Enterprise Social Trending

Google ရဲ႕ ထိပ္တန္းကၽြမ္းက်င္ပညာရွင္ေတြကို AI အဖြဲ႕ထဲ၀င္ဖို႕အတြက္ မက္လံုးေပးေနတဲ့ Apple

Zawgyi Version

Apple က Google ရဲ႕၀န္ထမ္းေဟာင္း John Giannandrea ကို Machine Learning and Artificial Intelligence Strategy ရဲ႕ စီနီယာ VP အျဖစ္နဲ႕ ခန္႕ထားျပီးေနာက္မွာေတာ့ AI ဘက္ကို ပိုျပီးအေလးထားလုပ္ေဆာင္ေနခဲ့တာပါ။ အခုဆိုရင္ ေနာက္ထပ္လူေတြကိုလည္း ရႏုိင္သေလာက္ဆြဲေခၚခ်င္ေနတဲ့ပံုပါပဲ။ ျပီးခဲ့တဲ့လတုန္းက Ian Goodfellow ကို Machine Learning ရဲ႕ ဒါရုိက္တာအျဖစ္နဲ႕ ခန္႕ထားခဲ့ပါေသးတယ္။

Goodfellow ဟာ ၂၀၁၃ ကေန ၂၀၁၆ အထိ Google မွာ အလုပ္လုပ္ခဲ့ျပီးေတာ့ ၂၀၁၇ နဲ႕ ၂၀၁၉မွာလည္း လုပ္ခဲ့ပါတယ္။ မထြက္ခင္ငါးလအထိဆိုရင္ Research Scientist ရဲ႕ စီနီယာ၀န္ထမ္းေနရာကို ေရာက္လာခဲ့ပါတယ္။ သူဟာ Elon Musk ရဲ႕ OpenAI မွာလည္း ၂၀၁၆ကေန ၂၀၁၇အထိ အားျဖည့္ပါ၀င္ခဲ့သူပါ။

အေရးပါတာတစ္ခုကေတာ့ Goodfellow ဟာ generative adversarial network or GAN လို႕ေခၚတဲ့ machine learning training နည္းလမ္းကို ဖန္တီးခဲ့သူလည္း ျဖစ္ပါတယ္။ ဒီနည္းလမ္းဟာ neural network ႏွစ္ခုကို အသံုးျပဳျပီးေတာ့ ဓါတ္ပံုနဲ႕ ဗြီဒီယိုေတြကို အစစ္လို႕ထင္ရေအာင္ ထုတ္လုပ္ေပးႏုိင္ပါတယ္။ AI-generated fake porn ေတြမွာလည္း အသံုးျပဳႏုိင္တဲ့အေနအထားျဖစ္ပါတယ္။

AI ကၽြမ္းက်င္သူေတြကေတာ့ သူ႕ရဲ႕ေနရာကို မေျပာလိုေပမယ့္လည္း Apple မွာအလုပ္လုပ္ေနေၾကာင္းကိုေတာ့ LinkedIn မွာ တင္ထားပါတယ္။ Apple ရဲ႕ Special Projects Group ကေတာ့ မ်ိဳးဆက္သစ္ ထုတ္ကုန္ေတြနဲ႕ ဆားဗစ္ေတြကို ဖန္တီးေပးေတာ့မွာပါ။

Unicode Version

Apple က Google ရဲ့ဝန်ထမ်းဟောင်း John Giannandrea ကို Machine Learning and Artificial Intelligence Strategy ရဲ့ စီနီယာ VP အဖြစ်နဲ့ ခန့်ထားပြီးနောက်မှာတော့ AI ဘက်ကို ပိုပြီးအလေးထားလုပ်ဆောင်နေခဲ့တာပါ။ အခုဆိုရင် နောက်ထပ်လူတွေကိုလည်း ရနိုင်သလောက်ဆွဲခေါ်ချင်နေတဲ့ပုံပါပဲ။ ပြီးခဲ့တဲ့လတုန်းက Ian Goodfellow ကို Machine Learning ရဲ့ ဒါရိုက်တာအဖြစ်နဲ့ ခန့်ထားခဲ့ပါသေးတယ်။
Goodfellow ဟာ ၂၀၁၃ ကနေ ၂၀၁၆ အထိ Google မှာ အလုပ်လုပ်ခဲ့ပြီးတော့ ၂၀၁၇ နဲ့ ၂၀၁၉မှာလည်း လုပ်ခဲ့ပါတယ်။ မထွက်ခင်ငါးလအထိဆိုရင် Research Scientist ရဲ့ စီနီယာဝန်ထမ်းနေရာကို ရောက်လာခဲ့ပါတယ်။ သူဟာ Elon Musk ရဲ့ OpenAI မှာလည်း ၂၀၁၆ကနေ ၂၀၁၇အထိ အားဖြည့်ပါဝင်ခဲ့သူပါ။
အရေးပါတာတစ်ခုကတော့ Goodfellow ဟာ generative adversarial network or GAN လို့ခေါ်တဲ့ machine learning training နည်းလမ်းကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ neural network နှစ်ခုကို အသုံးပြုပြီးတော့ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို အစစ်လို့ထင်ရအောင် ထုတ်လုပ်ပေးနိုင်ပါတယ်။ AI-generated fake porn တွေမှာလည်း အသုံးပြုနိုင်တဲ့အနေအထားဖြစ်ပါတယ်။
AI ကျွမ်းကျင်သူတွေကတော့ သူ့ရဲ့နေရာကို မပြောလိုပေမယ့်လည်း Apple မှာအလုပ်လုပ်နေကြောင်းကိုတော့ LinkedIn မှာ တင်ထားပါတယ်။ Apple ရဲ့ Special Projects Group ကတော့ မျိုးဆက်သစ် ထုတ်ကုန်တွေနဲ့ ဆားဗစ်တွေကို ဖန်တီးပေးတော့မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.