Enterprise Social Trending

တစ္ရက္တာ follow လုပ္ႏုိင္တဲ့အေရအတြက္ ေလွ်ာ့လိုက္တဲ့ တြစ္တာ

Zawgyi Version

Twitter ဟာ တစ္ရက္အတြင္းမွာ follow လုပ္ႏုိင္တဲ့ အေကာင့္အေရအတြက္ကို ေလွ်ာ့ခ်လိုက္တယ္လို႕ ေၾကညာလုိက္ပါတယ္။ ဒါေပမယ့္ စိတ္မပူပါနဲ႕ဦး။ ဒါဟာ ပံုမွန္သံုးေနၾကလူတစ္ေယာက္အတြက္ ဘာမွထိခိုက္မႈမရွိႏုိင္ပါဘူး။ အေကာင့္အေတာ္မ်ားမ်ားကို follow လုပ္ခ်င္ေနတဲ့ spammer ေတြအတြက္သာ ကန္႕သတ္လိုက္တာျဖစ္လို႕ပါ။ follow လိုက္ unfollow လုိက္နဲ႕ အေကာင့္အမ်ားၾကီးကို ခဏတာအတြင္းမွာ လုပ္ေလ့ရွိတဲ့ spammer ေတြကို ေျခခ်ဳပ္မိေအာင္ လုပ္လိုက္တာျဖစ္ပါတယ္။

တကယ္လို႕ သင္ကသာ ပံုမွန္ Twitter အသံုးျပဳသူတစ္ေယာက္ျဖစ္မယ္ဆုိရင္ေတာ့ ဘာမွထိခိုက္မႈမရွိမွာ မဟုတ္ပါဘူး။ တြစ္တာေလးဟာ တစ္ရက္ကို အေကာင့္ေပါင္း ၄၀၀ follow ပိုင္ခြင့္ေပးထားပါတယ္။ အရင္တုန္းကေတာ့ တစ္ရက္ကို ၁၀၀၀ လုပ္ခြင့္ေပးထားတာကေန ေလွ်ာ့ခ်လိုက္တာဆိုေတာ့ ပမာဏေတာ့ နည္းသြားပါတယ္။ ဒါေပမယ့္လည္း သာမန္သံုးမယ္ဆိုရင္ေတာ့ အဲေလာက္ေတာင္ လိုမယ္မထင္ပါဘူး။ ၀န္ေဆာင္မႈကို အသံုးျပဳေနတဲ့ brand ေတြအတြက္ေတာ့ ထိခိုက္မႈရွိႏုိင္ေပမယ့္လည္း အရမ္းျပင္းထန္မွာေတာ့ မဟုတ္ပါဘူး။ ဘာေၾကာင့္မို႕ ၄၀၀ ကို ေရြးခ်ယ္ျဖစ္သလဲဆိုတာကိုေတာ့ ရွင္းလင္းထားျခင္းမရွိေသးပါဘူး။ ဒါဟာ သံုးစြဲသူအေတာ္မ်ားမ်ားအတြက္ အဆင္ေျပမယ္ထင္လုိ႕ေနမွာပါ။

တြစ္တာေပၚမွာ spammer ကိုရွာဖို႕အတြက္မခက္ပါဘူး။ သူတို႕ဟာ အဓိကသံုးစြဲသူေတြျဖစ္တဲ့ ဆယ္လီေတြနဲ႕ streamer ေတြရဲ႕ တြိေတြမွာ ေျခခ်င္းလိမ္ေနၾကပါတယ္။ သံုးစြဲသူဆီကေန ဒီဂ်စ္တယ္ေငြေၾကးေတြရွာေနတဲ့သူေတြေရာေပ့ါ။ အဲဒီအေကာင့္ေတြဟာ အစစ္အမွန္လို႕ထင္ရေအာင္ နာမည္နဲ႕ သူမ်ားရဲ႕ဓါတ္ပံုအစစ္ေတြကို သံုးေလ့ရွိၾကပါတယ္။

Spam အေကာင့္ေတြကို သံုးစြဲသူေတြက report လုပ္ႏုိင္တယ္ဆိုေပမယ့္လည္း အျမစ္ျဖတ္ဖုိ႕ကေတာ့ ခက္ခဲပါတယ္။ spammer ေတြဟာ ေထာင္ေပါင္းမနည္းတဲ့အေကာင့္ေတြ လုပ္ထားပါတယ္။ လူအေတာ္မ်ားမ်ားကိုလည္း follow လုပ္ထားျပီး အခ်ိဳ႕ကိုေတာ့ unfollow လုပ္ထားပါတယ္။ တစ္ေန႕တာ follow လုပ္ႏုိင္တဲ့အေရအတြက္ကို ကန္႕သတ္လိုက္ျခင္းအားျဖင့္ spammer ေတြရဲ႕ တစ္ေန႕တာပစ္မွတ္ကေတာ့ ေလ်ာ့နည္းသြားႏုိင္ပါတယ္။

