သင့္ ခႏၱာကိုယ္ အနံ႔နံေနတာကို အသိေပးႏိုင္မယ့္ iPhone 11

0
26

စမတ္ဖုန္းမ်ားဟာ ဖုန္းေျပာဖို႔ သက္သက္ မဟုတ္ေတာ့ပါဘူး။ ေန႔စဥ္ လူေနမႈဘ၀မ်ား၊ အလုပ္ကိစၥမ်ား၊ က်န္းမာေရး စသျဖင့္ လူေတြကို က႑ေပါင္းစံုကေန အက်ိဳးျပဳေနပါတယ္။ အခုလည္း သင့္ လူမႈပတ္၀န္းက်င္မွာ သင္ အရွက္မရေအာင္ ကာကြယ္ေပးမယ့္ Patent တစ္ခုကို Apple က မွတ္ပံုတင္လိုက္ပါတယ္။

အဲဒီ နည္းပညာက  ေလထုထဲက ဓါတုပစၥည္းမ်ားကို အာရံုခံႏုိင္ၿပီး အဲဒီကေန သင့္ ကိုယ္နံ႔နံေနသလား သို႔မဟုတ္ သင့္ ေခြ်းနံ႔နံေနသလား ဆိုတာကို အသိေပးမွာ ျဖစ္ပါတယ္။ Patent ရဲ႕ စိတ္၀င္စားစရာ အေကာင္းဆံုးက အနံ႔မ်ားကို ခြဲျခားႏုိင္ျခင္း ျဖစ္ပါတယ္။ သူက သင့္ ခံတြင္းနံ႔နံေနရင္၊ ေခြ်းနံ႔နံေနရင္ အသိေပးႏုိင္ပါတယ္။  ေလထုညစ္ညမ္းမႈမ်ားနဲ႔ အျခား အဆိပ္အေတာက္မ်ားကိုလည္း အာရံုခံႏုိင္ပါတယ္။

အဲဒီ နည္းပညာဟာ iPhone 11 နဲ႔ Apple Watch 5 တို႔မွာ ပါလာႏိုင္ပါတယ္။ ဒါေပမယ့္ ေသခ်ာေပါက္ေတာ့ မေျပာႏုိင္ေသးပါဘူး။ iPhone 11 ရဲ႕ သတင္းေတြကေတာ့အခုကတည္းက စတင္ ထြက္ေပၚလာပါၿပီ။ ထံုးစံအရ ဆိုရင္သူတို႔ကို စက္တင္ဘာလမွာ ေၾကညာမွာပါ။  ဂ်ပန္မွ Macotakara ၀က္ဘ္ဆိုက္ရဲ႕ သတင္းအရ Apple ရဲ႕ ေနာက္ထုတ္မယ့္ အုိင္ဖုန္းမွာ အျခား ကိရိယာမ်ားကို ႀကိဳးမဲ့ အားသြင္းေပးတဲ့ လုပ္ေဆာင္ခ်က္ ပါလာမယ္လို႔ သိရပါတယ္။ Macotakara က ဒီသတင္းကို Apple ရဲ႕ အစိတ္အပိုင္းမ်ားကို ထုတ္လုပ္ေပးတဲ့ တရုတ္ ကုမၸဏီမ်ားကေန ထြက္လာတယ္လုိ႔ေျပာပါတယ္။

XDA Developer ရဲ႕ Max Weinbach က ဒီႏွစ္မွာ ေၾကညာမယ့္ iPhone 11 ရဲ႕ မ်က္ႏွာျပင္ဟာ ေရေအာက္ထဲမွာေတာင္ ထိေတြ႕ အသံုးျပဳႏုိင္မယ္လို႔ မၾကာခင္က ေျပာပါတယ္။ စမတ္ဖုန္းမ်ားမွာ ေရစိုခံ စြမ္းရည္ ပါၾကေပမယ့္ မ်က္ႏွာျပင္ ေရစိုေနရင္ ထိေတြ႕ အသံုးျပဳလို႔ မရၾကပါဘူး။ Apple က ဒါကို ေတာ္လွန္ဆန္းသစ္ေတာ့မွာပါ။

CompareRaja က iPhone 11 မွာ 10MP TrueDepth Camera ပါလာမယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ iPhone XS, XR တို႔ရဲ႕ 7MP Camera ထက္ ပိုေကာင္းလာမွာ ျဖစ္ပါတယ္။ ပိုေကာင္းတဲ့ Selfie Photos , Face ID, Animoji မ်ားကို ဖန္တီးလာႏိုင္မွာ ျဖစ္ပါတယ္။ iPhone 11 မွာ အေနာက္ကင္မရာ သံုးလံုး ထည့္သြင္းထားမွာ ျဖစ္ၿပီး ႏွစ္္လံုးမွာ 14MP နဲ႔ 10MP မ်ား ျဖစ္ပါတယ္။ တတိယတစ္လံုးရဲ႕ Resolution ကို မသိရေသးပါဘူး။ Apple က Telephoto Lens ကို Standard Lens နဲ႔ MP Size တူေအာင္ ဖန္တီးေလ့ ရွိပါတယ္။ အဲဒီအတြက္ တတိယ တစ္လံုးဟာ 14MP ျဖစ္ႏိုင္ပါတယ္။

