အႏိုင္ရသူေတြကို စီးရီး ထုတ္ေပးမယ့္ သီခ်င္းဆို ၿပိဳင္ပြဲကို TikTok ျပဳလုပ္

0
27

TikTok Post အမ်ားစုမွာ ေနာက္ခံ သီခ်င္းမ်ား ပါပါတယ္။ ဟာသ ၊ မီမီ၊ အႏုပညာျပခ်က္ စသျဖင့္ ဘယ္လို ပို႔စ္မ်ိဳးမွာ မဆို ေနာက္ခံ ဂီတမ်ား ပါပါတယ္။ အဲဒီ ပလက္ေဖာင္းဟာ အေစာပိုင္းက  Lip Sync ျပဳလုပ္ဖို႔ ဖန္တီးခဲ့တာပါ။ အခုေနာက္ပိုင္းမွာေတာ့ သီခ်င္းဆိုျခင္း၊ သရုပ္ေဆာင္ျခင္းမ်ားကိုပါ ျပဳလုပ္ေနၾကပါတယ္။

အခုေတာ့ ကုမၸဏီက သီခ်င္းဆို ၿပိဳင္ပြဲ တစ္ခုကို က်င္းပျပဳလုပ္ေပးေတာ့မွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ အစီအစဥ္ကို Spotlight လို႔ အမည္ေပးထားပါတယ္။ App ရဲ႕ သီးျခား Channel တစ္ခုမွာ ၀ါသနာရွင္မ်ားက သူတို႔ရဲ႕ သီခ်င္းမ်ားကို Upload ျပဳလုပ္ႏိုင္ပါတယ္။ ပထမဆံုး အေနနဲ႔ လူေပါင္း ၁၀၀ ကို ေရြးခ်ယ္မွာပါ။ ဖိုင္နယ္ အဆင့္မွာ ၁၈ ေယာက္ကို ေရြးခ်ယ္မွာပါ။ ေနာက္ဆံုး ငါးေယာက္ကေန ဆယ္ေယာက္ကို သီခ်င္းေခြ ထုတ္ေပးျခင္းနဲ႔ အျခား ဆုမ်ားကို ခ်ီးျမွင့္မွာ ျဖစ္ပါတယ္။

လူအႀကိဳက္ဆံုး သီခ်င္းမ်ားကို အႏိုင္ေပးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ နာမည္ေက်ာ္ ေတးေရးဆရာမ်ား၊ အႏုပညာရွင္မ်ား၊ ထုတ္လုပ္သူမ်ားရဲ႕ အမွတ္ေပးမႈမ်ားလည္း ပါ၀င္မွာ ျဖစ္ပါတယ္။ လက္ရွိမွာ ဂ်ပန္နဲ႔ ကိုရီးယားမွာ ဒီအစီအစဥ္ကို စတင္ ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။ Spotlight ဟာ ဂ်ပန္နဲ႔ ကိုရီးယားမွာ ေအာင္ျမင္ရင္ TikTok အသံုးျပဳသူ သန္းေပါင္းမ်ားစြာ ရွိတဲ့ အေမရိကန္အတြက္လည္း ၿပိဳင္ပြဲမ်ား ျပဳလုပ္ေပးလာႏုိင္ပါတယ္။  

TikTok က စီးရီး ထုတ္လုပ္သူ ၂၁ ခုနဲ႔ ပူးေပါင္းထားတယ္လို႔ ေျပာပါတယ္။ အႏုိင္ရသူမ်ားဟာ ဂီတနယ္ပယ္မွ ဒိတ္ဒိတ္ၾကဲမ်ားရဲ႕ ဦးေဆာင္လမ္းျပမႈမ်ားကို ခံယူႏိုင္မယ့္ အခြင့္အလမ္းမ်ား ရွိေနပါတယ္။

unicode

အနိုင်ရသူတွေကို စီးရီး ထုတ်ပေးမယ့် သီချင်းဆို ပြိုင်ပွဲကို TikTok ပြုလုပ်

TikTok Post အများစုမှာ နောက်ခံ သီချင်းများ ပါပါတယ်။ ဟာသ ၊ မီမီ၊ အနုပညာပြချက် စသဖြင့် ဘယ်လို ပို့စ်မျိုးမှာ မဆို နောက်ခံ ဂီတများ ပါပါတယ်။ အဲဒီ ပလက်ဖောင်းဟာ အစောပိုင်းက Lip Sync ပြုလုပ်ဖို့ ဖန်တီးခဲ့တာပါ။ အခုနောက်ပိုင်းမှာတော့ သီချင်းဆိုခြင်း၊ သရုပ်ဆောင်ခြင်းများကိုပါ ပြုလုပ်နေကြပါတယ်။

အခုတော့ ကုမ္ပဏီက သီချင်းဆို ပြိုင်ပွဲ တစ်ခုကို ကျင်းပပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ အစီအစဉ်ကို Spotlight လို့ အမည်ပေးထားပါတယ်။ App ရဲ့ သီးခြား Channel တစ်ခုမှာ ဝါသနာရှင်များက သူတို့ရဲ့ သီချင်းများကို Upload ပြုလုပ်နိုင်ပါတယ်။ ပထမဆုံး အနေနဲ့ လူပေါင်း ၁၀၀ ကို ရွေးချယ်မှာပါ။ ဖိုင်နယ် အဆင့်မှာ ၁၈ ယောက်ကို ရွေးချယ်မှာပါ။ နောက်ဆုံး ငါးယောက်ကနေ ဆယ်ယောက်ကို သီချင်းခွေ ထုတ်ပေးခြင်းနဲ့ အခြား ဆုများကို ချီးမြှင့်မှာ ဖြစ်ပါတယ်။

လူအကြိုက်ဆုံး သီချင်းများကို အနိုင်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကျော် တေးရေးဆရာများ၊ အနုပညာရှင်များ၊ ထုတ်လုပ်သူများရဲ့ အမှတ်ပေးမှုများလည်း ပါဝင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဂျပန်နဲ့ ကိုရီးယားမှာ ဒီအစီအစဉ်ကို စတင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Spotlight ဟာ ဂျပန်နဲ့ ကိုရီးယားမှာ အောင်မြင်ရင် TikTok အသုံးပြုသူ သန်းပေါင်းများစွာ ရှိတဲ့ အမေရိကန်အတွက်လည်း ပြိုင်ပွဲများ ပြုလုပ်ပေးလာနိုင်ပါတယ်။

TikTok က စီးရီး ထုတ်လုပ်သူ ၂၁ ခုနဲ့ ပူးပေါင်းထားတယ်လို့ ပြောပါတယ်။ အနိုင်ရသူများဟာ ဂီတနယ်ပယ်မှ ဒိတ်ဒိတ်ကြဲများရဲ့ ဦးဆောင်လမ်းပြမှုများကို ခံယူနိုင်မယ့် အခွင့်အလမ်းများ ရှိနေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.