Enterprise Social Trending

ဆယ္စုႏွစ္တစ္ခုစာေလာက္ ကမာၻ႕စမတ္ဖုန္းထုတ္လုပ္သူေခါင္းေဆာင္ေနရာကို ထိန္းထားႏိုင္ဦးမွာဆိုတဲ့ ဆမ္ေဆာင္း

Zawgyi Version

စိတ္မရွိပါနဲ႕။ Samsung Electronics Co., ဆိုတာ ကမာၻ႕စမတ္ဖုန္းထုတ္လုပ္သူေခါင္းေဆာင္ေနရာကို ဖုန္းေတြျဖန္႕ခ်ိျပီး ေရာက္လာခဲ့တာပါ။ ျပီးခဲ့တဲ့ေန႕တုန္းက ထြက္ရွိလာခဲ့တဲ့ ကြာတား၀င္ေငြကိုၾကည့္လုိက္ခ်ိန္မွာ 60% က်လာတယ္လို႕ သိရပါတယ္။ စမတ္ဖုန္းေရာင္းအားေတြက်ဆင္းေနခ်ိ္န္မွာ မမ္မိုရီခ်ိစ္ျပားေတြကို ေဇာက္ခ်လုပ္ကုိင္လိုက္ျခင္းကလည္း သူတို႕ကို အားေပ်ာ့သြားေစခဲ့တာျဖစ္ႏုိင္ပါတယ္။

ဆမ္ေဆာင္းမုိဘုိင္းလ္လုပ္ငန္းရဲ႕ စီအီးအို DJ Koh ဟာ ျပင္သစ္သတင္းစာ Le Figaro နဲ႕ အင္တာဗ်ဴးတစ္ခုမွာ အခုလိုေျပာသြားခဲ့ပါတယ္။ ေခါက္ခ်ိဳးနည္းပညာဟာ သူတို႕ရဲ႕လုပ္ငန္းကို ဦးေမာ့ေအာင္ လုပ္ေဆာင္ေပးႏုိင္လိမ့္မယ္လို႕ ေျပာသြားခဲ့ပါတယ္။ Huawei ရဲ႕ အဆင့္ကလည္း ျခိမ္းေျခာက္မႈတစ္ခုလို ျဖစ္ေနပါတယ္။ ဒါေပမယ့္လည္း ဆမ္ေဆာင္းဟာ ေနာင္၁၀ႏွစ္ေလာက္အထိ ေစ်းကြက္ဦးေဆာင္သူအျဖစ္နဲ႕ ေတြ႕ျမင္ရလိမ့္မယ္လို႕ ယံုၾကည္မႈရွိရွိနဲ႕ ေျပာဆိုထားပါတယ္။

“ႏုိင္ငံတကာမွာ ဦးေဆာင္တဲ့သူတစ္ေယာက္အေနနဲ႕ ကၽြန္ေတာ္တို႕ရဲ႕ဦးစားေပးမႈကေတာ့ ထုတ္ကုန္နဲ႕၀န္ေဆာင္မႈေတြကို သံုးစြဲသူေတြအတြက္ ျပီးျပည့္စံုတဲ့ ဆန္းသစ္မႈေတြ ျဖန္႕ခ်ိေပးဖို႕ပါပဲ။ ဆမ္ေဆာင္းဟာ စမတ္ဖုန္းေစ်းကြက္မွာ ဆယ္ႏွစ္ေလာက္ ဦးေဆာင္ေနခဲ့တာျဖစ္ျပီး ေနာက္ထပ္၁၀ႏွစ္ေလာက္လည္း ဆန္းသစ္ျပီး အသစ္အသစ္ေသာ မိုဘိုင္းလ္ခံစားမႈေတြေပးစြမ္းျပီး စိုးမိုးထားဦးမွာျဖစ္ပါတယ္။ ”

အသစ္အသစ္ေသာ မိုဘိုင္းလ္ခံစားမႈေတြေပးစြမ္းမယ္ဆိုတာကေတာ့ ေခါက္ခ်ိဳးစမတ္ဖုန္းျဖစ္တဲ့ Galaxy Fold စမတ္ဖုန္းကို ေျပာခ်င္တာမ်ားလား။ ဧျပီ၂၆ရက္ေန႕မွာ ယူအက္စ္ကို ထြက္ရွိလာမွာျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းက အလံုးေရ ၂၉၀ မီလ်ံ ရွိခဲ့ေပမယ့္လည္း ၂၀၁၇ခုႏွစ္မွာက ၃၁၈ မီလ်ံဆိုေတာ့ ဆက္တုိက္က်ေနခဲ့တာပါ။

