Enterprise Knowledge Smartphone Smartphone Social Trending

Android 9 Pie update တင္ျပီးေနာက္မွာ LTE ေပ်ာက္သြားတဲ့ Galaxy S8 နဲ႕ Note 8

Zawgyi Version

စာဖတ္သူေတြဆီမွာ Sprint ရဲ႕ network lock ပါတဲ့ Galaxy S8, Galaxy S8+, Galaxy Note 8 ရွိမယ္ဆိုရင္ေတာ့ Pie မတင္တာပိုေကာင္းပါလိမ့္မယ္။ ဘာျဖစ္လို႕လဲဆိုေတာ့ အဲဒီလိုလုပ္လိုက္တဲ့အခ်ိန္မွာ LTE connectivity update ေပ်ာက္သြားတယ္လို႕ သံုးစြဲသူေတြက အျပစ္တင္သံေတြ ညံေနလို႕ပါ။ လက္ရွိအေျခအေနမွာေတာ့ ေျဖရွင္းလို႕ရႏုိင္တဲ့နည္းလမ္း မရွိေသးပါဘူး။

Sprint ဟဟာ 2017 Samsung flagship ေတြမွာ Android 9.0 Pie တင္လို႕ရေအာင္ လုပ္ေဆာင္ေပးခဲ့တဲ့ ပထမဆံုးေသာ US carrier ျဖစ္ပါတယ္။ ဒါဟာ Samsung ဖုန္းေတြအတြက္ ရွားပါးလြန္းတယ္လို႕ စဥ္းစားၾကည့္လိုက္ရင္ သံုးစြဲသူအေတာ္မ်ားမ်ားက ရတာနဲ႕တန္းတင္ပစ္လိုက္တာကို နားလည္ႏုိင္လိမ့္မယ္ထင္ပါတယ္။ ဒါေပမယ့္လည္း စိတ္မေကာင္းစရာတစ္ခုကေတာ့ LTE network speed ကို ဆံုးရွံဳးလိုက္ရပါေတာ့တယ္။

Carrier အေနနဲ႕လည္း ဒီအေၾကာင္းကို သိရွိထားျပီးေတာ့ Samsung နဲ႕ပူးေပါင္းျပီး အေျဖရွာလို႕ေနပါတယ္။ ဒါေပမယ့္လည္း bug ကို ခံစားေနရတဲ့သူေတြအတြက္ေတာ့ ေနာက္က်ေနတဲ့အခ်ိန္ကို ေရာက္ေနပါျပီ။ LTE ကို မျဖစ္မေနလိုအပ္တဲ့သူေတြဆိုရင္ ဘယ္လိုလုပ္ၾကမလဲ။

Android update ရဲ႕ သေဘာအရဆိုရင္ေတာ့ version အေဟာင္းကိုျပန္ဆင္းဖို႕ မျဖစ္ႏုိင္ပါဘူး။ Sprint ကေတာ့ ဖုန္းကို မကလိၾကဖို႕နဲ႕ ျပင္ဆင္ျခင္းေတြ မလုပ္ၾကဖို႕အတြက္ ေျပာထားပါတယ္။ LTE လိုခ်င္တဲ့သူေတြအေနနဲ႕ကေတာ့ warranty ရွိေသးတယ္ဆိုရင္ အစားထိုးလဲေပးမယ္လို႕ ေျပာထားပါေသးတယ္။

ရွင္းရွင္းေျပာရရင္ေတာ့ 3G နဲ႕ Wi-Fi ကေတာ့ အလုပ္ျဖစ္ပါေသးတယ္။ ဒီေန႕ေခတ္လိုမ်ိဳး LTE အေရးၾကီးတဲ့ေခတ္မွာ LTE မရတာကေတာ့ မျဖစ္သင့္ပါဘူး။ ေျဖရွင္းႏုိင္ဖို႕ေတာ့ ၾကိဳးစားေနၾကပါတယ္။  

Unicode Version

စာဖတ်သူတွေဆီမှာ Sprint ရဲ့ network lock ပါတဲ့ Galaxy S8, Galaxy S8+, Galaxy Note 8 ရှိမယ်ဆိုရင်တော့ Pie မတင်တာပိုကောင်းပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုလုပ်လိုက်တဲ့အချိန်မှာ LTE connectivity update ပျောက်သွားတယ်လို့ သုံးစွဲသူတွေက အပြစ်တင်သံတွေ ညံနေလို့ပါ။ လက်ရှိအခြေအနေမှာတော့ ဖြေရှင်းလို့ရနိုင်တဲ့နည်းလမ်း မရှိသေးပါဘူး။
Sprint ဟဟာ 2017 Samsung flagship တွေမှာ Android 9.0 Pie တင်လို့ရအောင် လုပ်ဆောင်ပေးခဲ့တဲ့ ပထမဆုံးသော US carrier ဖြစ်ပါတယ်။ ဒါဟာ Samsung ဖုန်းတွေအတွက် ရှားပါးလွန်းတယ်လို့ စဉ်းစားကြည့်လိုက်ရင် သုံးစွဲသူအတော်များများက ရတာနဲ့တန်းတင်ပစ်လိုက်တာကို နားလည်နိုင်လိမ့်မယ်ထင်ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစရာတစ်ခုကတော့ LTE network speed ကို ဆုံးရှုံးလိုက်ရပါတော့တယ်။
Carrier အနေနဲ့လည်း ဒီအကြောင်းကို သိရှိထားပြီးတော့ Samsung နဲ့ပူးပေါင်းပြီး အဖြေရှာလို့နေပါတယ်။ ဒါပေမယ့်လည်း bug ကို ခံစားနေရတဲ့သူတွေအတွက်တော့ နောက်ကျနေတဲ့အချိန်ကို ရောက်နေပါပြီ။ LTE ကို မဖြစ်မနေလိုအပ်တဲ့သူတွေဆိုရင် ဘယ်လိုလုပ်ကြမလဲ။
Android update ရဲ့ သဘောအရဆိုရင်တော့ version အဟောင်းကိုပြန်ဆင်းဖို့ မဖြစ်နိုင်ပါဘူး။ Sprint ကတော့ ဖုန်းကို မကလိကြဖို့နဲ့ ပြင်ဆင်ခြင်းတွေ မလုပ်ကြဖို့အတွက် ပြောထားပါတယ်။ LTE လိုချင်တဲ့သူတွေအနေနဲ့ကတော့ warranty ရှိသေးတယ်ဆိုရင် အစားထိုးလဲပေးမယ်လို့ ပြောထားပါသေးတယ်။
ရှင်းရှင်းပြောရရင်တော့ 3G နဲ့ Wi-Fi ကတော့ အလုပ်ဖြစ်ပါသေးတယ်။ ဒီနေ့ခေတ်လိုမျိုး LTE အရေးကြီးတဲ့ခေတ်မှာ LTE မရတာကတော့ မဖြစ်သင့်ပါဘူး။ ဖြေရှင်းနိုင်ဖို့တော့ ကြိုးစားနေကြပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.