Social Trending

Facebook post တစ္္ခုေၾကာင့္ ဒူဘိုင္းကို အလည္လာခ်ိန္ ေထာင္ထဲ၀င္ရမယ့္ အမ်ိဳးသမီး

Zawgyi Version

လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္က မန္႕ထားတဲ့ comment ေလးတစ္ခုေၾကာင့္ ျဗိတိန္အမ်ိဳးသမီးတစ္ဦးက ေထာင္နန္းစံရမယ့္ကိန္းျဖစ္ေနပါတယ္။

ယူေအအီးရဲ႕ အာဏာပိုင္ေတြဟာ ဒူဘိုင္းကို ခင္ပြန္းေဟာင္းနာေရးအတြက္ လာေရာက္ခဲ့ခ်ိန္မွာ အဲဒီအမ်ိဳးသမီးကို ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

အသက္ ၅၅ႏွစ္အရြယ္ အမ်ိဳးသမီး Laleh Shahravesh ဟာ သူမရဲ႕ခင္ပြန္းေဟာင္းကို ေနာက္ထပ္အမ်ိဳးသမီးတစ္ေယာက္အတြက္ သူမကိုထားခဲ့တာျဖစ္လို႕ “idiot” (အရူး) လို႕ေဖာ္ျပခဲ့ျပီး ဇနီးအသစ္ကိုလည္း “horse” (ျမင္းမ) လို႕ ေနာက္ထပ္ comment တစ္ခုမွာ ေရးသားထားခဲ့ပါတယ္။ ဒီဟာေတြကို ယူေကမွာေနထိုင္ေနတဲ့ ၂၀၁၆ ခုႏွစ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ယူေအအီးရဲ႕ တင္းက်ပ္တဲ့ အင္တာနက္ဥပေဒေၾကာင့္ လူမႈကြန္ရက္မွာ အသေရဖ်က္တဲ့ မွတ္ခ်က္ေတြေရးသားမယ္ဆိုရင္ ဘယ္နုိင္ငံမွာပဲေရးေရး အေရးယူပိုင္ခြင့္ရွိပါတယ္။ ေထာင္ႏွစ္ႏွစ္ေလာက္က်ခံႏုိင္တဲ့ အေနအထားရွိေနတဲ့အျပင္ Shahravesh ဟာ ေဒၚလာ၆၅၀၀၀ ကိုလည္း ဒဏ္ရိုက္ခံရႏိုင္ပါတယ္္။

Shahravesh ကေတာ့ အခုလို ေျဖၾကားထားပါတယ္။ “ဆိုးဆိုးရြားရြား လုပ္မိခဲ့တာေပ့ါ။ သူ႕ရဲ႕ faecbook page မွာ ဇနီးအသစ္နဲ႕ပတ္သတ္ျပီးေတာ့ စိတ္မခ်မ္းေျမ႕စရာ cmt ႏွစ္ခုကို ေရးခဲ့မိတယ္။ မလုပ္သင့္ဘူးဆိုတာလည္း သိပါတယ္။ ေကာင္းေကာင္းေလး ျပဳမူခဲ့သင့္တာ။ အဲဒီအခ်ိန္တုန္းက စိတ္တိုေနတယ္။ သစၥာေဖာက္ခံလိုက္ရတာဆိုေတာ့ နာက်င္ေနတာလည္း ပါတာေပ့ါ။”

Shahravesh ဟာ လြန္ခဲ့တဲ့ ၁၈ႏွစ္တုန္းက ခင္ပြန္းျဖစ္သူနဲ႕ လက္ထပ္ခဲ့ျပီး ဒူဘိုင္းမွာ ေနထိုင္ခဲ့ျပီး ၂၀၁၆ခုႏွစ္မွာေတာ့ အသက္ ၁၄ႏွစ္အရြယ္သမီးနဲ႕ ယူေကကို ျပန္သြားခဲ့ပါတယ္။

ယူေကမွာရွိတဲ့ သူမမိသားစုေတြနဲ႕ အတူေနထုိင္ဖို႕စီစဥ္ေနခ်ိန္မွာပဲ သူမခင္ပြန္းျဖစ္သူက ဇာတ္လမ္းကို အဆံုးသတ္ခ်င္ေနျပီလို ေျပာခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ေနာက္ထပ္မဂၤလာေဆာင္တာကို ေတြ႕လုိက္ရပါေတာ့တယ္။ အသစ္စက္စက္မဂၤလာေမာင္ႏွံႏွစ္ေယာက္ကို ျမင္လုိက္ရတဲ့အတြက္ Shahravesh ဟာ “I hope you go under the ground you idiot. Damn you,” လို႕ ေရးသားခဲ့ျပီး “You left me for this horse” လို႕ ေပါက္ကြဲခဲ့ပါတယ္။