Counterpoint Technology Market Research ရဲ႕ အခ်က္အလက္ေတြအရ ဟြာေ၀းဟာ ဆမ္ေဆာင္းကို ဘယ္ေလာက္ျခိမ္းေျခာက္ေနလဲ သိႏုိင္ပါတယ္။ ဟြာေ၀းဟာ စမတ္ဖုန္းေခါင္းေဆာင္ေနရာကို အရွိန္နဲ႕ေျပး၀င္လာေနျပီးေတာ့ ယူအက္စ္ေစ်းကြက္ကို ဆံုးရွံဳးရေပမယ့္ အဆင္ေျပေၾကာင္း ျပေနပါတယ္။ ဆမ္ေဆာင္းကေတာ့ ၂၀၁၇ ကေန ၂၀၁၈ ဆက္တုိက္က်ဆင္းေနပါတယ္။ ဟြာေ၀းကေတာ့ ၁၅၃မီလ်ံကေန ၂၀၆မီလ်ံအထိ တက္လွမ္းႏုိင္ခဲ့ပါတယ္။

ေခါက္ခ်ိဳးဖုန္းေတြဟာ ေစ်းကြက္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏုိင္တဲ့ထုတ္ကုန္ေတြျဖစ္ေပမယ့္လည္း ေလးေထာင့္မွန္ေတြ၊ display ၾကီးၾကီးေတြနဲ႕ စမတ္ဖုန္းအလားတူပံုစံမ်ိဳးမဟုတ္ဘဲ လံုး၀အသစ္အေနနဲ႕ ေခါက္ခ်ိဳးဖုန္းကို ဆမ္ေဆာင္းက လုပ္ေဆာင္ခ်င္တာျဖစ္တယ္လို႕လည္း သိရပါတယ္။ ျပင္သစ္သတင္းစာကို ေျပာခဲ့တဲ့အထဲမွာ ေခါက္ခ်ိဳးစမတ္ဖုန္းေတြရဲ႕ အလားအလာကိုျမင္ေနပါတယ္။ သံုးစြဲသူေတြဟာ သယ္ေဆာင္ရလြယ္ကူျပီး မ်က္ႏွာျပင္ၾကီးမားတာကို တစ္ျပိဳင္နက္တည္းလိုခ်င္ေနၾကလို႕ပါဆိုတာ ပါ၀င္ေနပါတယ္။

“ကၽြန္ေတာ္တို႕ဟာ မ်က္ႏွာျပင္အရြယ္အစားကို ကန္႕သတ္ထားတဲ့ေလာကၾကီးမွာ ေနထိုင္ေနရတာပါ။ ဆမ္ေဆာင္းဟာ အဲဒီလိုအပ္ခ်က္ေတြကို ထည့္သြင္းစဥ္းစားျပီးေတာ့ ဆင့္ကဲတိုးတက္ေအာင္ လုပ္ေဆာင္ေနပါတယ္။ စမတ္ဖုန္းပံုစံအသစ္နဲ႕ မိုဘိုင္းလ္ခံစားမႈအသစ္ေတြကို ထည့္သြင္းေပးမွာပါ။ ဆမ္ေဆာင္းရဲ႕ ေခါက္ခ်ိဳးဖုန္းဟာ အမ်ိဳးအစားအသစ္ျဖစ္တဲ့အျပင္ မိုဘုိင္းလုပ္ငန္းမွာ စာမ်က္ႏွာအသစ္ကို ဖြင့္လွစ္မွာလည္း ျဖစ္ပါတယ္။ Galaxy Fold ဟာ သံုးစြဲသူေတြ ဖုန္းအသံုးျပဳတဲ့ပံုစံကို တိုက္ရိုက္ေျပာင္းလဲေစမွာပါ။ ေနရာတုိင္း ၊ အရာတုိင္းအတြက္ေပ့ါ။ ”

