Smartphone Trending

ဆယ္ေက်ာ္သက္ေတြ ဖုန္း၊ တက္ဘလက္ အၾကည့္မ်ားလည္း က်န္းမာေရး မထိခိုက္ဘူးလို႔ စစ္တမ္းက ေဖာ္ျပ

ဆယ္ေက်ာ္သက္ေတြ ဖုန္း၊ တက္ဘလက္ အၾကည့္မ်ားလည္း က်န္းမာေရး မထိခိုက္ဘူးလို႔ စစ္တမ္းအသစ္တစ္ခုက ေဖာ္ျပ လိုက္ပါတယ္။ အဲဒီ စစ္တမ္းဟာ လူေတြအၾကားမွာ အျငင္းပြားစရာ ျဖစ္လာပါတယ္။ ေအာက္စဖို႔ဒ္ တကၠသိုလ္မွ သုေတသီမ်ားက ေန႔ေရာ ညဘက္မွာပါ ဖုန္း၊ တက္ဘလက္ ၾကည့္တာဟာ ဆယ္ေက်ာ္သက္ေတြရဲ႕ က်န္းမာေရးကို မထိခိုက္ဘူးလို႔ ေျပာပါတယ္။

အရင္ စစ္တမ္းေတြက ဖုန္းအၾကည့္မ်ားျခင္းဟာ စိတ္က်န္းမာေရး အပါအ၀င္ က်န္းမာေရး ဆိုးက်ိဳးမ်ားစြာ ရွိတယ္လို႔ ေဖာ္ျပခဲ့ၾကတာ ျဖစ္ပါတယ္။ အိပ္ယာ မ၀င္ခင္မွာ ဖုန္းၾကည့္ျခင္းဟာ အိပ္စက္မႈကို ထိခိုက္ေစတယ္လို႔ အရင္က ေျပာခဲ့ၾကဖူးပါတယ္။ အခု စစ္တမ္း အသစ္က အဲဒါေတြဟာ ဘာျပႆနာမွ မရွိဘူးလို႔ ေျပာပါတယ္။

ေအာက္စဖုိ႔ဒ္ တကၠသိုလ္က သုေတသီမ်ားက ၂၀၁၁ နဲ႔ ၂၀၁၅ ခုႏွစ္အၾကားမွာ ၿဗိတိန္နဲ႔ အေမရိကန္မွ အသက္ ၉ ႏွစ္ကေန ၁၅ ႏွစ္အၾကားမွ လူငယ္ေပါင္း ၁၇ ၀၀၀ ေက်ာ္ကို စစ္တမ္းျပဳစုခဲ့တာ ျဖစ္ပါတယ္။ အဲဒီ လူငယ္ေတြရဲ႕ စကရင္ၾကည့္တဲ့ အခ်ိန္မ်ားနဲ႔ က်န္းမာေရးမ်ားကို စစ္ေဆးခဲ့ၾကပါတယ္။

ေအာက္စဖို႔ဒ္မွ စိတ္ပညာဌာနမွ ေဒါက္တာ ေအမီအိုဘင္က “ဒီေန႔ေခတ္မွာ လူေတြရဲ႕ ေန႔စဥ္လူေနမႈဘ၀နဲ႔ လုပ္ငန္းမ်ားမွာ စကရင္ပါတဲ့ အီလက္ထေရာနစ္ ကိရိယာမ်ားကို တြင္က်ယ္စြာ အသံုးျပဳေနၾကပါတယ္။ အဲဒီအတြက္ စကရင္ကို အလြန္အမင္း ၾကည့္တာဟာ ကိုယ္နဲ႔ စိတ္က်န္းမာေရးကို ထိခိုက္ေစသလားဆိုတာကို တိက်စြာ ေလ့လာဖို႔ လိုအပ္ပါတယ္။ စကရင္ အၾကည့္မ်ားတာနဲ႔ က်န္းမာေရး ထိခိုက္တာဟာ အနည္းငယ္သာ ဆက္စပ္မႈ ရွိတယ္လို႔ ေတြ႕ရွိခဲ့တယ္လို႔ ေျပာပါတယ္။

unicode

ဆယ်ကျော်သက်တွေ ဖုန်း၊ တက်ဘလက် အကြည့်များလည်း ကျန်းမာရေး မထိခိုက်ဘူးလို့ စစ်တမ်းက ဖော်ပြ

ဆယ်ကျော်သက်တွေ ဖုန်း၊ တက်ဘလက် အကြည့်များလည်း ကျန်းမာရေး မထိခိုက်ဘူးလို့ စစ်တမ်းအသစ်တစ်ခုက ဖော်ပြ လိုက်ပါတယ်။ အဲဒီ စစ်တမ်းဟာ လူတွေအကြားမှာ အငြင်းပွားစရာ ဖြစ်လာပါတယ်။ အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသီများက နေ့ရော ညဘက်မှာပါ ဖုန်း၊ တက်ဘလက် ကြည့်တာဟာ ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေးကို မထိခိုက်ဘူးလို့ ပြောပါတယ်။

အရင် စစ်တမ်းတွေက ဖုန်းအကြည့်များခြင်းဟာ စိတ်ကျန်းမာရေး အပါအဝင် ကျန်းမာရေး ဆိုးကျိုးများစွာ ရှိတယ်လို့ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ အိပ်ယာ မဝင်ခင်မှာ ဖုန်းကြည့်ခြင်းဟာ အိပ်စက်မှုကို ထိခိုက်စေတယ်လို့ အရင်က ပြောခဲ့ကြဖူးပါတယ်။ အခု စစ်တမ်း အသစ်က အဲဒါတွေဟာ ဘာပြဿနာမှ မရှိဘူးလို့ ပြောပါတယ်။

အောက်စဖို့ဒ် တက္ကသိုလ်က သုတေသီများက ၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်အကြားမှာ ဗြိတိန်နဲ့ အမေရိကန်မှ အသက် ၉ နှစ်ကနေ ၁၅ နှစ်အကြားမှ လူငယ်ပေါင်း ၁၇ ၀၀၀ ကျော်ကို စစ်တမ်းပြုစုခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လူငယ်တွေရဲ့ စကရင်ကြည့်တဲ့ အချိန်များနဲ့ ကျန်းမာရေးများကို စစ်ဆေးခဲ့ကြပါတယ်။

အောက်စဖို့ဒ်မှ စိတ်ပညာဌာနမှ ဒေါက်တာ အေမီအိုဘင်က “ဒီနေ့ခေတ်မှာ လူတွေရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ လုပ်ငန်းများမှာ စကရင်ပါတဲ့ အီလက်ထရောနစ် ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။ အဲဒီအတွက် စကရင်ကို အလွန်အမင်း ကြည့်တာဟာ ကိုယ်နဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေသလားဆိုတာကို တိကျစွာ လေ့လာဖို့ လိုအပ်ပါတယ်။ စကရင် အကြည့်များတာနဲ့ ကျန်းမာရေး ထိခိုက်တာဟာ အနည်းငယ်သာ ဆက်စပ်မှု ရှိတယ်လို့ တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.