သတို႕သမီးျဖစ္သူကေတာ့ ဒူဘုိင္းအာဏာပိုင္ေတြဆီကို ဒီအေၾကာင္း တင္ျပခဲ့ပါတယ္။

မတ္လ ၂၀၁၉ခုႏွစ္မွာ ႏွလံုးေရာဂါနဲ႕ ခင္ပြန္းျဖစ္သူ ေသဆံုးသြားခ်ိန္မွာေတာ့ Shahravesh ဟာ သမီးျဖစ္သူကို ေျဖသိမ့္ဖို႕အတြက္ ဒူဘိုင္းကုိ ေခၚလာခဲ့ပါတယ္။ ဒီအခ်ိန္မွာ အဖမ္းခံရတဲ့အတြက္ေၾကာင့္ သမီးျဖစ္သူကိုေတာ့ ယူေကကိုျပန္ပို႕ခဲ့ျပီး အမ်ိဳးေတြက ေစာင့္ေရွာက္ၾကမယ္လို႕ သိရပါတယ္။

Shahravesh ကို ပက္စပို႕သိမ္းထားျပီး စစ္ေဆးေနတယ္လို႕ သိရပါတယ္။

ဒူဘုိင္းဟာ ႏုိင္ငံတကာခရီးသြားသူေတြအတြက္ လည္ပတ္ခ်င္စရာေနရာတစ္ခုျဖစ္ပါတယ္။ ၂၀၁၈ခုႏွစ္မွာ ဧည့္သည္ ၁၆မီလ်ံေလာက္ booking လုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတုိ႕ရဲ႕ တင္းက်ပ္လွတဲ့ဥပေဒေတြကိုေတာ့ လူသိနည္းၾကပါေသးတယ္။

“ဒူဘိုင္းကို လာေရာက္တဲ့ဧည့္သည္ေတြဟာ ႏွစ္ေပါင္းဘယ္ေလာက္ၾကာေနတဲ့ Facebook or Twitter post ျဖစ္ေနပါေစ၊ ေထာင္က်သြားႏုိင္တယ္ဆိုတဲ့အေၾကာင္းကိုေတာ့ နားလည္သြားေလာက္ပါျပီ။ ယူေအအီးရဲ႕ ဆိုက္ဘာဥပေဒကေတာ့ အေတာ္ေလးကို တင္းက်ပ္ျပီး ျပင္းထန္တယ္ဆိုတာ သိေစခ်င္ပါတယ္။”