Unicode Version

စိတ်မရှိပါနဲ့။ Samsung Electronics Co., ဆိုတာ ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်သူခေါင်းဆောင်နေရာကို ဖုန်းတွေဖြန့်ချိပြီး ရောက်လာခဲ့တာပါ။ ပြီးခဲ့တဲ့နေ့တုန်းက ထွက်ရှိလာခဲ့တဲ့ ကွာတားဝင်ငွေကိုကြည့်လိုက်ချိန်မှာ 60% ကျလာတယ်လို့ သိရပါတယ်။ စမတ်ဖုန်းရောင်းအားတွေကျဆင်းနေချိန်မှာ မမ်မိုရီချိစ်ပြားတွေကို ဇောက်ချလုပ်ကိုင်လိုက်ခြင်းကလည်း သူတို့ကို အားပျော့သွားစေခဲ့တာဖြစ်နိုင်ပါတယ်။
ဆမ်ဆောင်းမိုဘိုင်းလ်လုပ်ငန်းရဲ့ စီအီးအို DJ Koh ဟာ ပြင်သစ်သတင်းစာ Le Figaro နဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုပြောသွားခဲ့ပါတယ်။ ခေါက်ချိုးနည်းပညာဟာ သူတို့ရဲ့လုပ်ငန်းကို ဦးမော့အောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။ Huawei ရဲ့ အဆင့်ကလည်း ခြိမ်းခြောက်မှုတစ်ခုလို ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဆမ်ဆောင်းဟာ နောင်၁၀နှစ်လောက်အထိ ဈေးကွက်ဦးဆောင်သူအဖြစ်နဲ့ တွေ့မြင်ရလိမ့်မယ်လို့ ယုံကြည်မှုရှိရှိနဲ့ ပြောဆိုထားပါတယ်။
“နိုင်ငံတကာမှာ ဦးဆောင်တဲ့သူတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ဦးစားပေးမှုကတော့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေအတွက် ပြီးပြည့်စုံတဲ့ ဆန်းသစ်မှုတွေ ဖြန့်ချိပေးဖို့ပါပဲ။ ဆမ်ဆောင်းဟာ စမတ်ဖုန်းဈေးကွက်မှာ ဆယ်နှစ်လောက် ဦးဆောင်နေခဲ့တာဖြစ်ပြီး နောက်ထပ်၁၀နှစ်လောက်လည်း ဆန်းသစ်ပြီး အသစ်အသစ်သော မိုဘိုင်းလ်ခံစားမှုတွေပေးစွမ်းပြီး စိုးမိုးထားဦးမှာဖြစ်ပါတယ်။ ”
အသစ်အသစ်သော မိုဘိုင်းလ်ခံစားမှုတွေပေးစွမ်းမယ်ဆိုတာကတော့ ခေါက်ချိုးစမတ်ဖုန်းဖြစ်တဲ့ Galaxy Fold စမတ်ဖုန်းကို ပြောချင်တာများလား။ ဧပြီ၂၆ရက်နေ့မှာ ယူအက်စ်ကို ထွက်ရှိလာမှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက အလုံးရေ ၂၉၀ မီလျံ ရှိခဲ့ပေမယ့်လည်း ၂၀၁၇ခုနှစ်မှာက ၃၁၈ မီလျံဆိုတော့ ဆက်တိုက်ကျနေခဲ့တာပါ။
Counterpoint Technology Market Research ရဲ့ အချက်အလက်တွေအရ ဟွာဝေးဟာ ဆမ်ဆောင်းကို ဘယ်လောက်ခြိမ်းခြောက်နေလဲ သိနိုင်ပါတယ်။ ဟွာဝေးဟာ စမတ်ဖုန်းခေါင်းဆောင်နေရာကို အရှိန်နဲ့ပြေးဝင်လာနေပြီးတော့ ယူအက်စ်ဈေးကွက်ကို ဆုံးရှုံးရပေမယ့် အဆင်ပြေကြောင်း ပြနေပါတယ်။ ဆမ်ဆောင်းကတော့ ၂၀၁၇ ကနေ ၂၀၁၈ ဆက်တိုက်ကျဆင်းနေပါတယ်။ ဟွာဝေးကတော့ ၁၅၃မီလျံကနေ ၂၀၆မီလျံအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
ခေါက်ချိုးဖုန်းတွေဟာ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ထုတ်ကုန်တွေဖြစ်ပေမယ့်လည်း လေးထောင့်မှန်တွေ၊ display ကြီးကြီးတွေနဲ့ စမတ်ဖုန်းအလားတူပုံစံမျိုးမဟုတ်ဘဲ လုံးဝအသစ်အနေနဲ့ ခေါက်ချိုးဖုန်းကို ဆမ်ဆောင်းက လုပ်ဆောင်ချင်တာဖြစ်တယ်လို့လည်း သိရပါတယ်။ ပြင်သစ်သတင်းစာကို ပြောခဲ့တဲ့အထဲမှာ ခေါက်ချိုးစမတ်ဖုန်းတွေရဲ့ အလားအလာကိုမြင်နေပါတယ်။ သုံးစွဲသူတွေဟာ သယ်ဆောင်ရလွယ်ကူပြီး မျက်နှာပြင်ကြီးမားတာကို တစ်ပြိုင်နက်တည်းလိုချင်နေကြလို့ပါဆိုတာ ပါဝင်နေပါတယ်။
“ကျွန်တော်တို့ဟာ မျက်နှာပြင်အရွယ်အစားကို ကန့်သတ်ထားတဲ့လောကကြီးမှာ နေထိုင်နေရတာပါ။ ဆမ်ဆောင်းဟာ အဲဒီလိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီးတော့ ဆင့်ကဲတိုးတက်အောင် လုပ်ဆောင်နေပါတယ်။ စမတ်ဖုန်းပုံစံအသစ်နဲ့ မိုဘိုင်းလ်ခံစားမှုအသစ်တွေကို ထည့်သွင်းပေးမှာပါ။ ဆမ်ဆောင်းရဲ့ ခေါက်ချိုးဖုန်းဟာ အမျိုးအစားအသစ်ဖြစ်တဲ့အပြင် မိုဘိုင်းလုပ်ငန်းမှာ စာမျက်နှာအသစ်ကို ဖွင့်လှစ်မှာလည်း ဖြစ်ပါတယ်။ Galaxy Fold ဟာ သုံးစွဲသူတွေ ဖုန်းအသုံးပြုတဲ့ပုံစံကို တိုက်ရိုက်ပြောင်းလဲစေမှာပါ။ နေရာတိုင်း ၊ အရာတိုင်းအတွက်ပေ့ါ။ ”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.