နေရာ သွားစရာ မလိုဘဲ အဝေးကနေ လူနာများကို ခွဲစိတ်နိုင်ပါပြီ။ အချိန်ကုန် သက်သာသွားတဲ့ အတွက် လူနာတွေရဲ့ အသက်တွေကို ပိုပြီး ကယ်တင်ပေးနိုင်ပါတယ်။ “ လို့ ပြောပါတယ်။
4K Ultra-high Definition Live Video များကို မြန်နှုန်မြင့် 5G နဲ့ ချောမွတ်စွာ ကြည့်ရှုနိုင်တဲ့ အတွက် အခုလို ခွဲစိတ်မှုများ ပြုလုပ်ပေးနိုင်တာ ဖြစ်ပါတယ်။ သေရေး၊ ရှင်ရေး ကိစ္စများမှာ 5G ဟာ အလွန် အသုံးဝင်လာတယ်လို့ ပြောနိုင်ပါတယ်။ 4G ထက် ၁၀ ပိုမြန်တဲ့ 5G ကို အသုံးပြုပြီး ၄ နာရီကြာ ခွဲစိတ်ပေးခဲ့တာ ဖြစ်ပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.