ယူေကႏုိင္ငံျခားရံုးကေတာ့ ဒီအေၾကာင္းကို စတင္စံုစမ္းေနပါျပီ။

Unicode Version

လွန်ခဲ့တဲ့နှစ်နှစ်လောက်က မန့်ထားတဲ့ comment လေးတစ်ခုကြောင့် ဗြိတိန်အမျိုးသမီးတစ်ဦးက ထောင်နန်းစံရမယ့်ကိန်းဖြစ်နေပါတယ်။
ယူအေအီးရဲ့ အာဏာပိုင်တွေဟာ ဒူဘိုင်းကို ခင်ပွန်းဟောင်းနာရေးအတွက် လာရောက်ခဲ့ချိန်မှာ အဲဒီအမျိုးသမီးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အသက် ၅၅နှစ်အရွယ် အမျိုးသမီး Laleh Shahravesh ဟာ သူမရဲ့ခင်ပွန်းဟောင်းကို နောက်ထပ်အမျိုးသမီးတစ်ယောက်အတွက် သူမကိုထားခဲ့တာဖြစ်လို့ “idiot” (အရူး) လို့ဖော်ပြခဲ့ပြီး ဇနီးအသစ်ကိုလည်း “horse” (မြင်းမ) လို့ နောက်ထပ် comment တစ်ခုမှာ ရေးသားထားခဲ့ပါတယ်။ ဒီဟာတွေကို ယူကေမှာနေထိုင်နေတဲ့ ၂၀၁၆ ခုနှစ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
ယူအေအီးရဲ့ တင်းကျပ်တဲ့ အင်တာနက်ဥပဒေကြောင့် လူမှုကွန်ရက်မှာ အသရေဖျက်တဲ့ မှတ်ချက်တွေရေးသားမယ်ဆိုရင် ဘယ်နိုင်ငံမှာပဲရေးရေး အရေးယူပိုင်ခွင့်ရှိပါတယ်။ ထောင်နှစ်နှစ်လောက်ကျခံနိုင်တဲ့ အနေအထားရှိနေတဲ့အပြင် Shahravesh ဟာ ဒေါ်လာ၆၅၀၀၀ ကိုလည်း ဒဏ်ရိုက်ခံရနိုင်ပါတယ်။
Shahravesh ကတော့ အခုလို ဖြေကြားထားပါတယ်။ “ဆိုးဆိုးရွားရွား လုပ်မိခဲ့တာပေ့ါ။ သူ့ရဲ့ faecbook page မှာ ဇနီးအသစ်နဲ့ပတ်သတ်ပြီးတော့ စိတ်မချမ်းမြေ့စရာ cmt နှစ်ခုကို ရေးခဲ့မိတယ်။ မလုပ်သင့်ဘူးဆိုတာလည်း သိပါတယ်။ ကောင်းကောင်းလေး ပြုမူခဲ့သင့်တာ။ အဲဒီအချိန်တုန်းက စိတ်တိုနေတယ်။ သစ္စာဖောက်ခံလိုက်ရတာဆိုတော့ နာကျင်နေတာလည်း ပါတာပေ့ါ။”
Shahravesh ဟာ လွန်ခဲ့တဲ့ ၁၈နှစ်တုန်းက ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ခဲ့ပြီး ဒူဘိုင်းမှာ နေထိုင်ခဲ့ပြီး ၂၀၁၆ခုနှစ်မှာတော့ အသက် ၁၄နှစ်အရွယ်သမီးနဲ့ ယူကေကို ပြန်သွားခဲ့ပါတယ်။
ယူကေမှာရှိတဲ့ သူမမိသားစုတွေနဲ့ အတူနေထိုင်ဖို့စီစဉ်နေချိန်မှာပဲ သူမခင်ပွန်းဖြစ်သူက ဇာတ်လမ်းကို အဆုံးသတ်ချင်နေပြီလို ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နောက်ထပ်မင်္ဂလာဆောင်တာကို တွေ့လိုက်ရပါတော့တယ်။ အသစ်စက်စက်မင်္ဂလာမောင်နှံနှစ်ယောက်ကို မြင်လိုက်ရတဲ့အတွက် Shahravesh ဟာ “I hope you go under the ground you idiot. Damn you,” လို့ ရေးသားခဲ့ပြီး “You left me for this horse” လို့ ပေါက်ကွဲခဲ့ပါတယ်။
သတို့သမီးဖြစ်သူကတော့ ဒူဘိုင်းအာဏာပိုင်တွေဆီကို ဒီအကြောင်း တင်ပြခဲ့ပါတယ်။
မတ်လ ၂၀၁၉ခုနှစ်မှာ နှလုံးရောဂါနဲ့ ခင်ပွန်းဖြစ်သူ သေဆုံးသွားချိန်မှာတော့ Shahravesh ဟာ သမီးဖြစ်သူကို ဖြေသိမ့်ဖို့အတွက် ဒူဘိုင်းကို ခေါ်လာခဲ့ပါတယ်။ ဒီအချိန်မှာ အဖမ်းခံရတဲ့အတွက်ကြောင့် သမီးဖြစ်သူကိုတော့ ယူကေကိုပြန်ပို့ခဲ့ပြီး အမျိုးတွေက စောင့်ရှောက်ကြမယ်လို့ သိရပါတယ်။
Shahravesh ကို ပက်စပို့သိမ်းထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒူဘိုင်းဟာ နိုင်ငံတကာခရီးသွားသူတွေအတွက် လည်ပတ်ချင်စရာနေရာတစ်ခုဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်မှာ ဧည့်သည် ၁၆မီလျံလောက် booking လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ တင်းကျပ်လှတဲ့ဥပဒေတွေကိုတော့ လူသိနည်းကြပါသေးတယ်။
“ဒူဘိုင်းကို လာရောက်တဲ့ဧည့်သည်တွေဟာ နှစ်ပေါင်းဘယ်လောက်ကြာနေတဲ့ Facebook or Twitter post ဖြစ်နေပါစေ၊ ထောင်ကျသွားနိုင်တယ်ဆိုတဲ့အကြောင်းကိုတော့ နားလည်သွားလောက်ပါပြီ။ ယူအေအီးရဲ့ ဆိုက်ဘာဥပဒေကတော့ အတော်လေးကို တင်းကျပ်ပြီး ပြင်းထန်တယ်ဆိုတာ သိစေချင်ပါတယ်။”
ယူကေနိုင်ငံခြားရုံးကတော့ ဒီအကြောင်းကို စတင်စုံစမ်းနေပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.