unicode

သင့် ခန္တာကိုယ် အနံ့နံနေတာကို အသိပေးနိုင်မယ့် iPhone 11

စမတ်ဖုန်းများဟာ ဖုန်းပြောဖို့ သက်သက် မဟုတ်တော့ပါဘူး။ နေ့စဉ် လူနေမှုဘဝများ၊ အလုပ်ကိစ္စများ၊ ကျန်းမာရေး စသဖြင့် လူတွေကို ကဏ္ဍပေါင်းစုံကနေ အကျိုးပြုနေပါတယ်။ အခုလည်း သင့် လူမှုပတ်ဝန်းကျင်မှာ သင် အရှက်မရအောင် ကာကွယ်ပေးမယ့် Patent တစ်ခုကို Apple က မှတ်ပုံတင်လိုက်ပါတယ်။

အဲဒီ နည်းပညာက လေထုထဲက ဓါတုပစ္စည်းများကို အာရုံခံနိုင်ပြီး အဲဒီကနေ သင့် ကိုယ်နံ့နံနေသလား သို့မဟုတ် သင့် ချွေးနံ့နံနေသလား ဆိုတာကို အသိပေးမှာ ဖြစ်ပါတယ်။ Patent ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးက အနံ့များကို ခွဲခြားနိုင်ခြင်း ဖြစ်ပါတယ်။ သူက သင့် ခံတွင်းနံ့နံနေရင်၊ ချွေးနံ့နံနေရင် အသိပေးနိုင်ပါတယ်။ လေထုညစ်ညမ်းမှုများနဲ့ အခြား အဆိပ်အတောက်များကိုလည်း အာရုံခံနိုင်ပါတယ်။

အဲဒီ နည်းပညာဟာ iPhone 11 နဲ့ Apple Watch 5 တို့မှာ ပါလာနိုင်ပါတယ်။ ဒါပေမယ့် သေချာပေါက်တော့ မပြောနိုင်သေးပါဘူး။ iPhone 11 ရဲ့ သတင်းတွေကတော့အခုကတည်းက စတင် ထွက်ပေါ်လာပါပြီ။ ထုံးစံအရ ဆိုရင်သူတို့ကို စက်တင်ဘာလမှာ ကြေညာမှာပါ။ ဂျပန်မှ Macotakara ဝက်ဘ်ဆိုက်ရဲ့ သတင်းအရ Apple ရဲ့ နောက်ထုတ်မယ့် အိုင်ဖုန်းမှာ အခြား ကိရိယာများကို ကြိုးမဲ့ အားသွင်းပေးတဲ့ လုပ်ဆောင်ချက် ပါလာမယ်လို့ သိရပါတယ်။ Macotakara က ဒီသတင်းကို Apple ရဲ့ အစိတ်အပိုင်းများကို ထုတ်လုပ်ပေးတဲ့ တရုတ် ကုမ္ပဏီများကနေ ထွက်လာတယ်လို့ပြောပါတယ်။

XDA Developer ရဲ့ Max Weinbach က ဒီနှစ်မှာ ကြေညာမယ့် iPhone 11 ရဲ့ မျက်နှာပြင်ဟာ ရေအောက်ထဲမှာတောင် ထိတွေ့ အသုံးပြုနိုင်မယ်လို့ မကြာခင်က ပြောပါတယ်။ စမတ်ဖုန်းများမှာ ရေစိုခံ စွမ်းရည် ပါကြပေမယ့် မျက်နှာပြင် ရေစိုနေရင် ထိတွေ့ အသုံးပြုလို့ မရကြပါဘူး။ Apple က ဒါကို တော်လှန်ဆန်းသစ်တော့မှာပါ။

CompareRaja က iPhone 11 မှာ 10MP TrueDepth Camera ပါလာမယ်လို့ ပြောပါတယ်။ အဲဒီအတွက် iPhone XS, XR တို့ရဲ့ 7MP Camera ထက် ပိုကောင်းလာမှာ ဖြစ်ပါတယ်။ ပိုကောင်းတဲ့ Selfie Photos , Face ID, Animoji များကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။ iPhone 11 မှာ အနောက်ကင်မရာ သုံးလုံး ထည့်သွင်းထားမှာ ဖြစ်ပြီး နှစ်လုံးမှာ 14MP နဲ့ 10MP များ ဖြစ်ပါတယ်။ တတိယတစ်လုံးရဲ့ Resolution ကို မသိရသေးပါဘူး။ Apple က Telephoto Lens ကို Standard Lens နဲ့ MP Size တူအောင် ဖန်တီးလေ့ ရှိပါတယ်။ အဲဒီအတွက် တတိယ တစ်လုံးဟာ 14MP ဖြစ်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.