Smartphone Trending

10x Zoom ပါတဲ့ OPPO Reno ကို ၂၄ ရက္မွာ မိတ္ဆက္မည္

OPPO Reno စမတ္ဖုန္းရဲ႕ သတင္းမ်ား မၾကာခဏ ထြက္ေပၚေနပါတယ္။ အခုေတာ့ သူ႔ကို တရား၀င္ ေၾကညာမယ့္ အခ်ိန္ကို ကုမၸဏီက ေျပာလိုက္ပါၿပီ။ ဇူးရစ္မွာ ၂၄ ရက္မွာ ေၾကညာမွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ အေကာင္းဆံုး စြမ္းရည္တစ္ခုက 10x Zoom ျဖစ္ပါတယ္။ သူ႔မွာ 5G ဆက္သြယ္မႈလည္း ပါလာမွာ ျဖစ္ပါတယ္။

သူ႔မွာ အေနာက္ကင္မရာ ၂ လံုး ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ တစ္လံုးက 48MP ျဖစ္ပါတယ္။ အေရွ႕ ကင္မရာက 16MP ျဖစ္ပါတယ္။ 50W Fast Charging ပါတဲ့ 4000mAh Battery ပါလာမွာပါ။ မ်က္ႏွာျပင္ေအာက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ပါလာႏုိင္ပါတယ္။

စမတ္ဖုန္းထုတ္လုပ္သူေတြဟာ Notch ပါတဲ့ စခရင္အျပည့္ဖုန္းေတြ ထုတ္ေနသလို၊ အဆိုပါ Notch ကိုပဲ ေဖ်ာက္ပစ္ဖို႔ နည္းလမ္းေတြ စဥ္းစားေနၾကပါတယ္။ အခုေနာက္ပိုင္းမွာ Notch မပါေတာ့ဘဲ ကိုယ္ထည္တြင္းကထြက္လာတဲ့ Pop-up ကင္မရာဒီဇိုင္းနဲ႔ ဖုန္းေတြ ၊ ကင္မရာအတြက္ Display ကို အေပါက္ေဖာက္ထားတဲ့ ဖုန္းေတြကို ေတြ႕ျမင္လာရၿပီ ျဖစ္ပါတယ္။

Notch အစား Pop-up ကင္မရာကို စမ္းသပ္သုံးစြဲခဲ့တဲ့ ကုမၸဏီတခုျဖစ္တဲ့ OPPO က ယခုအခါ ထူးဆန္းတဲ့ Pop-up ကင္မရာဒီဇိုင္းအသစ္နဲ႔ ဖုန္းတမ်ိဳးကို လုပ္ေဆာင္ေနပါတယ္။ OPPO ကေန အသစ္မိတ္ဆက္မယ့္ Reno စီးရီးအသစ္မွာ ပါဝင္လာဖို႔ ရွိပါတယ္။ OPPO F11 Pro, Vivo V15 Pro တို႔က Pop-up ကင္မရာနဲ႔ ကြာျခားတာကေတာ့ ေဒါင္လိုက္ တပ္လာမယ့္ ဒီဇိုင္းမဟုတ္ဘဲ၊ ဖုန္းကိုယ္ထည္အေပၚကေန သပ္ ပုံစံ တေစာင္း ထြက္လာမယ့္ Pop-up ကင္မရာ ဒီဇိုင္းျဖစ္ပါတယ္။

unicode

10x Zoom ပါတဲ့ OPPO Reno ကို ၂၄ ရက်မှာ မိတ်ဆက်မည်

OPPO Reno စမတ်ဖုန်းရဲ့ သတင်းများ မကြာခဏ ထွက်ပေါ်နေပါတယ်။ အခုတော့ သူ့ကို တရားဝင် ကြေညာမယ့် အချိန်ကို ကုမ္ပဏီက ပြောလိုက်ပါပြီ။ ဇူးရစ်မှာ ၂၄ ရက်မှာ ကြေညာမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အကောင်းဆုံး စွမ်းရည်တစ်ခုက 10x Zoom ဖြစ်ပါတယ်။ သူ့မှာ 5G ဆက်သွယ်မှုလည်း ပါလာမှာ ဖြစ်ပါတယ်။

သူ့မှာ အနောက်ကင်မရာ ၂ လုံး ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ တစ်လုံးက 48MP ဖြစ်ပါတယ်။ အရှေ့ ကင်မရာက 16MP ဖြစ်ပါတယ်။ 50W Fast Charging ပါတဲ့ 4000mAh Battery ပါလာမှာပါ။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာနိုင်ပါတယ်။

စမတ်ဖုန်းထုတ်လုပ်သူတွေဟာ Notch ပါတဲ့ စခရင်အပြည့်ဖုန်းတွေ ထုတ်နေသလို၊ အဆိုပါ Notch ကိုပဲ ဖျောက်ပစ်ဖို့ နည်းလမ်းတွေ စဉ်းစားနေကြပါတယ်။ အခုနောက်ပိုင်းမှာ Notch မပါတော့ဘဲ ကိုယ်ထည်တွင်းကထွက်လာတဲ့ Pop-up ကင်မရာဒီဇိုင်းနဲ့ ဖုန်းတွေ ၊ ကင်မရာအတွက် Display ကို အပေါက်ဖောက်ထားတဲ့ ဖုန်းတွေကို တွေ့မြင်လာရပြီ ဖြစ်ပါတယ်။

Notch အစား Pop-up ကင်မရာကို စမ်းသပ်သုံးစွဲခဲ့တဲ့ ကုမ္ပဏီတခုဖြစ်တဲ့ OPPO က ယခုအခါ ထူးဆန်းတဲ့ Pop-up ကင်မရာဒီဇိုင်းအသစ်နဲ့ ဖုန်းတမျိုးကို လုပ်ဆောင်နေပါတယ်။ OPPO ကနေ အသစ်မိတ်ဆက်မယ့် Reno စီးရီးအသစ်မှာ ပါဝင်လာဖို့ ရှိပါတယ်။ OPPO F11 Pro, Vivo V15 Pro တို့က Pop-up ကင်မရာနဲ့ ကွာခြားတာကတော့ ဒေါင်လိုက် တပ်လာမယ့် ဒီဇိုင်းမဟုတ်ဘဲ၊ ဖုန်းကိုယ်ထည်အပေါ်ကနေ သပ် ပုံစံ တစောင်း ထွက်လာမယ့် Pop-up ကင်မရာ ဒီဇိုင်းဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.