App/Game Trending

ကမာၻအ၀န္းမွ Porn Site ၾကည့္သူမ်ားကို ၿခိမ္းေျခာက္ ေငြညွစ္တဲ့ ေက်ာင္းသား ဖမ္းခံရ

ကမာၻအ၀န္းမွ Porn Site ၾကည့္သူမ်ားကို ၿခိမ္းေျခာက္ ေငြညွစ္တဲ့ ေက်ာင္းသား တစ္ဦးဟာ အဖမ္းခံလိုက္ရပါတယ္။ သူဟာ လန္ဒန္၊ ဘာကင္းမွာ ေနထိုင္သူ Zain Qaiser ျဖစ္ပါတယ္။ သူဟာ ကြန္ျပဴတာ သိပၸံေက်ာင္းသား တစ္ဦးပါ။ အာဏာပိုင္မ်ားက သူ႔ထံကေန စတာလင္ေပါင္ ၇၀၀ ၀၀၀ သိမ္းယူခဲ့ပါတယ္။ ေဒၚလာ အားျဖင့္ ၉၀၀ ၀၀၀ ေက်ာ္ရခဲ့တာပါ။ သူနဲ႔ အလုပ္တြဲလုပ္တဲ့ ဆိုက္ဘာ ရာဇ၀တ္ အဖြဲ႔ဟာ စတာလင္ေပါင္ ၄ သန္းေက်ာ္ ရသြားႏိုင္တယ္လို႔ အာဏာပိုင္မ်ားက ခန္႔မွန္းပါတယ္။

အခုေတာ့ သူ႔ကို ေထာင္ ၆ ႏွစ္ ခ်လိုက္ပါတယ္။ သူ႔ကို လြန္ခဲ့တဲ့ ငါးႏွစ္နီးပါးက စတင္ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အမႈသြား အမႈလာဟာ အလြန္ကို စစ္ေဆးရတာ ရႈပ္ေထြးၿပီးသူဟာ စိတ္က်န္းမာေရး ေဖာက္ျပန္သြားလို႔ ေႏွာင့္ေႏွးၾကန္႔ၾကာခဲ့တာ ျဖစ္ပါတယ္။

သူဟာ သူ႔အသက္ ၁၇ နဲ႔ ၁၉ အၾကားမွာ ေငြညွစ္မႈမ်ား ျပဳလုပ္ခဲ့တာလို႔ ေျပာပါတယ္။ အခုသူ႔အသက္ဟာ ၂၄ ႏွစ္ ရွိေနပါၿပီ။ သူက Porn Site ၀င္ၾကည့္တဲ့ လူမ်ားရဲ႕ ကြန္ျပဴတာမ်ားကို သံုးမရေအာင္ ထိန္းခ်ဳပ္လိုက္ပါတယ္။ အဲဒီေနာက္မွာ ျပန္ေပးေငြေပးမွ ကြန္ျပဴတာကို ျပန္ အသံုးျပဳလို႔ရေအာင္ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ Ransomeware ကို အသံုးျပဳၿပီး တိုက္ခိုက္တာ ျဖစ္ပါတယ္။

ၿဗိတိန္အမ်ိဳးသား မႈခင္း ေအဂ်င္စီ (NCA) က သူဟာ ရတဲ့ ေငြမ်ားကို ေလာင္းကစားလုပ္ျခင္း၊ မူးယစ္ေဆး၀ါးသံုးျခင္း၊ Rolex နာရီ ၀ယ္ျခင္း၊ မိန္းမရႊင္မ်ားနဲ႔ ေပ်ာ္ပါးျခင္း၊ ဇိမ္ခံ ဟိုတယ္မ်ားမွာ တည္းျခင္းမ်ားကို ျပဳလုပ္ခဲ့တယ္လို႔ ေျပာပါတယ္။

unicode

ကမ္ဘာအဝန်းမှ Porn Site ကြည့်သူများကို ခြိမ်းခြောက် ငွေညှစ်တဲ့ ကျောင်းသား ဖမ်းခံရ

ကမ္ဘာအဝန်းမှ Porn Site ကြည့်သူများကို ခြိမ်းခြောက် ငွေညှစ်တဲ့ ကျောင်းသား တစ်ဦးဟာ အဖမ်းခံလိုက်ရပါတယ်။ သူဟာ လန်ဒန်၊ ဘာကင်းမှာ နေထိုင်သူ Zain Qaiser ဖြစ်ပါတယ်။ သူဟာ ကွန်ပြူတာ သိပ္ပံကျောင်းသား တစ်ဦးပါ။ အာဏာပိုင်များက သူ့ထံကနေ စတာလင်ပေါင် ၇၀၀ ၀၀၀ သိမ်းယူခဲ့ပါတယ်။ ဒေါ်လာ အားဖြင့် ၉၀၀ ၀၀၀ ကျော်ရခဲ့တာပါ။ သူနဲ့ အလုပ်တွဲလုပ်တဲ့ ဆိုက်ဘာ ရာဇဝတ် အဖွဲ့ဟာ စတာလင်ပေါင် ၄ သန်းကျော် ရသွားနိုင်တယ်လို့ အာဏာပိုင်များက ခန့်မှန်းပါတယ်။

အခုတော့ သူ့ကို ထောင် ၆ နှစ် ချလိုက်ပါတယ်။ သူ့ကို လွန်ခဲ့တဲ့ ငါးနှစ်နီးပါးက စတင် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အမှုသွား အမှုလာဟာ အလွန်ကို စစ်ဆေးရတာ ရှုပ်ထွေးပြီးသူဟာ စိတ်ကျန်းမာရေး ဖောက်ပြန်သွားလို့ နှောင့်နှေးကြန့်ကြာခဲ့တာ ဖြစ်ပါတယ်။

သူဟာ သူ့အသက် ၁၇ နဲ့ ၁၉ အကြားမှာ ငွေညှစ်မှုများ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။ အခုသူ့အသက်ဟာ ၂၄ နှစ် ရှိနေပါပြီ။ သူက Porn Site ဝင်ကြည့်တဲ့ လူများရဲ့ ကွန်ပြူတာများကို သုံးမရအောင် ထိန်းချုပ်လိုက်ပါတယ်။ အဲဒီနောက်မှာ ပြန်ပေးငွေပေးမှ ကွန်ပြူတာကို ပြန် အသုံးပြုလို့ရအောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Ransomeware ကို အသုံးပြုပြီး တိုက်ခိုက်တာ ဖြစ်ပါတယ်။

ဗြိတိန်အမျိုးသား မှုခင်း အေဂျင်စီ (NCA) က သူဟာ ရတဲ့ ငွေများကို လောင်းကစားလုပ်ခြင်း၊ မူးယစ်ဆေးဝါးသုံးခြင်း၊ Rolex နာရီ ဝယ်ခြင်း၊ မိန်းမရွှင်များနဲ့ ပျော်ပါးခြင်း၊ ဇိမ်ခံ ဟိုတယ်များမှာ တည်းခြင်းများကို ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.