Gadget Social Trending

လက္ေတြ႕ Call of Duty ေဆာ့ေနရသလိုပဲလို႕ဆိုတဲ့ Microsoft ရဲ႕ HoloLens အသံုးျပဳေနတဲ့ စစ္သားမ်ား

Zawgyi Version

Microsoft ဟာ ယူအက္စ္စစ္တပ္အတြက္ HoloLens augmented reality headset ေလးေတြကို ထုတ္လုပ္ဖို႕အတြက္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္ဆုိတာ သတင္းတင္ျပေပးခဲ့ဖူးတာမို႕ မွတ္မိဦးမယ္လို႕ ေမွ်ာ္လင့္ပါတယ္။ အဲဒီ headset ေလးေတြကို စစ္တပ္ရဲ႕ Integrated Visual Augmentation System (IVAS) နဲ႕ ေပါင္းစပ္ျပီး အသံုးျပဳႏုိင္ေအာင္ ဖန္တီးေပးဖို႕အတြက္ ေဒၚလာ၄၇၉မီလ်ံ ရခဲ့ပါတယ္။ လက္ရွိမွာေတာ့ prototype အဆင့္ပဲရွိေသးတာျဖစ္ေပမယ့္လည္း ပေရာဂ်က္စတင္ကတည္းက အေတာ္မ်ားမ်ားကို စမ္းသပ္ခြင့္ေတာ့ ေပးထားခဲ့တာမို႕ ဘာေတြလုပ္ႏုိင္သလဲဆုိတာကိုေတာ့ အထူးအေထြ ရွင္းျပေနစရာမလိုေတာ့ပါဘူး။

လက္ရွိမွာေတာ့ HoloLens 2 ရဲ႕ commercial version ကို အေျခခံျပီးထုတ္လုပ္ထားတဲ့ headset ေလးကို စစ္တပ္လက္ထဲကို ထည့္ေပးေနပါျပီ။ စစ္သားေတြနဲ႕ hands-on စမ္းသပ္မႈေတြ လုပ္ေဆာင္ေနၾကျပီျဖစ္ေပမယ့္လည္း စိတ္မေကာင္းစရာတစ္ခုကေတာ့ ရုပ္သံဖမ္းယူခြင့္ ေပးမထားပါဘူး။ ခံစားခ်က္က ဘယ္လိုေနသလဲလို႕ ေမးၾကည့္တဲ့အခါမွာ Call of Duty ကို တကယ္ေဆာ့ေနရသလိုပါပဲ။

IVAS ကေတာ့ heads-up display မွာ ၀တ္ဆင္သူ႕ရဲ႕ တည္ေနရာပါ၀င္ေနတဲ့ ငွက္မ်က္စိေျမပံုေလးနဲ႕ သံလိုက္အိမ္ေျမွာင္ေလးရဲ႕ ေတာင္ေျမာက္၀င္ရိုးေလးေတြ ပါ၀င္ေနျပီ။ အဖြဲ႕သားေတြရဲ႕ တည္ေနရာကိုလည္း ျပသေပးႏုိင္ပါတယ္။ တပ္ထားတဲ့ visor (မွန္) မွာလည္း စစ္သားေတြရဲ႕ ေသနတ္ခ်န္ထားတဲ့ေနရာကို ပစ္မွတ္အနီေလးျပသေပးႏုိင္ဦးမွာပါ။ အျပင္မွာေတာ့ headset ေလးဟာ လက္ရွိ HoloLens 2 နဲ႕ လံုး၀ဆင္တူပါတယ္။ ဒါေပမယ့္ အေပၚမွာတပ္ဆင္ထားတဲ့ FLIR thermal ကင္မရာက IVAS ေလးကို ညၾကည့္မွန္ေျပာင္းအေနနဲ႕လည္း လုပ္ေဆာင္ေပးႏုိင္ပါတယ္။

IVAS ဟာ လက္ရွိမွာ အလုပ္လုပ္ႏုိင္တဲ့အေနအထားထက္ concept ကုိ သက္ေသျပေနတဲ့အေနအထားသာ ရွိေနပါတယ္။ headset ေလးဟာ ၀တ္ဆင္ဖို႕အတြက္ ၾကီးမားေနတုန္းပါပဲ။ ဒါေပမယ့္လည္း လာမယ့္ႏွစ္ေတြမွာ စစ္သားေတြဟာလည္း နည္းပညာေတြနဲ႕ ရင္ဆုိင္တုိက္ခိုက္ရေတာ့မွာဆိုေတာ့ ၀တ္ရမွာ ရွက္မေနၾကေတာ့ပါဘူး။ စစ္တပ္ဟာ အခုေရ ၁၀၀ ၀၀၀ ေက်ာ္ ၀ယ္ဖုိ႕အတြက္ မွန္းထားပါတယ္။ ၂၀၂၂ခုႏွစ္မွာ စစ္သားေတြရဲ႕လက္ထဲကိုထည့္ေပးႏုိင္ဖို႕ ေမွ်ာ္မွန္းထားျပီး ၂၀၂၈ခုႏွစ္မွာ က်ယ္က်ယ္ျပန္႕ျပန္႕အသံုးျပဳသြားမွာပါ။