Unicode Version

Twitter ဟာ တစ်ရက်အတွင်းမှာ follow လုပ်နိုင်တဲ့ အကောင့်အရေအတွက်ကို လျှော့ချလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ဦး။ ဒါဟာ ပုံမှန်သုံးနေကြလူတစ်ယောက်အတွက် ဘာမှထိခိုက်မှုမရှိနိုင်ပါဘူး။ အကောင့်အတော်များများကို follow လုပ်ချင်နေတဲ့ spammer တွေအတွက်သာ ကန့်သတ်လိုက်တာဖြစ်လို့ပါ။ follow လိုက် unfollow လိုက်နဲ့ အကောင့်အများကြီးကို ခဏတာအတွင်းမှာ လုပ်လေ့ရှိတဲ့ spammer တွေကို ခြေချုပ်မိအောင် လုပ်လိုက်တာဖြစ်ပါတယ်။
တကယ်လို့ သင်ကသာ ပုံမှန် Twitter အသုံးပြုသူတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ ဘာမှထိခိုက်မှုမရှိမှာ မဟုတ်ပါဘူး။ တွစ်တာလေးဟာ တစ်ရက်ကို အကောင့်ပေါင်း ၄၀၀ follow ပိုင်ခွင့်ပေးထားပါတယ်။ အရင်တုန်းကတော့ တစ်ရက်ကို ၁၀၀၀ လုပ်ခွင့်ပေးထားတာကနေ လျှော့ချလိုက်တာဆိုတော့ ပမာဏတော့ နည်းသွားပါတယ်။ ဒါပေမယ့်လည်း သာမန်သုံးမယ်ဆိုရင်တော့ အဲလောက်တောင် လိုမယ်မထင်ပါဘူး။ ဝန်ဆောင်မှုကို အသုံးပြုနေတဲ့ brand တွေအတွက်တော့ ထိခိုက်မှုရှိနိုင်ပေမယ့်လည်း အရမ်းပြင်းထန်မှာတော့ မဟုတ်ပါဘူး။ ဘာကြောင့်မို့ ၄၀၀ ကို ရွေးချယ်ဖြစ်သလဲဆိုတာကိုတော့ ရှင်းလင်းထားခြင်းမရှိသေးပါဘူး။ ဒါဟာ သုံးစွဲသူအတော်များများအတွက် အဆင်ပြေမယ်ထင်လို့နေမှာပါ။
တွစ်တာပေါ်မှာ spammer ကိုရှာဖို့အတွက်မခက်ပါဘူး။ သူတို့ဟာ အဓိကသုံးစွဲသူတွေဖြစ်တဲ့ ဆယ်လီတွေနဲ့ streamer တွေရဲ့ တွိတွေမှာ ခြေချင်းလိမ်နေကြပါတယ်။ သုံးစွဲသူဆီကနေ ဒီဂျစ်တယ်ငွေကြေးတွေရှာနေတဲ့သူတွေရောပေ့ါ။ အဲဒီအကောင့်တွေဟာ အစစ်အမှန်လို့ထင်ရအောင် နာမည်နဲ့ သူများရဲ့ဓါတ်ပုံအစစ်တွေကို သုံးလေ့ရှိကြပါတယ်။
Spam အကောင့်တွေကို သုံးစွဲသူတွေက report လုပ်နိုင်တယ်ဆိုပေမယ့်လည်း အမြစ်ဖြတ်ဖို့ကတော့ ခက်ခဲပါတယ်။ spammer တွေဟာ ထောင်ပေါင်းမနည်းတဲ့အကောင့်တွေ လုပ်ထားပါတယ်။ လူအတော်များများကိုလည်း follow လုပ်ထားပြီး အချို့ကိုတော့ unfollow လုပ်ထားပါတယ်။ တစ်နေ့တာ follow လုပ်နိုင်တဲ့အရေအတွက်ကို ကန့်သတ်လိုက်ခြင်းအားဖြင့် spammer တွေရဲ့ တစ်နေ့တာပစ်မှတ်ကတော့ လျော့နည်းသွားနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.