Smartphone Trending

Mi 9 /SE ထုတ္လုပ္မႈကို အရွိန္ျမွင့္လိုက္တဲ့ Xiaomi

Xiaomi ဟာ စြမ္းရည္ျမင့္မားၿပီး ၿပိဳင္ဖက္မ်ားထက္ ေစ်းႏႈန္း သက္သာတဲ့ Mi 9 ကို ေဖေဖာ္၀ါရီလမွာ စတင္ ေရာင္းခ်ေပးခဲ့ပါတယ္။ စတင္ ေရာင္းခ်ခဲ့တဲ့ လ ကတည္းက ေရာင္းအား အလြန္ကို ေကာင္းခဲ့ပါတယ္။ ကုမၸဏီက အကန္႔အသတ္နဲ႔ ေရာင္းခ်ေပးခဲ့ရပါတယ္။ အခုေတာ့ ေရွာင္မီရဲ႕ စီအီးအို လီဂြ်န္က Mi 9 /SE ထုတ္လုပ္မႈကို အရွိန္ျမွင့္လိုက္ၿပီလို႔ ၀ီဘိုမွာ ေရးသားထားပါတယ္။

တစ္လကို Mi 9 အလံုးေရ တစ္သန္းေက်ာ္ ထုတ္လုပ္ႏုိင္ၿပီလို႔ ေျပာပါတယ္။ ကုမၸဏီရဲ႕ စီအီးအို ျဖစ္သူ လီဂြ်န္က မတ္လ အေစာပိုင္း ထုတ္လုပ္မႈမွာ အခက္အခဲမ်ား ရွိခဲ့တယ္လို႔ ေျပာပါတယ္။ အခုေတာ့ စီအီးအို က အဲဒီ ျပႆနာကို ေျဖရွင္းႏိုင္ခဲ့ၿပီလို႔ ေျပာပါတယ္။

Xiaomi Mi 9 ကို ေဖေဖာ္၀ါရီလ ေႏွာင္းပိုင္းမွာ စတင္ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္က အလံုးေရ ၁ သန္း ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီအတြက္ တစ္လေလာက္ အတြင္းမွာ အလံုးေရ ၁ သန္းကို ေရာင္းခ်ႏုိင္ခဲ့တာပါ။ Mi 9 , Mi 9 SE နဲ႔ Mi 9 Explorer Edition မ်ား အားလံုးရဲ႕ စုစုေပါင္းေရာင္းအားဟာ ၁.၅ သန္း ေက်ာ္လာပါၿပီ။

ေရွာင္မီရဲ႕ ဖုန္းမ်ားဟာ စတင္ ေရာင္းခ်ခ်ိန္မွာ ေရာင္းအား ေကာင္းတဲ့ အစဥ္အလာ ရွိပါတယ္။ မၾကာခင္ကပဲ Redmi Note 7 ဟာ တစ္လအတြင္းမွာ အလံုးေရ ၁ သန္း ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ယခင္ႏွစ္ထုတ္ Mi 8 , Mi 8 SE , Mi 8 Explorer Edition မ်ားကလည္း ေရာင္းအားေကာင္းခဲ့ၿပီး သံုးပတ္အတြင္းမွာ အလံုးေရ ၁ သန္း ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ အလံုးေရ ၆ သန္းကို ေလးလအတြင္းေရာင္းခ်ႏုိင္ခဲ့ပါတယ္။

unicode

Mi 9 /SE ထုတ်လုပ်မှုကို အရှိန်မြှင့်လိုက်တဲ့ Xiaomi

Xiaomi ဟာ စွမ်းရည်မြင့်မားပြီး ပြိုင်ဖက်များထက် ဈေးနှုန်း သက်သာတဲ့ Mi 9 ကို ဖေဖော်ဝါရီလမှာ စတင် ရောင်းချပေးခဲ့ပါတယ်။ စတင် ရောင်းချခဲ့တဲ့ လ ကတည်းက ရောင်းအား အလွန်ကို ကောင်းခဲ့ပါတယ်။ ကုမ္ပဏီက အကန့်အသတ်နဲ့ ရောင်းချပေးခဲ့ရပါတယ်။ အခုတော့ ရှောင်မီရဲ့ စီအီးအို လီဂျွန်က Mi 9 /SE ထုတ်လုပ်မှုကို အရှိန်မြှင့်လိုက်ပြီလို့ ဝီဘိုမှာ ရေးသားထားပါတယ်။

တစ်လကို Mi 9 အလုံးရေ တစ်သန်းကျော် ထုတ်လုပ်နိုင်ပြီလို့ ပြောပါတယ်။ ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ လီဂျွန်က မတ်လ အစောပိုင်း ထုတ်လုပ်မှုမှာ အခက်အခဲများ ရှိခဲ့တယ်လို့ ပြောပါတယ်။ အခုတော့ စီအီးအို က အဲဒီ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီလို့ ပြောပါတယ်။

Xiaomi Mi 9 ကို ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ စတင် ရောင်းချခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က အလုံးရေ ၁ သန်း ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအတွက် တစ်လလောက် အတွင်းမှာ အလုံးရေ ၁ သန်းကို ရောင်းချနိုင်ခဲ့တာပါ။ Mi 9 , Mi 9 SE နဲ့ Mi 9 Explorer Edition များ အားလုံးရဲ့ စုစုပေါင်းရောင်းအားဟာ ၁.၅ သန်း ကျော်လာပါပြီ။

ရှောင်မီရဲ့ ဖုန်းများဟာ စတင် ရောင်းချချိန်မှာ ရောင်းအား ကောင်းတဲ့ အစဉ်အလာ ရှိပါတယ်။ မကြာခင်ကပဲ Redmi Note 7 ဟာ တစ်လအတွင်းမှာ အလုံးရေ ၁ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ယခင်နှစ်ထုတ် Mi 8 , Mi 8 SE , Mi 8 Explorer Edition များကလည်း ရောင်းအားကောင်းခဲ့ပြီး သုံးပတ်အတွင်းမှာ အလုံးရေ ၁ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ အလုံးရေ ၆ သန်းကို လေးလအတွင်းရောင်းချနိုင်ခဲ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.