Unicode Version

Microsoft ဟာ ယူအက်စ်စစ်တပ်အတွက် HoloLens augmented reality headset လေးတွေကို ထုတ်လုပ်ဖို့အတွက် စာချုပ်ချုပ်ဆိုခဲ့တယ်ဆိုတာ သတင်းတင်ပြပေးခဲ့ဖူးတာမို့ မှတ်မိဦးမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီ headset လေးတွေကို စစ်တပ်ရဲ့ Integrated Visual Augmentation System (IVAS) နဲ့ ပေါင်းစပ်ပြီး အသုံးပြုနိုင်အောင် ဖန်တီးပေးဖို့အတွက် ဒေါ်လာ၄၇၉မီလျံ ရခဲ့ပါတယ်။ လက်ရှိမှာတော့ prototype အဆင့်ပဲရှိသေးတာဖြစ်ပေမယ့်လည်း ပရောဂျက်စတင်ကတည်းက အတော်များများကို စမ်းသပ်ခွင့်တော့ ပေးထားခဲ့တာမို့ ဘာတွေလုပ်နိုင်သလဲဆိုတာကိုတော့ အထူးအထွေ ရှင်းပြနေစရာမလိုတော့ပါဘူး။
လက်ရှိမှာတော့ HoloLens 2 ရဲ့ commercial version ကို အခြေခံပြီးထုတ်လုပ်ထားတဲ့ headset လေးကို စစ်တပ်လက်ထဲကို ထည့်ပေးနေပါပြီ။ စစ်သားတွေနဲ့ hands-on စမ်းသပ်မှုတွေ လုပ်ဆောင်နေကြပြီဖြစ်ပေမယ့်လည်း စိတ်မကောင်းစရာတစ်ခုကတော့ ရုပ်သံဖမ်းယူခွင့် ပေးမထားပါဘူး။ ခံစားချက်က ဘယ်လိုနေသလဲလို့ မေးကြည့်တဲ့အခါမှာ Call of Duty ကို တကယ်ဆော့နေရသလိုပါပဲ။
IVAS ကတော့ heads-up display မှာ ဝတ်ဆင်သူ့ရဲ့ တည်နေရာပါဝင်နေတဲ့ ငှက်မျက်စိမြေပုံလေးနဲ့ သံလိုက်အိမ်မြှောင်လေးရဲ့ တောင်မြောက်ဝင်ရိုးလေးတွေ ပါဝင်နေပြီ။ အဖွဲ့သားတွေရဲ့ တည်နေရာကိုလည်း ပြသပေးနိုင်ပါတယ်။ တပ်ထားတဲ့ visor (မှန်) မှာလည်း စစ်သားတွေရဲ့ သေနတ်ချန်ထားတဲ့နေရာကို ပစ်မှတ်အနီလေးပြသပေးနိုင်ဦးမှာပါ။ အပြင်မှာတော့ headset လေးဟာ လက်ရှိ HoloLens 2 နဲ့ လုံးဝဆင်တူပါတယ်။ ဒါပေမယ့် အပေါ်မှာတပ်ဆင်ထားတဲ့ FLIR thermal ကင်မရာက IVAS လေးကို ညကြည့်မှန်ပြောင်းအနေနဲ့လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။
IVAS ဟာ လက်ရှိမှာ အလုပ်လုပ်နိုင်တဲ့အနေအထားထက် concept ကို သက်သေပြနေတဲ့အနေအထားသာ ရှိနေပါတယ်။ headset လေးဟာ ဝတ်ဆင်ဖို့အတွက် ကြီးမားနေတုန်းပါပဲ။ ဒါပေမယ့်လည်း လာမယ့်နှစ်တွေမှာ စစ်သားတွေဟာလည်း နည်းပညာတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတော့မှာဆိုတော့ ဝတ်ရမှာ ရှက်မနေကြတော့ပါဘူး။ စစ်တပ်ဟာ အခုရေ ၁၀၀ ၀၀၀ ကျော် ဝယ်ဖို့အတွက် မှန်းထားပါတယ်။ ၂၀၂၂ခုနှစ်မှာ စစ်သားတွေရဲ့လက်ထဲကိုထည့်ပေးနိုင်ဖို့ မျှော်မှန်းထားပြီး ၂၀၂၈ခုနှစ်မှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသွားမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.