အလင္းေရာင္မ်ားနဲ႔ ျခင္ေတြကို ဖမ္းေပးမယ့္ စက္

0
6

ျခင္မ်ားကို ႏွိမ္နင္းတဲ့ နည္းလမ္းမ်ားက ျခင္ေဆးေခြမ်ား၊ စပေရးဘူးမ်ားနဲ႔ ခရင္မ်ား ျဖစ္ပါတယ္။ ဒါ့အျပင္ ျခင္ေဆးမ်ားလည္း ျဖန္းၾကပါတယ္။ ဒါေပမယ့္ အဲဒီေဆးမ်ားဟာ ပတ္၀န္းက်င္ကို ညစ္ညမ္းေစၿပီး လူသားေတြရဲ႕ က်န္းမာေရးကို ထိခိုက္ေစပါတယ္။ ဒါ့အျပင္ ဒီနည္းလမ္းမ်ားက အခ်ိန္ခဏသာ ျခင္မ်ားကို ကာကြယ္ေပးပါတယ္။

အခုေတာ့ စမတ္က်တဲ့ ျခင္ဖမ္းစက္ေပၚလာပါၿပီ။ သူ႔ကို ဂ်ာမနီ လူမ်ိဳး အင္ဂ်င္နီယာ ႏွစ္ဦးက ဖန္တီးထားတာပါ။ သူ႔ရဲ႕ အမည္က Mosquitron ျဖစ္ၿပီး သူက ျခင္အျပင္ ယင္ေကာင္နဲ႔ အင္းဆက္ပိုးမႊားမ်ားကို ဖမ္းဆီး သတ္ျဖတ္ေပးႏိုင္ပါတယ္။ သူက ဓါတုေဗဒ ပစၥည္းမ်ားကို သံုးၿပီး ျခင္မ်ားကို သုတ္သင္ေပးတာ မဟုတ္ပါဘူး။

အလင္းေရာင္မ်ားနဲ႔  ျခင္မ်ားကို စြဲေဆာင္ၿပီး ဖမ္းဆီးေပးတာပါ။ ဖမ္းဆီးၿပီးရင္ ၂ မိနစ္အတြင္းမွာ ျခင္မ်ားကို အပူေပးၿပီး သတ္ေပးပါတယ္။ ျခင္ေသေတြကို ထည့္ထားတဲ့ ခြက္ကို အလြယ္တကူ ျဖဳတ္ယူၿပီး သြားပစ္ႏုိင္ပါတယ္။ သူ႔မွာ ဘက္ထရီလည္း ထည့္သြင္းထားျခင္း မရွိပါဘူး။ သူက ဆူညံသံမ်ားကိုလည္း ထုတ္လႊင့္ျခင္း မရွိပါဘူး။ သူ႔ကို အသံုးျပဳရတာလည္း လြယ္ကူပါတယ္။ ၈၉ ေဒၚလာ သတ္မွတ္ထားပါတယ္။

ျခင္မ်ားရဲ႕ တ၀ီ၀ီ အသံမ်ားေၾကာင့္ အိပ္စက္ရာမွာလည္း အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ ေရာဂါမ်ားစြာကိုလည္း ျဖစ္ေစပါတယ္။  ျခင္ကိုက္ရင္ အေရျပား ယားယံျခင္းမ်ား၊ အဖုမ်ားကိုလည္း ျဖစ္ေစပါတယ္။ Bill Gate ရဲ႕ သုေတသန စစ္တမ္းတစ္ခု အရ ျခင္မ်ားဟာ အျခား တိရိစာၦန္မ်ားထက္ လူမ်ားကို ပိုၿပီး ဒုကၡေပးပါတယ္။  ျခင္မ်ားေၾကာင့္ တစ္ႏွစ္လွ်င္ လူေသဆံုးမႈဟာ ၇၂၅ ၀၀၀ ေတာင္ ရွိေနပါတယ္။

unicode

အလင်းရောင်များနဲ့ ခြင်တွေကို ဖမ်းပေးမယ့် စက်

ခြင်များကို နှိမ်နင်းတဲ့ နည်းလမ်းများက ခြင်ဆေးခွေများ၊ စပရေးဘူးများနဲ့ ခရင်များ ဖြစ်ပါတယ်။ ဒါ့အပြင် ခြင်ဆေးများလည်း ဖြန်းကြပါတယ်။ ဒါပေမယ့် အဲဒီဆေးများဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ဒီနည်းလမ်းများက အချိန်ခဏသာ ခြင်များကို ကာကွယ်ပေးပါတယ်။

အခုတော့ စမတ်ကျတဲ့ ခြင်ဖမ်းစက်ပေါ်လာပါပြီ။ သူ့ကို ဂျာမနီ လူမျိုး အင်ဂျင်နီယာ နှစ်ဦးက ဖန်တီးထားတာပါ။ သူ့ရဲ့ အမည်က Mosquitron ဖြစ်ပြီး သူက ခြင်အပြင် ယင်ကောင်နဲ့ အင်းဆက်ပိုးမွှားများကို ဖမ်းဆီး သတ်ဖြတ်ပေးနိုင်ပါတယ်။ သူက ဓါတုဗေဒ ပစ္စည်းများကို သုံးပြီး ခြင်များကို သုတ်သင်ပေးတာ မဟုတ်ပါဘူး။

အလင်းရောင်များနဲ့ ခြင်များကို စွဲဆောင်ပြီး ဖမ်းဆီးပေးတာပါ။ ဖမ်းဆီးပြီးရင် ၂ မိနစ်အတွင်းမှာ ခြင်များကို အပူပေးပြီး သတ်ပေးပါတယ်။ ခြင်သေတွေကို ထည့်ထားတဲ့ ခွက်ကို အလွယ်တကူ ဖြုတ်ယူပြီး သွားပစ်နိုင်ပါတယ်။ သူ့မှာ ဘက်ထရီလည်း ထည့်သွင်းထားခြင်း မရှိပါဘူး။ သူက ဆူညံသံများကိုလည်း ထုတ်လွှင့်ခြင်း မရှိပါဘူး။ သူ့ကို အသုံးပြုရတာလည်း လွယ်ကူပါတယ်။ ၈၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

ခြင်များရဲ့ တဝီဝီ အသံများကြောင့် အိပ်စက်ရာမှာလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ ရောဂါများစွာကိုလည်း ဖြစ်စေပါတယ်။ ခြင်ကိုက်ရင် အရေပြား ယားယံခြင်းများ၊ အဖုများကိုလည်း ဖြစ်စေပါတယ်။ Bill Gate ရဲ့ သုတေသန စစ်တမ်းတစ်ခု အရ ခြင်များဟာ အခြား တိရိစ္ဆာန်များထက် လူများကို ပိုပြီး ဒုက္ခပေးပါတယ်။ ခြင်များကြောင့် တစ်နှစ်လျှင် လူသေဆုံးမှုဟာ ၇၂၅ ၀၀၀ တောင် ရှိနေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.