လက္ေဗြရာ အတုနဲ႔ လွည့္စားခံလိုက္ရတဲ့ Samsung Galaxy S10

0
6

စမတ္ဖုန္းမ်ားရဲ႕ လက္ေဗြရာ အာရံုခံ ကိရိယာမ်ား နဲ႔ မ်က္ႏွာ အာရံုခံ နည္းပညာမ်ားကို ရာႏႈန္းျပည့္ ယံုၾကည္လို႔ မရပါဘူး။ ရဲမ်ားက လူသတ္သမားရဲ႕ ဖုန္းကို 3D Print နဲ႔ ေက်ာ္ျဖတ္ခ့ဲဖူးပါတယ္။ ဆိုက္ဘာ လံုျခံဳေရး အဖြဲ႕အစည္းတစ္ခုက ၂၀၁၇ ခုႏွစ္မွာ iPhone X ရဲ႕ Face ID ကို ေဒၚလာ ၁၅၀ တန္ မ်က္ႏွာဖံုးနဲ႔ ေက်ာ္ျဖတ္ျပခဲ့ဖူးပါတယ္။

အခုလည္း Galaxy S10 ပိုင္ရွင္တစ္ဦးက သူ႔ဖုန္းရဲ႕ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာကို 3D Print နဲ႔ ဖန္တီးထားတဲ့ လက္ေဗြရာ အတုနဲ႔ လွည့္စားႏိုင္တယ္ဆိုတာကို ေတြ႕ရွိသြားပါတယ္။ သူက လွည့္စားျပတာကို ရိုက္ကူးထားတဲ့ ဗီဒီယိုကို Imgur မွာ တင္ထားပါတယ္။ သူက သူ႔ရဲ႕ လက္ေဗြရာကို ဓါတ္ပံုရိုက္ၿပီး Photoshop မွာ Edit လုပ္ခဲ့ပါတယ္။ အဲဒီေနာက္မွာ 3D Printer ကို သံုးၿပီး လက္ေဗြရာ အတုကို ထုတ္လုပ္ခဲ့တာပါ။  ပရင့္ထုတ္တာ ၁၃ မိနစ္ၾကာျမင့္တယ္လို႔ သူက ေရးသားထားပါတယ္။ လက္ေဗြရာ အတုနဲ႔ လွည့္စားထားတဲ့ ဗီဒီယိုကို ဒီလင့္မွာ ၾကည့္ႏိုင္ပါတယ္။

Galaxy S10 မွာ ပါတဲ့ Ultrasonic Sensor ဟာ သမားရိုးက် Capacitive Fingerprint Sensor မ်ားထက္ ပိုၿပီး လံုျခံဳပါတယ္။ ဒါေပမယ့္လည္း လံုျခံဳေရး ဟာကြက္မ်ားက ရွိေနဆဲ ျဖစ္ပါတယ္။ အဲဒီအတြက္ ဖုန္းထဲမွာ ေငြေၾကး ဆိုင္ရာ App မ်ားကို ထည့္သြင္းထားသူမ်ားဟာ ဂရုစိုက္သင့္ပါတယ္။ စမတ္္ဖုန္း ထုတ္လုပ္သူမ်ားဟာ သူတို႔ရဲ႕ ကိရိယာမ်ား လံုျခံဳေစဖို႔ အဆင့္ျမင့္ လုပ္ေဆာင္ခ်က္မ်ားကို ထည့္သြင္းေနၾကပါတယ္။ လက္ေဗြရာနဲ႔ မ်က္ႏွာ အာရံုခံ နည္းပညာမ်ားကို ယေန႔ေခတ္ ဖုန္း အမ်ားစုမွာ ထည့္သြင္းထားၾကပါတယ္။ ဒါေပမယ့္လည္း အဲဒီ လံုျခံဳေရးမ်ားကို လွည့္စားႏိုင္တဲ့ နည္းလမ္းမ်ားလည္း အစဥ္အၿမဲထြက္ေပၚေနပါတယ္။

unicode

လက်ဗွေရာ အတုနဲ့ လှည့်စားခံလိုက်ရတဲ့ Samsung Galaxy S10

စမတ်ဖုန်းများရဲ့ လက်ဗွေရာ အာရုံခံ ကိရိယာများ နဲ့ မျက်နှာ အာရုံခံ နည်းပညာများကို ရာနှုန်းပြည့် ယုံကြည်လို့ မရပါဘူး။ ရဲများက လူသတ်သမားရဲ့ ဖုန်းကို 3D Print နဲ့ ကျော်ဖြတ်ခဲ့ဖူးပါတယ်။ ဆိုက်ဘာ လုံခြုံရေး အဖွဲ့အစည်းတစ်ခုက ၂၀၁၇ ခုနှစ်မှာ iPhone X ရဲ့ Face ID ကို ဒေါ်လာ ၁၅၀ တန် မျက်နှာဖုံးနဲ့ ကျော်ဖြတ်ပြခဲ့ဖူးပါတယ်။

အခုလည်း Galaxy S10 ပိုင်ရှင်တစ်ဦးက သူ့ဖုန်းရဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို 3D Print နဲ့ ဖန်တီးထားတဲ့ လက်ဗွေရာ အတုနဲ့ လှည့်စားနိုင်တယ်ဆိုတာကို တွေ့ရှိသွားပါတယ်။ သူက လှည့်စားပြတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို Imgur မှာ တင်ထားပါတယ်။ သူက သူ့ရဲ့ လက်ဗွေရာကို ဓါတ်ပုံရိုက်ပြီး Photoshop မှာ Edit လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ 3D Printer ကို သုံးပြီး လက်ဗွေရာ အတုကို ထုတ်လုပ်ခဲ့တာပါ။ ပရင့်ထုတ်တာ ၁၃ မိနစ်ကြာမြင့်တယ်လို့ သူက ရေးသားထားပါတယ်။ လက်ဗွေရာ အတုနဲ့ လှည့်စားထားတဲ့ ဗီဒီယိုကို ဒီလင့္မွာ ၾကည့္ႏုိင္ပါတယ္။

alaxy S10 မှာ ပါတဲ့ Ultrasonic Sensor ဟာ သမားရိုးကျ Capacitive Fingerprint Sensor များထက် ပိုပြီး လုံခြုံပါတယ်။ ဒါပေမယ့်လည်း လုံခြုံရေး ဟာကွက်များက ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီအတွက် ဖုန်းထဲမှာ ငွေကြေး ဆိုင်ရာ App များကို ထည့်သွင်းထားသူများဟာ ဂရုစိုက်သင့်ပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူများဟာ သူတို့ရဲ့ ကိရိယာများ လုံခြုံစေဖို့ အဆင့်မြင့် လုပ်ဆောင်ချက်များကို ထည့်သွင်းနေကြပါတယ်။ လက်ဗွေရာနဲ့ မျက်နှာ အာရုံခံ နည်းပညာများကို ယနေ့ခေတ် ဖုန်း အများစုမှာ ထည့်သွင်းထားကြပါတယ်။ ဒါပေမယ့်လည်း အဲဒီ လုံခြုံရေးများကို လှည့်စားနိုင်တဲ့ နည်းလမ်းများလည်း အစဉ်အမြဲထွက်ပေါ်နေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.