ေနာက္ထပ္ထြက္ရွိေတာ့မည္မဟုတ္ေတာ့တဲ့ Galaxy J

0
4

Zawgyi Version

ကၽြန္ေတာ္တို႕ေတြ Galaxy S နဲ႕ Note လုိင္းေတြကို အသားက်ေနခ်ိန္မွာ အလတ္တန္းစားေစ်းကြက္ကို ဦးတည္တဲ့ စမတ္ဖုန္းေတြကုိ မိတ္ဆက္ေပးခဲ့ပါတယ္။ Samsung ဟာ Galaxy J brand ကို ျဖဳတ္ခ်ေတာ့မွာဆိုေတာ့ အဲဒီေစ်းသက္သာတဲ့ brand ေတြကို ေစာင့္ၾကည့္ဖို႕ ပိုအားသာေတာ့မွာပါ။

ျပီးခဲ့တုန္းက Galaxy J series ဟာ Samsung ရဲ႕ အေတာ္ေလးေစ်းသက္သာတဲ့ စမတ္ဖုန္းလိုင္းျဖစ္ခဲ့ပါတယ္။ အဲဒီဟန္းဆက္ေတြဟာ ဘတ္ဂ်က္နည္းနည္းနဲ႕ Samsung ဖုန္းကိုင္ႏုိင္ေအာင္ လုပ္ေဆာင္ေပးလိုက္ပါတယ္။ အံ့ၾသစရာေတာ့ မေကာင္းပါဘူး။ အဲဒီဖုန္းေတြဟာ စမတ္ဖုန္းကိုင္ေဆာင္မႈနည္းေနေသးတဲ့ေစ်းကြက္ကို ျဖန္႕ခဲ့တာေၾကာင့္ပါ။

Samsung ရဲ႕ ေၾကာ္ျငာဗြီဒီယိုေလးထဲမွာျမင္ရတဲ့အတုိင္း Galaxy A series ကို premium feature ေတြ၊ အျမင့္စား အခ်က္အလက္ေတြထည့္သြင္းဖို႕ ဦးတည္ထားပါတယ္။ ဒါေပမယ့္လည္း ultra-premium Galaxy S နဲ႕ Note လိုင္းေတြနဲ႕ေတာ့ ယွဥ္လို႕မရဘူးေပါ့။ အရည္အေသြးျခားနားခ်က္က ေစ်းႏႈန္းကို သတ္မွတ္ေပးပါလိမ့္မယ္။

လုိင္းႏွစ္ခုကိုေပါင္းလုိက္ျခင္းအားျဖင့္ Samsung ဟာ ေစ်းႏႈန္းကို ဘယ္လိုကစားမလဲဆိုတာ မရွင္းလင္းေသးပါဘူး။ ျဖစ္ႏုိင္တာကေတာ့ Samsung ဟာ အခ်ိဳ႕ေသာ Galaxy A-branded စမတ္ဖုန္းေတြကို ကြာျခားမႈနည္းေအာင္ ေစ်းေလွ်ာ့ပါလိမ့္မယ္။ Galaxy J brand ကို ဖယ္လိုက္တဲ့အတြက္ Samsung ဟာ ေစ်းသက္သာျပီးေတာ့ အခ်က္အလက္နိမ့္တဲ့ဟန္းဆက္ေတြ၀ယ္ေနတဲ့ေစ်းကြက္ကို ကစားလိုက္တယ္လို႕ ေျပာရမွာပါ။

မၾကာခင္မွာေတာ့ Galaxy A လိုင္းရဲ႕အနာဂတ္ကို ျမင္ရေတာ့မွာပါ။ Samsung ကေတာ့ ဧျပီလ ၁၀ရက္ေန႕မွာ ေကာလာဟလေတြထြက္ေနတဲ့ Galaxy A90 အေၾကာင္း အေသးစိတ္ျပသဖို႕အတြက္ စဥ္းစားေနပါတယ္။

Unicode Version

ကျွန်တော်တို့တွေ Galaxy S နဲ့ Note လိုင်းတွေကို အသားကျနေချိန်မှာ အလတ်တန်းစားဈေးကွက်ကို ဦးတည်တဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ Samsung ဟာ Galaxy J brand ကို ဖြုတ်ချတော့မှာဆိုတော့ အဲဒီဈေးသက်သာတဲ့ brand တွေကို စောင့်ကြည့်ဖို့ ပိုအားသာတော့မှာပါ။
ပြီးခဲ့တုန်းက Galaxy J series ဟာ Samsung ရဲ့ အတော်လေးဈေးသက်သာတဲ့ စမတ်ဖုန်းလိုင်းဖြစ်ခဲ့ပါတယ်။ အဲဒီဟန်းဆက်တွေဟာ ဘတ်ဂျက်နည်းနည်းနဲ့ Samsung ဖုန်းကိုင်နိုင်အောင် လုပ်ဆောင်ပေးလိုက်ပါတယ်။ အံ့သြစရာတော့ မကောင်းပါဘူး။ အဲဒီဖုန်းတွေဟာ စမတ်ဖုန်းကိုင်ဆောင်မှုနည်းနေသေးတဲ့ဈေးကွက်ကို ဖြန့်ခဲ့တာကြောင့်ပါ။
Samsung ရဲ့ ကြော်ငြာဗွီဒီယိုလေးထဲမှာမြင်ရတဲ့အတိုင်း Galaxy A series ကို premium feature တွေ၊ အမြင့်စား အချက်အလက်တွေထည့်သွင်းဖို့ ဦးတည်ထားပါတယ်။ ဒါပေမယ့်လည်း ultra-premium Galaxy S နဲ့ Note လိုင်းတွေနဲ့တော့ ယှဉ်လို့မရဘူးပေါ့။ အရည်အသွေးခြားနားချက်က ဈေးနှုန်းကို သတ်မှတ်ပေးပါလိမ့်မယ်။
လိုင်းနှစ်ခုကိုပေါင်းလိုက်ခြင်းအားဖြင့် Samsung ဟာ ဈေးနှုန်းကို ဘယ်လိုကစားမလဲဆိုတာ မရှင်းလင်းသေးပါဘူး။ ဖြစ်နိုင်တာကတော့ Samsung ဟာ အချို့သော Galaxy A-branded စမတ်ဖုန်းတွေကို ကွာခြားမှုနည်းအောင် ဈေးလျှော့ပါလိမ့်မယ်။ Galaxy J brand ကို ဖယ်လိုက်တဲ့အတွက် Samsung ဟာ ဈေးသက်သာပြီးတော့ အချက်အလက်နိမ့်တဲ့ဟန်းဆက်တွေဝယ်နေတဲ့ဈေးကွက်ကို ကစားလိုက်တယ်လို့ ပြောရမှာပါ။
မကြာခင်မှာတော့ Galaxy A လိုင်းရဲ့အနာဂတ်ကို မြင်ရတော့မှာပါ။ Samsung ကတော့ ဧပြီလ ၁၀ရက်နေ့မှာ ကောလာဟလတွေထွက်နေတဲ့ Galaxy A90 အကြောင်း အသေးစိတ်ပြသဖို့အတွက် စဉ်းစားနေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.