အႀကိမ္မ်ားစြာ မွားၿပီး Unlock လုပ္မိလို႔ ၄၇ ႏွစ္ၾကာ Lock Out ျဖစ္သြားတဲ့ iPad

0
13

ဖုန္းေတြ၊ တက္ဘလက္ေတြရဲ႕ ေဆာ့ဖ္၀ဲေတြဟာ ေၾကာင္တတ္ပါတယ္။ အခု အိုင္ပတ္ရဲ႕ ေဆာ့ဖ္၀ဲ ေၾကာင္သြားတာက ေတာ္ေတာ္ ရီစရာ ေကာင္းပါတယ္။ အိုင္ပတ္ကို အႀကိမ္မ်ားစြာ မွားၿပီး Unlock လုပ္မိလို႔ မိနစ္ေပါင္း ၂၅ သန္းၾကာ Lock Out ျဖစ္သြားပါတယ္။ ႏွစ္ေပါင္းအားျဖင့္ ၄၇ ႏွစ္ၾကာ ျဖစ္ပါတယ္။

အိုင္ပတ္ရဲ႕ ပိုင္ရွင္က ၀ါရွင္တန္ ဒီစီမွ ဂ်ာနယ္လစ္တစ္ဦး ျဖစ္သူ Evan Osnos ျဖစ္ပါတယ္။ သူ႔ရဲ႕ အသက္ ၃ ႏွစ္အရြယ္ သားေလးဟာ အိုင္ပတ္ကို Unlock လုပ္ရာမွာ အႀကိမ္မ်ားစြာ မွားယြင္းခဲ့ၿပီး ဒီလို ျဖစ္သြားတာပါ။ Mr Osnos က သူ႔ရဲ႕ အျဖစ္ကို တြစ္တာမွာ တင္ခဲ့ၿပီး ဘယ္လို Lock လုပ္ရမယ္ ဆိုတာ အၾကံေတာင္းခဲ့ပါတယ္။

” ဒါဟာ တကယ္ မျဖစ္ႏုိင္ပါဘူး။ အသက္ ၃ ႏွစ္အရြယ္ကေလးက Unlock လုပ္ရာမွာ အၾကိမ္မ်ားစြာ မွားသြားတာပါ။ အၾကံဥာဏ္ေပးပါဦး။ “ လို႔ တြစ္တာမွာ ပို႔စ္တင္ခဲ့ပါတယ္။ သူက အိုင္ပတ္ရဲ႕ Unlock Screen ဓါတ္ပံုကိုလည္း ျပသထားပါတယ္။

သူ႔ရဲ႕ ပို႔စ္ဟာ တြစ္တာမွာ ရီစရာ ျဖစ္ခဲ့ၿပီး ေနာက္ေျပာင္တဲ့ ကြန္းမန္႔မ်ားလည္း ရခဲ့ပါတယ္။ လူတစ္ေယာက္က ကြ်န္ေတာ္ဆိုရင္ အဲဒီ အခ်ိန္ကို ေစာင့္လိုက္မွာပါလို႔ မန္႔ထားပါတယ္။ ဒီလို Disabled iPad ကို ျပန္သံုးႏုိင္ဖို႔အတြက္ ကြန္ျပဴတာနဲ႔ ခ်ိတ္ၿပီး iTunes ကေန Force Restart ျပဳလုပ္ႏိုင္ပါတယ္။

unicode

အကြိမ်များစွာ မှားပြီး Unlock လုပ်မိလို့ ၄၇ နှစ်ကြာ Lock Out ဖြစ်သွားတဲ့ iPad

ဖုန်းတွေ၊ တက်ဘလက်တွေရဲ့ ဆော့ဖ်ဝဲတွေဟာ ကြောင်တတ်ပါတယ်။ အခု အိုင်ပတ်ရဲ့ ဆော့ဖ်ဝဲ ကြောင်သွားတာက တော်တော် ရီစရာ ကောင်းပါတယ်။ အိုင်ပတ်ကို အကြိမ်များစွာ မှားပြီး Unlock လုပ်မိလို့ မိနစ်ပေါင်း ၂၅ သန်းကြာ Lock Out ဖြစ်သွားပါတယ်။ နှစ်ပေါင်းအားဖြင့် ၄၇ နှစ်ကြာ ဖြစ်ပါတယ်။

အိုင်ပတ်ရဲ့ ပိုင်ရှင်က ဝါရှင်တန် ဒီစီမှ ဂျာနယ်လစ်တစ်ဦး ဖြစ်သူ Evan Osnos ဖြစ်ပါတယ်။ သူ့ရဲ့ အသက် ၃ နှစ်အရွယ် သားလေးဟာ အိုင်ပတ်ကို Unlock လုပ်ရာမှာ အကြိမ်များစွာ မှားယွင်းခဲ့ပြီး ဒီလို ဖြစ်သွားတာပါ။ Mr Osnos က သူ့ရဲ့ အဖြစ်ကို တွစ်တာမှာ တင်ခဲ့ပြီး ဘယ်လို Lock လုပ်ရမယ် ဆိုတာ အကြံတောင်းခဲ့ပါတယ်။

“ ဒါဟာ တကယ် မဖြစ်နိုင်ပါဘူး။ အသက် ၃ နှစ်အရွယ်ကလေးက Unlock လုပ်ရာမှာ အကြိမ်များစွာ မှားသွားတာပါ။ အကြံဉာဏ်ပေးပါဦး။ “ လို့ တွစ်တာမှာ ပို့စ်တင်ခဲ့ပါတယ်။ သူက အိုင်ပတ်ရဲ့ Unlock Screen ဓါတ်ပုံကိုလည်း ပြသထားပါတယ်။

သူ့ရဲ့ ပို့စ်ဟာ တွစ်တာမှာ ရီစရာ ဖြစ်ခဲ့ပြီး နောက်ပြောင်တဲ့ ကွန်းမန့်များလည်း ရခဲ့ပါတယ်။ လူတစ်ယောက်က ကျွန်တော်ဆိုရင် အဲဒီ အချိန်ကို စောင့်လိုက်မှာပါလို့ မန့်ထားပါတယ်။ ဒီလို Disabled iPad ကို ပြန်သုံးနိုင်ဖို့အတွက် ကွန်ပြူတာနဲ့ ချိတ်ပြီး iTunes ကနေ Force Restart ပြုလုပ်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.